Unicode Version
ပိုင်ရှင် အပြောင်းအလဲ ကြောင့် ဓနအင်အား တောင့်တင်းနေတဲ့ နယူးကာဆယ် ယူနိုက်တက်အသင်းဟာ နည်းပြ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် လတ်တလောမှာတော့ အာဆင်နယ် နည်းပြဟောင်း လက်ရှိ ဗီလာရီးရဲလ် နည်းပြ အူနိုင်းအမ်မရီကို ချိတ်ဆက်မှုတွေ ပြုလုပ်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
နယူးကာဆယ်ဟာ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းတို့နဲ့ သတင်းတွေ ထွက်ပေါ်နေရာကနေ ရုတ်တရက် အမ်မရီနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ အမ်မရီကို စာချုပ်အတိုင်း လျော်ကြေးပေး ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သတင်းတွေက ခိုင်ခိုင်မာမာ ဖော်ပြလာပါတယ်။
နယူးကာဆယ်အသင်းဟာ အသင်းကို ငွေကြေးပိုင်း ကြွယ်ဝလွန်းတဲ့ ပိုင်ရှင်အသစ်တွေရဲ့ လက်အောက်ကို ရောက်ရှိသွားကတည်းက အသင်းနည်းပြ အပြောင်းအလဲလုပ်မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး ဖရန့်လမ်းပတ် စတီဗင်ဂျရတ် လူစီယန်ဖာ ဖွန်ဆီကာ အက်ဒီဟောင်း နည်းပြဟောင်း ဘင်နီတက်ဇ်အပြင် မော်ရင်ဟိုနဲ့ပါ သတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမယ့် လက်ရှိမှာတော့ အမ်မရီနဲ့ အခိုင်အမာကို သတင်းထွက်လို့နေပြီး အမ်မရီအနေနဲ့ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ဆင်နွဲနေရတဲ့ လက်ရှိကလပ်ကို စွန့်လွတ်ပြီး တန်းဆင်းဇုန်အတွင်း ရုန်းကန်နေရတဲ့ ကလပ်အသင်းတစ်ခုစီ လွဲပြောင်းကိုင်တွယ်ပါ့မလားဆိုတာက စဉ်းစားစရာပါ။
ဒါကြောင့် နယူးကာဆယ်ဘက်က ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းကိုပါ ချိတ်ဆက်ထားတာဖြစ်ပြီး အက်ဒီဟောင်းက အမ်မရီလောက် နည်းစနစ်ပိုင်း မကြွယ်ဝပေမယ့် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတာကြောင့် နယူးကာဆယ်အတွက် နည်းပြသစ် ခန့်အပ်မှုအပိုင်းမှာ ပိုအဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။
Zawgyi Version
ပိုင္ရွင္ အေျပာင္းအလဲ ေၾကာင့္ ဓနအင္အား ေတာင့္တင္းေနတဲ့ နယူးကာဆယ္ ယူနိုက္တက္အသင္းဟာ နည္းျပ စတိဗ္ဘ႐ုစ္ကို ရာထူးကေန ထုတ္ပယ္ၿပီးေနာက္ လတ္တေလာမွာေတာ့ အာဆင္နယ္ နည္းျပေဟာင္း လက္ရွိ ဗီလာရီးရဲလ္ နည္းျပ အူနိုင္းအမ္မရီကို ခ်ိတ္ဆက္မႈေတြ ျပဳလုပ္လ်က္ ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။
နယူးကာဆယ္ဟာ ရိုးမားနည္းျပေဟာင္း ဖြန္ဆီကာ ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီေဟာင္းတို႔နဲ႕ သတင္းေတြ ထြက္ေပၚေနရာကေန ႐ုတ္တရက္ အမ္မရီနဲ႕ သတင္းေတြ ထြက္ေပၚလာခဲ့တာျဖစ္ၿပီး ဗီလာရီးရဲလ္နဲ႕ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ အမ္မရီကို စာခ်ဳပ္အတိုင္း ေလ်ာ္ေၾကးေပး ကမ္းလွမ္းဖြယ္ ရွိေနတယ္လို႔ သတင္းေတြက ခိုင္ခိုင္မာမာ ေဖာ္ျပလာပါတယ္။
နယူးကာဆယ္အသင္းဟာ အသင္းကို ေငြေၾကးပိုင္း ႂကြယ္ဝလြန္းတဲ့ ပိုင္ရွင္အသစ္ေတြရဲ႕ လက္ေအာက္ကို ေရာက္ရွိသြားကတည္းက အသင္းနည္းျပ အေျပာင္းအလဲလုပ္မယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး ဖရန႔္လမ္းပတ္ စတီဗင္ဂ်ရတ္ လူစီယန္ဖာ ဖြန္ဆီကာ အက္ဒီေဟာင္း နည္းျပေဟာင္း ဘင္နီတက္ဇ္အျပင္ ေမာ္ရင္ဟိုနဲ႕ပါ သတင္းထြက္ခဲ့ပါေသးတယ္။
ဒါေပမယ့္ လက္ရွိမွာေတာ့ အမ္မရီနဲ႕ အခိုင္အမာကို သတင္းထြက္လို႔ေနၿပီး အမ္မရီအေနနဲ႕ကလည္း ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဆင္ႏြဲေနရတဲ့ လက္ရွိကလပ္ကို စြန႔္လြတ္ၿပီး တန္းဆင္းဇုန္အတြင္း ႐ုန္းကန္ေနရတဲ့ ကလပ္အသင္းတစ္ခုစီ လြဲေျပာင္းကိုင္တြယ္ပါ့မလားဆိုတာက စဥ္းစားစရာပါ။
ဒါေၾကာင့္ နယူးကာဆယ္ဘက္က ဘုန္းေမာက္နည္းျပေဟာင္း အက္ဒီေဟာင္းကိုပါ ခ်ိတ္ဆက္ထားတာျဖစ္ၿပီး အက္ဒီေဟာင္းက အမ္မရီေလာက္ နည္းစနစ္ပိုင္း မႂကြယ္ဝေပမယ့္ လက္ရွိမွာ အသင္းလက္မဲ့ ျဖစ္ေနတာေၾကာင့္ နယူးကာဆယ္အတြက္ နည္းျပသစ္ ခန႔္အပ္မႈအပိုင္းမွာ ပိုအဆင္ေျပနိုင္ဖြယ္ ရွိေနပါတယ္။