Spots news

ဆိုးလ်ရှားထားရာနေရတဲ့ ဗန်ဒီဘိခ်ကို သနားနေကြရတဲ့ ယူနိုက်တက် ပရိတ်သတ်များ

Unicode Version

ယူနိုက်တက် အသင်းရဲ့ အပယ်ခံ ဖြစ်နေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အသင်းမှာ ပွဲကစားခွင့် နည်းပါးနေရုံသာမက ကစားသမား များနဲ့ အတူတူ လေ့ကျင့်မှု မပြုလုပ်ရပဲ နည်းပြတစ်ဦး အဖြစ် ဝင်ရောက် ကူညီနေရတဲ့ အတွက် ပရိတ်သတ်များ အတွက် ဝမ်းနည်းဖွယ် ဖြစ်ခဲ့ ရပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့အပတ် စပါးကို ၃-ဝ ဂိုးဖြင့်အနိုင်ရရှိတဲ့ ပွဲမှာ အရန်အဖြစ် ဝင်ရောက်ကစားခွင့် မရရှိခဲ့သူပါ။ သိုပေမယ့် နည်းပြ ဆိုးလ်ရှားဟာ ကွင်းထဲမှာ ကစားခွင့် မရတဲ့ ဗန်ဒီဘိခ်ကို

စပါး နှင့်ပွဲ မတိုင်ခင်မှာ အလုပ်တစ်ခု ပေးခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပွဲမတိုင်ခင် ပွဲထွက်လူစာရင်းမှာ ပါဝင်တဲ့ ကစားသမားများကို နည်းပြတစ်ဦးလို ထောက်ပံ့မှု ပြုလုပ်ခဲ့ရပါတယ်။

ဗန်ဒီဘိခ်ဟာ ပွဲထွက်လူစာရင်းမှာ ပါဝင်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို၊ ကာဗာနီနှင့် ဘရူနို ကဲ့သို့ ကစားသမားများ ဂိုးသွင်း လေ့ကျင့်ခန်း လုပ်ချိန်မှာ နည်းပြကာရစ် နှင့်အတူ ကူညီခဲ့ ရပါတယ်။

ပရိသတ်တစ်ဦးက “ဒွန်နီက ဖရက်ထက် ဖန်တီးမှု အထိန်းအသိမ်း ကောင်းတယ်၊ ခံစစ်ကစားတာကောင်းတယ်လို့ ထင်တယ်။ ဒီလူစာရင်းနဲ့ အိုလီလုပ်နေတာတွေကအဓိပ္ပါယ်မရှိပါဘူး”လို့ ဆိုသွားပါတယ်။

ဗန်ဒီဘိခ်ဟာ ယခုရာသီမှာ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ၆ မိနစ်သာ ကစားခွင့် ရရှိထားသူ ဖြစ်ပြီး ဇန်နဝါရီလမှာ ထွက်ခွာဖို့သေချာ နေပါတယ်။ သူ့ကို ဘာစီလိုနာ ၊ဂျူဗင်တပ် ၊နယူးကာဆယ်နှင့် အဲဗာတန်တို့က ခေါ်ယူရန်

စိတ်ဝင်စားနေပြီး သူဟာ နွေရာသီတုန်းက အဲဗာတန်သို့ ပြောင်းရန် သဘောတူညီမှု ရပြီးမှ ဆိုးလ်ရှားက အခွင့်အရေးပေးမယ် လို့ကတိပြုမှုကြောင့် အိုးထရက်ဖို့ဒ်မှာ ဆက်နေခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္ အသင္းရဲ႕ အပယ္ခံ ျဖစ္ေနတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ဟာ အသင္းမွာ ပြဲကစားခြင့္ နည္းပါးေန႐ုံသာမက ကစားသမား မ်ားနဲ႕ အတူတူ ေလ့က်င့္မႈ မျပဳလုပ္ရပဲ နည္းျပတစ္ဦး အျဖစ္ ဝင္ေရာက္ ကူညီေနရတဲ့ အတြက္ ပရိတ္သတ္မ်ား အတြက္ ဝမ္းနည္းဖြယ္ ျဖစ္ခဲ့ ရပါတယ္။

ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့အပတ္ စပါးကို ၃-ဝ ဂိုးျဖင့္အနိုင္ရရွိတဲ့ ပြဲမွာ အရန္အျဖစ္ ဝင္ေရာက္ကစားခြင့္ မရရွိခဲ့သူပါ။ သိုေပမယ့္ နည္းျပ ဆိုးလ္ရွားဟာ ကြင္းထဲမွာ ကစားခြင့္ မရတဲ့ ဗန္ဒီဘိခ္ကို

စပါး ႏွင့္ပြဲ မတိုင္ခင္မွာ အလုပ္တစ္ခု ေပးခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ပြဲမတိုင္ခင္ ပြဲထြက္လူစာရင္းမွာ ပါဝင္တဲ့ ကစားသမားမ်ားကို နည္းျပတစ္ဦးလို ေထာက္ပံ့မႈ ျပဳလုပ္ခဲ့ရပါတယ္။

ဗန္ဒီဘိခ္ဟာ ပြဲထြက္လူစာရင္းမွာ ပါဝင္တဲ့ ခရစၥတီယာနို ေရာ္နယ္ဒို၊ ကာဗာနီႏွင့္ ဘ႐ူနို ကဲ့သို႔ ကစားသမားမ်ား ဂိုးသြင္း ေလ့က်င့္ခန္း လုပ္ခ်ိန္မွာ နည္းျပကာရစ္ ႏွင့္အတူ ကူညီခဲ့ ရပါတယ္။

ပရိသတ္တစ္ဦးက “ဒြန္နီက ဖရက္ထက္ ဖန္တီးမႈ အထိန္းအသိမ္း ေကာင္းတယ္၊ ခံစစ္ကစားတာေကာင္းတယ္လို႔ ထင္တယ္။ ဒီလူစာရင္းနဲ႕ အိုလီလုပ္ေနတာေတြကအဓိပၸါယ္မရွိပါဘူး”လို႔ ဆိုသြားပါတယ္။

ဗန္ဒီဘိခ္ဟာ ယခုရာသီမွာ ယူနိုက္တက္ အတြက္ ပရီးမီးယားလိဂ္ ၆ မိနစ္သာ ကစားခြင့္ ရရွိထားသူ ျဖစ္ၿပီး ဇန္နဝါရီလမွာ ထြက္ခြာဖို႔ေသခ်ာ ေနပါတယ္။ သူ႕ကို ဘာစီလိုနာ ၊ဂ်ဴဗင္တပ္ ၊နယူးကာဆယ္ႏွင့္ အဲဗာတန္တို႔က ေခၚယူရန္

စိတ္ဝင္စားေနၿပီး သူဟာ ေႏြရာသီတုန္းက အဲဗာတန္သို႔ ေျပာင္းရန္ သေဘာတူညီမႈ ရၿပီးမွ ဆိုးလ္ရွားက အခြင့္အေရးေပးမယ္ လို႔ကတိျပဳမႈေၾကာင့္ အိုးထရက္ဖို႔ဒ္မွာ ဆက္ေနခဲ့တာ ျဖစ္ပါတယ္။