Spots news

ကစားသမားဘဝရဲ့အဆိုးရွားဆုံးအချိန်တွေနဲ့ရင်ဆိုင်နေရတဲ့ အဂွဲရိုး

Unicode Version

အလာဗက်စ်နဲ့ပွဲမှာ ရင်ဘတ်အောင့်၊ အသက်ရှုကျပ်လာလို့ ကွင်းထဲမှာတင် အရေးပေါ်ကုသမှုခံယူရပြီး ဆေးရုံတက်ခဲ့ရတဲ့ ဘာစီလိုနာတိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးဟာ နှလုံးခုန်မူမမှန်ဖြစ်နေတာကြောင့် နောက်ထပ် ၃ လ လောက်အနားယူရပါတော့မယ်။

အဂွဲရိုးဟာ အလာဗက်စ်နဲ့ပွဲမှာ သူ့ရဲ့အသင်းသစ်နဲ့ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ကွင်းထဲမှာ အချိန်ကြာကြာနေခွင့် မရခဲ့ပါဘူး။ ပထမပိုင်းမှာတင် အသက်ရှုကျပ်၊ ရင်ဘတ်ထဲက အောင့်လာတာကြောင့် ကွင်းထဲမှာတင်လှဲချပြီး ရင်ဘတ်ကို လက်နဲ့ဖိထားခဲ့ရပါတယ်။

အဲဒီနောက် ဘာစီလိုနာဆေးအဖွဲ့ကွင်းထဲဝင်လာပြီး အဂွဲရိုးကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး အဂွဲရိုးအနည်းငယ်သက်သာကာ ကွင်းထဲက လမ်းလျှောက်ထွက်သွားနိုင်ခဲ့ပါတယ်။ ချက်ချင်းဘဲ သူ့ကိုဆေးရုံတင်ပို့ခဲ့ပြီး နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဂွဲရိုးဟာ ဆေးရုံမှာ ၂ ရက်ကြာနေထိုင်ခဲ့ရပြီး နှလုံးပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုတွေ ခံယူခဲ့ရပါတယ်။ ဆေးစစ်မှုတွေပြီးစီးသွားချိန်မှာတော့ ဆရာဝန်ဂျိုးဇက်ဘရူဂါဒါက အဂွဲရိုးကို နှလုံးခုန်သံမူမမှန်ဖြစ်နေတာကြောင့် အပြည့်အဝပြန်ကောင်းလာစေဖို့အတွက် ၃ လကြာအနားယူရမယ်လို့ အသိပေးခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ အကောင်းဆုံးခြေစွမ်းတွေပြနိုင်ခဲ့ပြီး ထိပ်တန်းတိုက်စစ်မှူးဖြစ်လာတဲ့ အဂွဲရိုးဟာ မက်ဆီနဲ့တွဲကစားချင်လို့ ဘာစီလိုနာကိုရောက်လာခါမှ မက်ဆီကထွက်ခွာသွား၊ ရာသီသစ်မစတင်ခင်မှာတင် ဒဏ်ရာရသွားတာကြောင့် ၃ လကြာအနားယူနေခဲ့ရ

ပြန်ကစားနိုင်တော့လည်း ပထမဆုံးအိမ်ကွင်းပွဲမှာတင် နှလုံးရောဂါစိုးရိမ်ရပြီး ၃ လထပ်နားရဦးမယ်ဆိုတော့ အဂွဲရိုးရဲ့ဘဝမှာ ဆိုးရွားတဲ့အချိန်တွေပါပဲ။ အဂွဲရိုး ပြန်လည်ကျန်းမာလာပြီး အရင်လိုထိပ်တန်းအဆင့်ခြေစွမ်းကို ပြသနိုင်ပါစေလို့ပဲ မျှော်လင့်ဆုတောင်ပေးရမှာပါ။

Zawgyi Version

အလာဗက္စ္နဲ႕ပြဲမွာ ရင္ဘတ္ေအာင့္၊ အသက္ရႈက်ပ္လာလို႔ ကြင္းထဲမွာတင္ အေရးေပၚကုသမႈခံယူရၿပီး ေဆး႐ုံတက္ခဲ့ရတဲ့ ဘာစီလိုနာတိုက္စစ္မႉးဆာဂ်ီယိုအဂြဲရိုးဟာ ႏွလုံးခုန္မူမမွန္ျဖစ္ေနတာေၾကာင့္ ေနာက္ထပ္ ၃ လ ေလာက္အနားယူရပါေတာ့မယ္။

အဂြဲရိုးဟာ အလာဗက္စ္နဲ႕ပြဲမွာ သူ႕ရဲ႕အသင္းသစ္နဲ႕ပထမဆုံးအိမ္ကြင္းပြဲအျဖစ္ ပါဝင္ကစားခြင့္ရခဲ့ေပမယ့္ ကြင္းထဲမွာ အခ်ိန္ၾကာၾကာေနခြင့္ မရခဲ့ပါဘူး။ ပထမပိုင္းမွာတင္ အသက္ရႈက်ပ္၊ ရင္ဘတ္ထဲက ေအာင့္လာတာေၾကာင့္ ကြင္းထဲမွာတင္လွဲခ်ၿပီး ရင္ဘတ္ကို လက္နဲ႕ဖိထားခဲ့ရပါတယ္။

အဲဒီေနာက္ ဘာစီလိုနာေဆးအဖြဲ႕ကြင္းထဲဝင္လာၿပီး အဂြဲရိုးကို ၾကည့္ရႈေစာင့္ေရွာက္ေပးခဲ့ၿပီး အဂြဲရိုးအနည္းငယ္သက္သာကာ ကြင္းထဲက လမ္းေလွ်ာက္ထြက္သြားနိုင္ခဲ့ပါတယ္။ ခ်က္ခ်င္းဘဲ သူ႕ကိုေဆး႐ုံတင္ပို႔ခဲ့ၿပီး ေနာက္ထပ္စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အဂြဲရိုးဟာ ေဆး႐ုံမွာ ၂ ရက္ၾကာေနထိုင္ခဲ့ရၿပီး ႏွလုံးပိုင္းဆိုင္ရာစမ္းသပ္စစ္ေဆးမႈေတြ ခံယူခဲ့ရပါတယ္။ ေဆးစစ္မႈေတြၿပီးစီးသြားခ်ိန္မွာေတာ့ ဆရာဝန္ဂ်ိဳးဇက္ဘ႐ူဂါဒါက အဂြဲရိုးကို ႏွလုံးခုန္သံမူမမွန္ျဖစ္ေနတာေၾကာင့္ အျပည့္အဝျပန္ေကာင္းလာေစဖို႔အတြက္ ၃ လၾကာအနားယူရမယ္လို႔ အသိေပးခဲ့ပါတယ္။

မန္စီးတီးအသင္းမွာ အေကာင္းဆုံးေျခစြမ္းေတြျပနိုင္ခဲ့ၿပီး ထိပ္တန္းတိုက္စစ္မႉးျဖစ္လာတဲ့ အဂြဲရိုးဟာ မက္ဆီနဲ႕တြဲကစားခ်င္လို႔ ဘာစီလိုနာကိုေရာက္လာခါမွ မက္ဆီကထြက္ခြာသြား၊ ရာသီသစ္မစတင္ခင္မွာတင္ ဒဏ္ရာရသြားတာေၾကာင့္ ၃ လၾကာအနားယူေနခဲ့ရ

ျပန္ကစားနိုင္ေတာ့လည္း ပထမဆုံးအိမ္ကြင္းပြဲမွာတင္ ႏွလုံးေရာဂါစိုးရိမ္ရၿပီး ၃ လထပ္နားရဦးမယ္ဆိုေတာ့ အဂြဲရိုးရဲ႕ဘဝမွာ ဆိုး႐ြားတဲ့အခ်ိန္ေတြပါပဲ။ အဂြဲရိုး ျပန္လည္က်န္းမာလာၿပီး အရင္လိုထိပ္တန္းအဆင့္ေျခစြမ္းကို ျပသနိုင္ပါေစလို႔ပဲ ေမွ်ာ္လင့္ဆုေတာင္ေပးရမွာပါ။