Spots news

ကျရှုံးနေတဲ့ အသင်းတွေကိုမှ ဖလားရစေခဲ့တဲ့ နည်းပြကွန်တီ စပါးကို ရောက်ပါပြီ

Unicode Version

စပါးအသင်းဟာ ရလဒ်တွေ ဆိုးရွားနေပြီး ကစားသမားများရဲ့ ထောက်ခံမှုကို မရရှိသေးတဲ့ နည်းပြ နူနိုဆန်တိုကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် အသင်းရဲ့ နည်းပြသစ် အဖြစ် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့

အင်တာမီလန်အသင်း နည်းပြဟောင်း အီတလီ လူမျိုး နည်းပြ ကွန်တီကို ခန့်အပ်ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း ဥရောပ အားကစား ရင်းမြစ်များက အတည်ပြု သွားခဲ့ပီ ဖြစ်ပါတယ်။

စပါး နည်းပြသစ် ဖြစ်လာတော့မယ့် အန်တိုနီယို ကွန်တီဟာ ကျဆင်းနေတဲ့ အသင်း ၃ သင်း ကို အမြင့်ဆုံးထိ ရောက်အောင် ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။ ၂၀၁၁ မှာ ကွန်တီ ဂျူဗင်တပ် ကို ရောက်ပါတယ်။

အဲ့ဒိရှေ့ရာသီတုန်းက ဂျူဗင်တပ် ဟာ အဆင့် ၇ မှာပါ။ အီတလီလူမျိူး နည်းပြ ကွန်တီ က အဲ့ဒိအသင်းကို စီးရီးအေ ချန်ပီယံ ၃ နှစ်ဆက် ဖြစ်စေခဲ့ပါတယ်။ အဲ့ဒိအထဲက တကြိမ်ဟာ ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့တာပါ။

၂၀၁၆ မှာ ကွန်တီ ပရီးမီးယားလိဂ် ဆီသို့ လန်ဒန်ကလပ် ချဲလ်ဆီးအသင်းနဲ့ အတူရောက်ရှိလာခဲ့ပြီး ကွန်တီ ရောက်လာချိန်မှာ ချဲလ်ဆီးဟာ အဆင့် ၁၀ နဲ့ ပြီးခဲ့တဲ့ရာသီက

ပိတ်သိမ်းထားခဲ့တာပါ။ ၂ နှစ်ပဲ ကြာခဲ့တဲ့ ဒီစွန့်စားခန်းမှာ ကွန်တီ က ချဲလ်ဆီးကို ပရီးမီးယားလိဂ် နဲ့ FA Cup တွေကို တရာသီ တလုံးစီ ရယူပေးခဲ့ပါတယ်။

၂၀၁၉ မှာတော့ ကွန်တီ ဟာ အင်တာ နည်းပြ ဖြစ်လာပြီး ၂ နှစ်အကြာမှာတော့ ၁၁ နှစ်ကြာဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ရယူပေးခဲ့ပါတယ်။ အခုကွန်တီ ပရီးမီးယားလိဂ်ဆီသို့ လန်ဒန် ကလပ်အသင်းဖြစ်တဲ့ စပါးကို

ရောက်လာခဲ့ပါပြီ။ စပါးတို့ နောက်ဆုံးဖလားရခဲ့တာက ၂၀၀၉ တုန်းကပါ။ ကျရှုံးနေတဲ့ အသင်းတွေကိုမှ အောင်မြင်စေခဲ့တဲ့ ငွေလမင်း ကွန်တီဟာ စပါးအသင်းနဲ့ ဘာတွေ လုပ်ပြမလဲ စောင့်ကြည့်ရတော့မှာပါ။

Zawgyi Version

စပါးအသင္းဟာ ရလဒ္ေတြ ဆိုး႐ြားေနၿပီး ကစားသမားမ်ားရဲ႕ ေထာက္ခံမႈကို မရရွိေသးတဲ့ နည္းျပ ႏူနိုဆန္တိုကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ အသင္းရဲ႕ နည္းျပသစ္ အျဖစ္ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနတဲ့

အင္တာမီလန္အသင္း နည္းျပေဟာင္း အီတလီ လူမ်ိဳး နည္းျပ ကြန္တီကို ခန႔္အပ္ဖို႔ သေဘာတူညီမႈ ရခဲ့ၿပီ ျဖစ္ေၾကာင္း ဥေရာပ အားကစား ရင္းျမစ္မ်ားက အတည္ျပဳ သြားခဲ့ပီ ျဖစ္ပါတယ္။

စပါး နည္းျပသစ္ ျဖစ္လာေတာ့မယ့္ အန္တိုနီယို ကြန္တီဟာ က်ဆင္းေနတဲ့ အသင္း ၃ သင္း ကို အျမင့္ဆုံးထိ ေရာက္ေအာင္ ဆြဲတင္ေပးနိုင္ခဲ့ပါတယ္။ ၂၀၁၁ မွာ ကြန္တီ ဂ်ဴဗင္တပ္ ကို ေရာက္ပါတယ္။

အဲ့ဒိေရွ႕ရာသီတုန္းက ဂ်ဴဗင္တပ္ ဟာ အဆင့္ ၇ မွာပါ။ အီတလီလူမ်ိဴး နည္းျပ ကြန္တီ က အဲ့ဒိအသင္းကို စီးရီးေအ ခ်န္ပီယံ ၃ ႏွစ္ဆက္ ျဖစ္ေစခဲ့ပါတယ္။ အဲ့ဒိအထဲက တႀကိမ္ဟာ ရႈံးပြဲမရွိ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။

၂၀၁၆ မွာ ကြန္တီ ပရီးမီးယားလိဂ္ ဆီသို႔ လန္ဒန္ကလပ္ ခ်ဲလ္ဆီးအသင္းနဲ႕ အတူေရာက္ရွိလာခဲ့ၿပီး ကြန္တီ ေရာက္လာခ်ိန္မွာ ခ်ဲလ္ဆီးဟာ အဆင့္ ၁၀ နဲ႕ ၿပီးခဲ့တဲ့ရာသီက

ပိတ္သိမ္းထားခဲ့တာပါ။ ၂ ႏွစ္ပဲ ၾကာခဲ့တဲ့ ဒီစြန႔္စားခန္းမွာ ကြန္တီ က ခ်ဲလ္ဆီးကို ပရီးမီးယားလိဂ္ နဲ႕ FA Cup ေတြကို တရာသီ တလုံးစီ ရယူေပးခဲ့ပါတယ္ ။

၂၀၁၉ မွာေတာ့ ကြန္တီ ဟာ အင္တာ နည္းျပ ျဖစ္လာၿပီး ၂ ႏွစ္အၾကာမွာေတာ့ ၁၁ ႏွစ္ၾကာေဝးကြာေနတဲ့ အမွတ္ေပးခ်န္ပီယံဆုကို ရယူေပးခဲ့ပါတယ္။ အခုကြန္တီ ပရီးမီးယားလိဂ္ဆီသို႔ လန္ဒန္ ကလပ္အသင္းျဖစ္တဲ့ စပါးကို

ေရာက္လာခဲ့ပါၿပီ။ စပါးတို႔ ေနာက္ဆုံးဖလားရခဲ့တာက ၂၀၀၉ တုန္းကပါ။ က်ရႈံးေနတဲ့ အသင္းေတြကိုမွ ေအာင္ျမင္ေစခဲ့တဲ့ ေငြလမင္း ကြန္တီဟာ စပါးအသင္းနဲ႕ ဘာေတြ လုပ္ျပမလဲ ေစာင့္ၾကည့္ရေတာ့မွာပါ။