Spots news

ဒီဂျောင်နဲ့ ဗန်ဒီဘိခ်ကို ကွင်းလယ်မှာ တွဲပေးဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ဘာစီလိုနာ

Unicode Version

ရလဒ်‌တွေ ဆိုးရွာနေကာ နည်းပြ ကိုးမန်းကိုလဲ ရာထူးကနေ ထုတ်ပယ်ထားတဲ့ ဘာစီလိုနာအသင်းဟာ အသင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် မန်ယူနိုက်တက်အသင်းမှာ ပွဲထွက်ခွင့် မရရှိတဲ့ နယ်သာလန် ကွင်းလယ်ကြယ်ပွင့် ဒွန်နီဗန်ဒီဘိခ်ကို ဇန်နဝါရီမှာ အငှား ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။

နယ်သာလန် ကြယ်ပွင့် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ၂၀၂ဝခုနှစ်မှာပဲ အေဂျက်စ်ကနေ ယူနိုက်တက် အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့အတူ ဒုတိယမြောက် ရာသီကို ဖြတ်သန်းနေရပေမယ့် အသင်းမှာ နေရာရဖို့က ခက်ခဲနေရသလို ဒီနှစ်ရာသီအတွင်းမှာလည်း အခုချိန်ထိ ၃ ပွဲသာ ကစားထားရတာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ မိနစ်သာ ပါဝင်ထားခဲ့ရတဲ့ ဗန်ဒီဘိခ်ဟာ ဒီလိုအခြေအနေမှာ အသင်းနဲ့ ဆက်လက် လက်မတွဲချင်တော့ပဲ လာမယ့် ဆောင်းစျေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာချင် တာဖြစ်လို့ ဒီကစားသမားကို ကလပ်အသင်း များစွာကနေ ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

နယ်သာလန် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အဲဗာတန် နယူးကာဆယ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြသလို ဒီရာသီမှာ ရုန်းကန်လို့နေရတဲ့ စပိန်လာလီဂါရဲ့ ထိပ်တန်းကလပ်အသင်းကြီး ဘာစီလိုနာကပါ ပစ်မှတ်ထားလာခဲ့တယ်လို့ စပိန် အခြေစိုက် သတင်းမီဒီယာများ ကနေ ဖော်ပြလာပါတယ်။

လီယွန်နယ်မက်ဆီ ဂရဇ်မန်းတို့လို ထိပ်တန်းကစားသမားတွေကို ဆုံးရှုံးထားရတဲ့ ဘာစီလိုနာအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရုန်းကန်မှုများစွာနဲ့ လာလီဂါ အမှတ်ပေးဇယားမှာလည်း အဆင့် ၉ နေရာထိ ရောက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ နောက်တစ်ဆင့် တတ်လှမ်းဖို့ ခက်ခဲလို့နေရတာ ဖြစ်ပါတယ်။

ထို့ကြောင့် ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီမှာပဲ အသင်းရဲ့ လူအင်အားကို ဖြည့်တင်းသွားဖို့အတွက် ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို အရခေါ်ယူသွားဖို့ ရှိနေပေမယ့် အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ချက်ချင်း အပြီးသတ် ခေါ်ယူနိုင်မှာ မဟုတ်သေးပဲ အငှားစာချုပ်နဲ့သာ ကမ်းလှမ်းဖွယ် ရှိနေရပါတယ်။

Zawgyi Version

ရလဒ္‌ေတြ ဆိုး႐ြာေနကာ နည္းျပ ကိုးမန္းကိုလဲ ရာထူးကေန ထုတ္ပယ္ထားတဲ့ ဘာစီလိုနာအသင္းဟာ အသင္းကို အင္အားျဖည့္တင္းသြားဖို႔အတြက္ မန္ယူနိုက္တက္အသင္းမွာ ပြဲထြက္ခြင့္ မရရွိတဲ့ နယ္သာလန္ ကြင္းလယ္ၾကယ္ပြင့္ ဒြန္နီဗန္ဒီဘိခ္ကို ဇန္နဝါရီမွာ အငွား ေခၚယူသြားဖို႔ စီစဥ္လ်က္ရွိေၾကာင္း သိရပါတယ္။

နယ္သာလန္ ၾကယ္ပြင့္ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ဟာ ၂၀၂ဝခုႏွစ္မွာပဲ ေအဂ်က္စ္ကေန ယူနိုက္တက္ အသင္းဆီကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိမွာ အသင္းနဲ႕အတူ ဒုတိယေျမာက္ ရာသီကို ျဖတ္သန္းေနရေပမယ့္ အသင္းမွာ ေနရာရဖို႔က ခက္ခဲေနရသလို ဒီႏွစ္ရာသီအတြင္းမွာလည္း အခုခ်ိန္ထိ ၃ ပြဲသာ ကစားထားရတာ ျဖစ္ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္မွာ ၆ မိနစ္သာ ပါဝင္ထားခဲ့ရတဲ့ ဗန္ဒီဘိခ္ဟာ ဒီလိုအေျခအေနမွာ အသင္းနဲ႕ ဆက္လက္ လက္မတြဲခ်င္ေတာ့ပဲ လာမယ့္ ေဆာင္းေစ်းကြက္ အတြင္းမွာ အသင္းကေန ထြက္ခြာခ်င္ တာျဖစ္လို႔ ဒီကစားသမားကို ကလပ္အသင္း မ်ားစြာကေန ပစ္မွတ္ထားလာခဲ့တာ ျဖစ္ပါတယ္။

နယ္သာလန္ ကြင္းလယ္ကစားသမား ဗန္ဒယ္ဘိခ္ကို ပရီးမီးယားလိဂ္ ကလပ္အသင္းေတြျဖစ္တဲ့ အဲဗာတန္ နယူးကာဆယ္အသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားေနၾကသလို ဒီရာသီမွာ ႐ုန္းကန္လို႔ေနရတဲ့ စပိန္လာလီဂါရဲ႕ ထိပ္တန္းကလပ္အသင္းႀကီး ဘာစီလိုနာကပါ ပစ္မွတ္ထားလာခဲ့တယ္လို႔ စပိန္ အေျခစိုက္ သတင္းမီဒီယာမ်ား ကေန ေဖာ္ျပလာပါတယ္။

လီယြန္နယ္မက္ဆီ ဂရဇ္မန္းတို႔လို ထိပ္တန္းကစားသမားေတြကို ဆုံးရႈံးထားရတဲ့ ဘာစီလိုနာအသင္းဟာ ဒီႏွစ္ေဘာလုံးရာသီအတြင္း ႐ုန္းကန္မႈမ်ားစြာနဲ႕ လာလီဂါ အမွတ္ေပးဇယားမွာလည္း အဆင့္ ၉ ေနရာထိ ေရာက္ရွိေနသလို ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာပါ ေနာက္တစ္ဆင့္ တတ္လွမ္းဖို႔ ခက္ခဲလို႔ေနရတာ ျဖစ္ပါတယ္။

ထို႔ေၾကာင့္ ဘာစီလိုနာအသင္းဟာ လာမယ့္ ဇန္နဝါရီမွာပဲ အသင္းရဲ႕ လူအင္အားကို ျဖည့္တင္းသြားဖို႔အတြက္ ယူနိုက္တက္အသင္း ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို အရေခၚယူသြားဖို႔ ရွိေနေပမယ့္ အသင္းရဲ႕ ဘ႑ာေရး အေျခအေနေတြေၾကာင့္ ခ်က္ခ်င္း အၿပီးသတ္ ေခၚယူနိုင္မွာ မဟုတ္ေသးပဲ အငွားစာခ်ဳပ္နဲ႕သာ ကမ္းလွမ္းဖြယ္ ရွိေနရပါတယ္။