Spots news

ဝက်စ်ဟမ်းကို အသင်းကြီးစာရင်းဝင်အောင် လုပ်မယ်ဆိုတဲ့ သန်း ၁၀၀ တန် ဒီကလန်ရိုက်

Unicode Version

အဝေးကွင်းမှာ ဗီလာကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်က အသင်းကြီးတစ်သင်း ဖြစ်လာဖို့အတွက် အသင်းဖော်တွေကို တွန်းအားပေး စိန်ခေါ်မှုတွေပြုလုပ် လိုက်ပါတယ်။

ဒေးဗစ်မိုယက်စ်ရဲ့အသင်းဟာ ဒီရာသီမှာ အထူးခြေစွမ်းပြနေပြီး အမှတ်ပေးဇယားမှာ မန်စီးတီးနဲ့ ရမှတ် တူညီကာ ဂိုး ကွာခြားချက်ကြောင့် အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ချယ်လ်ဆီးနဲ့ ငါးမှတ်သာ ကွာဟတဲ့ အခြေအနေမှာ ဝက်စ်ဟမ်းက ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ဒ့ါအပြင် ပရီးမီးယားလိဂ်မှာ အဝေးကွင်း ၅ ပွဲဆက်တိုက် ဝက်စ်ဟမ်းက အနိုင်ရရှိခဲ့ပြီး ကလပ်စံချိန်ဟောင်းကို

လိုက်မီခဲ့ပါသေးတယ်။ ဒီကလန်ရိုက်ကတော့ အသင်းအတွက် ဒုတိယဂိုးကို သူ့ရဲ့ပုံမှန်ကန်သွင်းနေဟန်အတိုင်း အပြင်းစားကန်ချက်နဲ့ ရယူကာ သွင်းယူပေးခဲ့ပြီး အသင်းခေါင်းဆောင်တစ်ဦးအဖြစ်နဲ့ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ဧပြီလကစကာ ဝက်စ်ဟမ်းက အမှတ်ပေးပြိုင်ပွဲမှာ ရှုံးပွဲမရှိထားဘဲ ဝက်စ်ဟမ်းအတွက် ဒီရာသီမှာ ၄ ဂိုးအထိသွင်းယူပေးထားတဲ့ ရိုက်က “ကျွန်တော်တို့ အဆင့် ၃ မှာ ပူးတွဲရပ်တည်နေပါပြီ၊ ရာသီမစခင် လူတွေမေးခဲ့တဲ့

အကြီးမားဆုံးမေးခွန်းကတော့ ဥရောပပြိုင်ပွဲဝင်ခွင့်ရအောင် ကျွန်တော်တို့ နောက်တစ်ကြိမ်လုပ်နိုင်မှာလားဆိုတာပါ၊ ကျွန်တော်တို့လုပ်နိုင်တယ်ဆိုတာကို သိခဲ့ရပြီးပါပြီ၊ ဒါပေမယ့် ကစားရမယ့်ပွဲတွေက အများကြီးရှိနေပါသေးတယ်”

“ဒါက အဆင့်တစ်ခုဖြစ်ပြီး အတန်းအစားတစ်ခုလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အသင်းကြီး တစ်သင်း ဖြစ်ချင်တယ်ဆိုရင် ပြန်နိမ့်ကျသွားလို့ မရပါဘူး၊ ကျွန်တော် ကစားပေးတဲ့ ပွဲတွေမှာ

ဂိုးတွေပါ ထည့်ပေါင်းလို့ရပါတယ်။ ဒီရာသီမှာ ကျွန်တော် လေးဂိုး သွင်းပြီးပါပြီ၊ ၄-၁ နဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ နည်းနည်းတော့ လွဲချော်ခဲ့ပါတယ်” လို့ ဒီကလန်ရိုက် က ပြောဆို သွားခဲ့ပါတယ်။

Zawgyi Version

အေဝးကြင္းမွာ ဗီလာကို ၄-၁ နဲ႕ ဂိုးျပတ္ အနိုင္ရရွိခဲ့ၿပီးေနာက္ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္ရိုက္က အသင္းႀကီးတစ္သင္း ျဖစ္လာဖို႔အတြက္ အသင္းေဖာ္ေတြကို တြန္းအားေပး စိန္ေခၚမႈေတြျပဳလုပ္ လိုက္ပါတယ္။

ေဒးဗစ္မိုယက္စ္ရဲ႕အသင္းဟာ ဒီရာသီမွာ အထူးေျခစြမ္းျပေနၿပီး အမွတ္ေပးဇယားမွာ မန္စီးတီးနဲ႕ ရမွတ္ တူညီကာ ဂိုး ကြာျခားခ်က္ေၾကာင့္ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ေနရာအတြက္ ေမွ်ာ္လင့္နိုင္ၿပီ ျဖစ္ပါတယ္။

အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ ခ်ယ္လ္ဆီးနဲ႕ ငါးမွတ္သာ ကြာဟတဲ့ အေျခအေနမွာ ဝက္စ္ဟမ္းက ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။ ဒ့ါအျပင္ ပရီးမီးယားလိဂ္မွာ အေဝးကြင္း ၅ ပြဲဆက္တိုက္ ဝက္စ္ဟမ္းက အနိုင္ရရွိခဲ့ၿပီး ကလပ္စံခ်ိန္ေဟာင္းကို

လိုက္မီခဲ့ပါေသးတယ္။ ဒီကလန္ရိုက္ကေတာ့ အသင္းအတြက္ ဒုတိယဂိုးကို သူ႕ရဲ႕ပုံမွန္ကန္သြင္းေနဟန္အတိုင္း အျပင္းစားကန္ခ်က္နဲ႕ ရယူကာ သြင္းယူေပးခဲ့ၿပီး အသင္းေခါင္းေဆာင္တစ္ဦးအျဖစ္နဲ႕ အထူးေျခစြမ္းျပနိုင္ခဲ့ပါတယ္။

ဧၿပီလကစကာ ဝက္စ္ဟမ္းက အမွတ္ေပးၿပိဳင္ပြဲမွာ ရႈံးပြဲမရွိထားဘဲ ဝက္စ္ဟမ္းအတြက္ ဒီရာသီမွာ ၄ ဂိုးအထိသြင္းယူေပးထားတဲ့ ရိုက္က “ကြၽန္ေတာ္တို႔ အဆင့္ ၃ မွာ ပူးတြဲရပ္တည္ေနပါၿပီ၊ ရာသီမစခင္ လူေတြေမးခဲ့တဲ့

အႀကီးမားဆုံးေမးခြန္းကေတာ့ ဥေရာပၿပိဳင္ပြဲဝင္ခြင့္ရေအာင္ ကြၽန္ေတာ္တို႔ ေနာက္တစ္ႀကိမ္လုပ္နိုင္မွာလားဆိုတာပါ၊ ကြၽန္ေတာ္တို႔လုပ္နိုင္တယ္ဆိုတာကို သိခဲ့ရၿပီးပါၿပီ၊ ဒါေပမယ့္ ကစားရမယ့္ပြဲေတြက အမ်ားႀကီးရွိေနပါေသးတယ္”

“ဒါက အဆင့္တစ္ခုျဖစ္ၿပီး အတန္းအစားတစ္ခုလည္းျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔အေနနဲ႕ အသင္းႀကီး တစ္သင္း ျဖစ္ခ်င္တယ္ဆိုရင္ ျပန္နိမ့္က်သြားလို႔ မရပါဘူး၊ ကြၽန္ေတာ္ ကစားေပးတဲ့ ပြဲေတြမွာ

ဂိုးေတြပါ ထည့္ေပါင္းလို႔ရပါတယ္။ ဒီရာသီမွာ ကြၽန္ေတာ္ ေလးဂိုး သြင္းၿပီးပါၿပီ၊ ၄-၁ နဲ႕ အနိုင္ရခဲ့ေပမယ့္ ဒုတိယပိုင္းမွာ နည္းနည္းေတာ့ လြဲေခ်ာ္ခဲ့ပါတယ္” လို႔ ဒီကလန္ရိုက္ က ေျပာဆို သြားခဲ့ပါတယ္။