Unicode Version
ယမန်နေ့ညက ကစားခဲ့တဲ့ စပါးနဲ့ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် ဝါရင့် တိုက်စစ်မှုးကြီး ရော်နယ်ဒိုက ယူနိုက်တက်အတွက် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှု ကတဆင့် တစ်ဂိုး သွင်းယူကာ အသင်းဖော် ကာဗာနီကို တစ်ကြိမ် ဖန်တီးပေးပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
လက်စတာနဲ့ လီဗာပူးကို ဆက်တိုက်ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်အတွက် စပါးနဲ့ပွဲက အရေးကြီးနေခဲ့ပြီး ရလဒ်ကောင်းမဖြစ်မနေရရှိဖို့ လိုအပ်နေခဲ့ချိန််မှာ ရော်နယ်ဒိုရဲ့ ခြေစွမ်းပြမှု၊ ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ဖန်တီးပေးမှုတွေက အသင်းကို နိုင်ပွဲရရှိစေခဲ့ပါတယ်။
ယူနိုက်တက်အတွက် ပထမဆုံး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ ရော်နယ်ဒို ဟာ ပထမပိုင်း ၃၉ မိနစ် မှာ ပေါ်တူဂီ အသင်းဖော် ဘရူနို ဖာနန်ဒက်စ် မ တင် ပေးလိုက်တဲ့ ဘောလုံးကို ထောင့်ကျဉ်း အနေအထား ကနေ စပါးဂိုးသမား လိုရစ် မထင်မှတ်ထားပဲ မြေမကျဘော လှလှပပ အဆုံးသတ်ပြီး ယူနိုက်တက် ကို အဖွင့်ဂိုး ရယူပေးခဲ့ပါတယ်။
ဒီဂိုးမှာ ရော်နယ်ဒို ဟာ စပါးနောက်ခံလူ နဲ့ အပြိုင် ခေါင်းယှဉ် မတိုင်ဘဲ စောင့်ဆိုင်းနေခဲ့ကာ ဘောလုံးရောက်လာချိန်မှာတော့ ညာခြေနဲ့ ထိထိမိမိ ကန်သွင်းယူ ခဲ့တာပဲဖြစ်ပါတယ်။ ဘောလုံးဟာ စပါး ဂိုးသမားကြီး လိုရစ် ရဲ့ ညာဘက်ထောင့်ထဲ ကို တန်းဝင် သွားခဲ့ပြီး ဂိုးသမား လိုရစ်ကတော့ အဆိုပါသွင်းဂိုးအတွက် အံ့ဩတကြီး ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လိုရစ်က “ပွဲအပြီးမှာ ကျွန်တော် ရော်နယ်ဒိုရဲ့ သွင်းဂိုးကို အဝတ်လဲခန်းထဲ ပြန်ပြီးတော့ ထပ်ခါ ထပ်ခါ ကြည့်နေခဲ့တယ်၊ ဘာလို့လဲဆိုတော့ ဒီလောက်ထိ ခက်ခဲတဲ့ ထောင့်အနေအထားကနေ သူ ဂိုးသွင်းသွားတယ်ဆိုတာကို ကျွန်တော်မယုံလို့ပဲ၊ ကျွန်တော် လုံးဝကို မထင်ထားမိဘူး ။တကယ်ကို မယုံကြည်နိုင်စရာကောင်းလှတဲ့ ဂိုးပါဗျာ” လို့ ပြောဆို သွားခဲ့ပါတယ်။
Zawgyi Version
ယမန္ေန႕ညက ကစားခဲ့တဲ့ စပါးနဲ႕ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္ ဝါရင့္ တိုက္စစ္မႈးႀကီး ေရာ္နယ္ဒိုက ယူနိုက္တက္အတြက္ ဘ႐ူနို ဖာနန္ဒက္စ္ရဲ႕ ဖန္တီးေပးမႈ ကတဆင့္ တစ္ဂိုး သြင္းယူကာ အသင္းေဖာ္ ကာဗာနီကို တစ္ႀကိမ္ ဖန္တီးေပးၿပီး ေျခစြမ္းျပနိုင္ခဲ့ပါတယ္။
လက္စတာနဲ႕ လီဗာပူးကို ဆက္တိုက္ရႈံးနိမ့္ထားတဲ့ ယူနိုက္တက္အတြက္ စပါးနဲ႕ပြဲက အေရးႀကီးေနခဲ့ၿပီး ရလဒ္ေကာင္းမျဖစ္မေနရရွိဖို႔ လိုအပ္ေနခဲ့ခ်ိန္္မွာ ေရာ္နယ္ဒိုရဲ႕ ေျခစြမ္းျပမႈ၊ ဖာနန္ဒက္စ္ရဲ႕ တိက်တဲ့ ဖန္တီးေပးမႈေတြက အသင္းကို နိုင္ပြဲရရွိေစခဲ့ပါတယ္။
ယူနိုက္တက္အတြက္ ပထမဆုံး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တဲ့ ေရာ္နယ္ဒို ဟာ ပထမပိုင္း ၃၉ မိနစ္ မွာ ေပၚတူဂီ အသင္းေဖာ္ ဘ႐ူနို ဖာနန္ဒက္စ္ မ တင္ ေပးလိုက္တဲ့ ေဘာလုံးကို ေထာင့္က်ဥ္း အေနအထား ကေန စပါးဂိုးသမား လိုရစ္ မထင္မွတ္ထားပဲ ေျမမက်ေဘာ လွလွပပ အဆုံးသတ္ၿပီး ယူနိုက္တက္ ကို အဖြင့္ဂိုး ရယူေပးခဲ့ပါတယ္။
ဒီဂိုးမွာ ေရာ္နယ္ဒို ဟာ စပါးေနာက္ခံလူ နဲ႕ အၿပိဳင္ ေခါင္းယွဥ္ မတိုင္ဘဲ ေစာင့္ဆိုင္းေနခဲ့ကာ ေဘာလုံးေရာက္လာခ်ိန္မွာေတာ့ ညာေျခနဲ႕ ထိထိမိမိ ကန္သြင္းယူ ခဲ့တာပဲျဖစ္ပါတယ္။ ေဘာလုံးဟာ စပါး ဂိုးသမားႀကီး လိုရစ္ ရဲ႕ ညာဘက္ေထာင့္ထဲ ကို တန္းဝင္ သြားခဲ့ၿပီး ဂိုးသမား လိုရစ္ကေတာ့ အဆိုပါသြင္းဂိုးအတြက္ အံ့ဩတႀကီး ျဖစ္ခဲ့တာ ျဖစ္ပါတယ္။
လိုရစ္က “ပြဲအၿပီးမွာ ကြၽန္ေတာ္ ေရာ္နယ္ဒိုရဲ႕ သြင္းဂိုးကို အဝတ္လဲခန္းထဲ ျပန္ၿပီးေတာ့ ထပ္ခါ ထပ္ခါ ၾကည့္ေနခဲ့တယ္၊ ဘာလို႔လဲဆိုေတာ့ ဒီေလာက္ထိ ခက္ခဲတဲ့ ေထာင့္အေနအထားကေန သူ ဂိုးသြင္းသြားတယ္ဆိုတာကို ကြၽန္ေတာ္မယုံလို႔ပဲ၊ ကြၽန္ေတာ္ လုံးဝကို မထင္ထားမိဘူး ။တကယ္ကို မယုံၾကည္နိုင္စရာေကာင္းလွတဲ့ ဂိုးပါဗ်ာ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။