Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လူစုံတက်စုံ နဲ့ အတ္တလန်တာကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပွဲထွက် လူစာရင်းမှာလဲ လူစုံတက်စုံ ပါဝင်လာပေမယ့် ဂိုးသမား ဒီဂီယာ ရဲ့အမှား
အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့ရဲ့ အမှားကြောင့် နောက်က လိုက်ကစားခဲ့ရပြီး နှစ်ချို့ဝိုင်ကြီး ရော်နယ်ဒို ကယ်တင်သွားခဲ့လို့ အဝေးကွင်းမှာ သရေတစ်မှတ် ရရှိသွားခဲ့ပါတယ်။
အတ္တလန်တာ အသင်းဟာ လူတိုင်းသိတဲ့ ဆိုးလ်ရှားသာ မပြင်သေးတဲ့ ယူနိုက်တက်ရဲ့ ပြိုင်ဘက်က အမြန်ဖိအားပေး ကစားလာရင် ဘာလုပ်ရမယ် မသိတဲ့ အားနည်းချက်ကို အခွင့် ကောင်းယူကာ လျင်လျင်မြန်မြန် ဖိအားပေး ကစားလာခဲ့ပြီး
ယူနိုက်တက်ဟာ ကစားကွက် တည်မရသေးချိန် ပွဲကစားချိန် ၁၂ မိနစ်မှာ ဂိုးသမား ဒီဂီယာရဲ့ ဂိုးဖမ်းပုံ မသေသပ်မှုကနေ တစ်ဆင့် အီလီချစ်က အတ္တလန်တာ အတွက် အဖွင့်ဂိုးကို ခွင့်ပြု ပေးလိုက်ရပါတယ်။
ယူနိုက်တက် အတွက် ချေပဂိုးကို ဘရူနိုရဲ့ လှပတဲ့ နောက်ပေါက်နဲ့ ဖန်တီးမှုကို ရော်နယ်ဒိုက အဆုံးသတ် သေချာစွာ အပိုင်ပိတ် သွင်းယူပေးခဲ့ပါတယ်။ ပွဲကစားချိန် ၅၆ မိနစ်မှာတော့ အလှူ့ဒကာကြီး မက်ဂွိုင်းယားရဲ့
ပေါ့လျော့တဲ့ ကစားပုံမှ တဆင့် ဇာပါတာက အတ္တလန်တာအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး နောက် ယူနိုက်တက်ဟာ နည်းပြဆိုးလ်ရှား အသက် ဆက်ရေးအတွက် တိုက်စစ် ဖွင့်ကစားခဲ့ပါတယ်။
နာကျင်အချိန်ပို အရောက်မှာပဲ တိုက်စစ်တရစပ်ဆင်နေတဲ့ ယူဆိုက်တက်ဟာ အဖိုးတန် ချေပဂိုးကို ရှာဖွေတွေ့ရှိခဲ့ပြီး အဆိုပါဂိုးကိုတော့ အသင်းဖော်ဟောင်းလဲ ဖြစ် လက်ရှိနည်းပြလဲ ဖြစ်တဲ့ ဆိုးလ်ရှားကို
ဘော်ဒါသံယောဇဉ်နဲ့ မကြာခန ကယ်တင်နေတဲ့ တစ်ကွင်းလုံးက အသက်အကြီးဆုံး ကစားသမားကြီး ရော်နယ်ဒိုက ဧရိယာထိပ်ကနေ ညာထောင့်ထဲကို အပြင်းကန်သွင်းယူ ခဲ့ပါတယ်။
သူ့ ဂုဏ်သိက္ခာ သူ့သမိုင်း သူ့အသက်အရွယ်ကြောင့် ယူရိုပါလိဂ် ကန်ရမှာကြောက်လို့ သွင်းဂိုးတွေနဲ့ ခနခန ကယ်တင်နေရတဲ့ ရော်နယ်ဒိုဟာ အသက် ၃၆ နှစ် ၂၇၀ ရက်နဲ့ ယူနိုက်တက်အသင်းသမိုင်းမှာ ဥရောပပြိုင်ပွဲ တစ်ပွဲအတွင်း
နှစ်ဂိုးနဲ့အထက် သွင်းယူခဲ့တဲ့ အသက်အကြီးဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ယူနိုက်တက် သမိုင်းမှာ နစ္စတယ်ရွိုင်းရဲ့နောက် ချန်ပီယံလိဂ် လေးပွဲဆက် ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။