Spots news

နိုင်ငံအအတွက် ကိုပါအမေကဖလား ရယူပြီးပြီ ဘလွန်းဒီအော မလိုပါဘူးဆိုတဲ့ မက်ဆီ

Unicode Version

ဒီနှစ်ရဲ့ ဘလွန်းဒီအောဆုကို သူ ရရှိမယ်လို့ မထင်ထားကြောင်းနဲ့ အာဂျင်တီးနားနဲ့ အတူ ကိုပါအမေရိက ဖလားကို ရရှိထားပြီး ဖြစ်လို့ အကြီးမားဆုံး ဆုလာဘ်တစ်ခုကို ပိုင်ဆိုင်ထား ပြီးပြီလို့ မက်ဆီက ပြောဆိုလိုက်ပါတယ်။

ဒီလနှောင်းပိုင်းမှာ ပေးအပ်သွားမယ့် အဆိုပါဆုအတွက် မက်ဆီက ထိပ်ဆုံးကနေ ရေပန်းစားနေသလို သူသာရရှိခဲ့ပါက ထိုက်တန်မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

 

လီဝန်ဒေါစကီး၊ ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့က မက်ဆီနဲ့အပြိုင်ရေပန်းစားနေပြီး ဝေဖန်သူတချို့ကတော့ မက်ဆီဟာ ဘာစီလိုနာအတွက် ဘာမှမလုပ်ပြနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ကိုပါအမေရိကဖလားကိုသာ ရရှိခဲ့တာဖြစ်ပြီး

ချန်ပီယံလိဂ်နဲ့ ယူရို ဖလားဆွတ်ခူးခဲ့တဲ့ ဂျော်ဂျင်ဟိုက ပိုမိုထိုက်တန်တယ်ဆိုတဲ့ အယူအဆတွေလည်းရှိနေချိန်မှာ မက်ဆီက သူ့သဘောထားကို ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

“ရိုးရိုးသားသားပြောရရင် ကျွန်တော်ရမယ်လို့လည်း မထင်ပါဘူး၊ ကျွန်တော့်ရဲ့အကြီးမားဆုံးဆုအဖြစ် လက်ရွေးစင် အသင်းနဲ့အတူ ရရှိခဲ့ပြီးပါပြီ၊ အဲဒီအောင်မြင်မှုအတွက် အများကြီးရုန်းကန်ခဲ့ပြီး တိုက်ပွဲဝင်ခဲ့တာပါ၊

ဒီအတွက်လည်း အကောင်းဆုံး ပေးဆပ်မှုတွေ ဖြစ်ခဲ့ပါတယ်၊ တကယ်လို့ ဘလွန်းဒီအောဆု ရရှိခဲ့မယ် ဆိုရင်လည်း အရမ်းထူးခြား ခမ်းနားပြီး နောက်ထပ်တစ်ခု ဖြစ်လာမှာပေါ့”

” ၇ ကြိမ်မြောက်ဆိုတာက တကယ်ကို ရူးသွပ်ချင်စရာပါ၊ ဒါပေမယ့် ဖြစ်မလာနိုင်ပါဘူး၊ ကျွန်တော့် ကစားသမားဘဝမှာ ကြီးမားတဲ့အောင်မြင်မှုတွေ ရရှိခဲ့ပြီးပါပြီ၊ ဒီအတွက်ကြောင့်လည်း ဖြစ်ပျက်ခဲ့သမျှတွေအတွက် အရမ်းပျော်ရွှင်နေခဲ့ပြီး အခု ဘာတွေပဲဖြစ်လာဖြစ်လာပါ” လို့

မက်ဆီက SPORT နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။ မက်ဆီကတော့ ဒီရာသီမှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး အသင်းသစ်အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုး ရရှိထားပါတယ်။

Zawgyi Version

ဒီႏွစ္ရဲ႕ ဘလြန္းဒီေအာဆုကို သူ ရရွိမယ္လို႔ မထင္ထားေၾကာင္းနဲ႕ အာဂ်င္တီးနားနဲ႕ အတူ ကိုပါအေမရိက ဖလားကို ရရွိထားၿပီး ျဖစ္လို႔ အႀကီးမားဆုံး ဆုလာဘ္တစ္ခုကို ပိုင္ဆိုင္ထား ၿပီးၿပီလို႔ မက္ဆီက ေျပာဆိုလိုက္ပါတယ္။

ဒီလေႏွာင္းပိုင္းမွာ ေပးအပ္သြားမယ့္ အဆိုပါဆုအတြက္ မက္ဆီက ထိပ္ဆုံးကေန ေရပန္းစားေနသလို သူသာရရွိခဲ့ပါက ထိုက္တန္မႈ မရွိဘူးဆိုတဲ့ ေဝဖန္မႈေတြလည္း ရွိေနပါတယ္။

လီဝန္ေဒါစကီး၊ ကန္ေတနဲ႕ ေဂ်ာ္ဂ်င္ဟိုတို႔က မက္ဆီနဲ႕အၿပိဳင္ေရပန္းစားေနၿပီး ေဝဖန္သူတခ်ိဳ႕ကေတာ့ မက္ဆီဟာ ဘာစီလိုနာအတြက္ ဘာမွမလုပ္ျပနိုင္ခဲ့ဘူးလို႔ ဆိုပါတယ္။ ကိုပါအေမရိကဖလားကိုသာ ရရွိခဲ့တာျဖစ္ၿပီး

ခ်န္ပီယံလိဂ္နဲ႕ ယူရို ဖလားဆြတ္ခူးခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုက ပိုမိုထိုက္တန္တယ္ဆိုတဲ့ အယူအဆေတြလည္းရွိေနခ်ိန္မွာ မက္ဆီက သူ႕သေဘာထားကို ျပတ္ျပတ္သားသား ေျပာဆိုခဲ့ပါတယ္။

“ရိုးရိုးသားသားေျပာရရင္ ကြၽန္ေတာ္ရမယ္လို႔လည္း မထင္ပါဘူး၊ ကြၽန္ေတာ့္ရဲ႕အႀကီးမားဆုံးဆုအျဖစ္ လက္ေ႐ြးစင္ အသင္းနဲ႕အတူ ရရွိခဲ့ၿပီးပါၿပီ၊ အဲဒီေအာင္ျမင္မႈအတြက္ အမ်ားႀကီး႐ုန္းကန္ခဲ့ၿပီး တိုက္ပြဲဝင္ခဲ့တာပါ၊

ဒီအတြက္လည္း အေကာင္းဆုံး ေပးဆပ္မႈေတြ ျဖစ္ခဲ့ပါတယ္၊ တကယ္လို႔ ဘလြန္းဒီေအာဆု ရရွိခဲ့မယ္ ဆိုရင္လည္း အရမ္းထူးျခား ခမ္းနားၿပီး ေနာက္ထပ္တစ္ခု ျဖစ္လာမွာေပါ့”

” ၇ ႀကိမ္ေျမာက္ဆိုတာက တကယ္ကို ႐ူးသြပ္ခ်င္စရာပါ၊ ဒါေပမယ့္ ျဖစ္မလာနိုင္ပါဘူး၊ ကြၽန္ေတာ့္ ကစားသမားဘဝမွာ ႀကီးမားတဲ့ေအာင္ျမင္မႈေတြ ရရွိခဲ့ၿပီးပါၿပီ၊ ဒီအတြက္ေၾကာင့္လည္း ျဖစ္ပ်က္ခဲ့သမွ်ေတြအတြက္ အရမ္းေပ်ာ္႐ႊင္ေနခဲ့ၿပီး အခု ဘာေတြပဲျဖစ္လာျဖစ္လာပါ” လို႔

မက္ဆီက SPORT နဲ႕ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာေျပာဆိုခဲ့ပါတယ္။ မက္ဆီကေတာ့ ဒီရာသီမွာ ပီအက္စ္ဂ်ီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီျဖစ္ၿပီး အသင္းသစ္အတြက္ ခ်န္ပီယံလိဂ္သြင္းဂိုး ၃ ဂိုး ရရွိထားပါတယ္။