Spots news

ဘောစိအသင်းက စိတ်ဝင်စားနေလို့ ဟာဇက်ကို မြင့်မားတဲ့ဈေး သတ်မှတ်လိုက်တဲ့ ရီးရဲလ်

Unicode Version

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ ‌တိုက်စစ် ကစားသမား ဟာဇက်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြခဲ့သူလည်းဖြစ်ပါတယ်။

ရီးရဲလ် မက်ဒရစ်အသင်းဟာ အီဒင်ဟာဇက်ကို ၂၀၁၉ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်အတွက်မအောင်မြင်တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့သလို ကစားသမားဘဝပါ သေသလိုဖြစ်သွားခဲ့တဲ့အထိ ရိုက်ခတ်မှုက ကြီးမားနေခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ပံ တိုက်စစ် ကစားသမား အီဒင်ဟာဇက်ဟာ ၃နှစ် တာ ကာလ အတွင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရသလို ရီးရဲလ် မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီက ဟာဇက်ဟာ သူ့အတွက် ဦးစားပေး တောင်ပံတိုက်စစ် ကစားသမား မဟုတ်တော့ကြောင်း အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပြီး ဟာဇက်အနေနဲ့ ရီးရဲလ်မက်ဒရစ် အသင်းမှာ နေရာရချင်ရင် ယခင်ထက် အလုပ်တွေ ပိုမို ကြိုးစားဖို့ လိုအပ်ကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ် မက်ဒရစ် အသင်းရဲ့ ဘုတ်အဖွဲ့ဟာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို လုပ်ခလစာလည်း မြင့်မားတဲ့ ဟာဇက်ကို ဝယ်ယူချင်တဲ့ အသင်း ရှိပါက ရောင်းချဖို့ ဆုံးဖြတ်လိုက်ပြီး ဟာဇက်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၄၀သန်း သတ်မှတ်ထားကြောင်း သိရပါတယ်။

Zawgyi Version

ရီးရဲလ္မက္ဒရစ္အသင္းဟာ အသင္းရဲ႕ ‌တိုက္စစ္ ကစားသမား ဟာဇက္ကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်လိဳက္ေၾကာင္း စပိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္မွာ အဆင္မေျပျဖစ္ေနတဲ့ ဟာဇက္ဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္ ေျခစြမ္းျပခဲ့သူလည္းျဖစ္ပါတယ္။

ရီးရဲလ္ မက္ဒရစ္အသင္းဟာ အီဒင္ဟာဇက္ကို ၂၀၁၉ခုႏွစ္မွာ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္း ကေန ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၁၅ သန္းနဲ႕ ေခၚယူခဲ့ၿပီး ၅ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဟာဇက္အတြက္မေအာင္ျမင္တဲ့အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့သလို ကစားသမားဘဝပါ ေသသလိုျဖစ္သြားခဲ့တဲ့အထိ ရိုက္ခတ္မႈက ႀကီးမားေနခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ ေတာင္ပံ တိုက္စစ္ ကစားသမား အီဒင္ဟာဇက္ဟာ ၃ႏွစ္ တာ ကာလ အတြင္းမွာ ဒဏ္ရာျပသနာေတြနဲ႕ ဆိုးဆိုး႐ြား႐ြား ႐ုန္းကန္ခဲ့ရသလို ရီးရဲလ္ မက္ဒရစ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၅၃ပြဲသာ ပါဝင္ ကစားေပးနိုင္ခဲ့ၿပီး သြင္းဂိုး ၅ဂိုးသာ သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၉ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ နည္းျပျဖစ္သူ အန္ဆေလာ့တီက ဟာဇက္ဟာ သူ႕အတြက္ ဦးစားေပး ေတာင္ပံတိုက္စစ္ ကစားသမား မဟုတ္ေတာ့ေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့တာ ျဖစ္ၿပီး ဟာဇက္အေနနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းမွာ ေနရာရခ်င္ရင္ ယခင္ထက္ အလုပ္ေတြ ပိုမို ႀကိဳးစားဖို႔ လိုအပ္ေၾကာင္းလည္း သတိေပးသြားခဲ့ပါတယ္။

နာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ Marca သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္ မက္ဒရစ္ အသင္းရဲ႕ ဘုတ္အဖြဲ႕ဟာ ပုံမွန္ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရသလို လုပ္ခလစာလည္း ျမင့္မားတဲ့ ဟာဇက္ကို ဝယ္ယူခ်င္တဲ့ အသင္း ရွိပါက ေရာင္းခ်ဖိဳ႕ ဆုံးျဖတ္လိုက္ၿပီး ဟာဇက္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူရို ၄၀သန္း သတ္မွတ္ထားေၾကာင္း သိရပါတယ္။