Spots news

မက်ဂွိုင်းယားဟာ အရက်နာကျပြီး ဂိုးအလှူတွေ ပေးနေကြောင်း ပေါလ်စခိုးလ်ဝေဖန်

Unicode Version

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ အတ္တလန်တာအသင်းတို့ တစ်ဖက် နှစ်ဂိုးဆီ သရေကျခဲ့တဲ့ ပွဲစဥ်မှာ အသင်းဟောင်း ယူနိုက်တက်ရဲ့ ခြေစွမ်းဟာ ထပ်ပြီး စိတ်ညစ်စရာကောင်းခဲ့ကြောင်း ယူနိုက်တက် ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ပေါလ်စခိုးလ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အသင်းခေါင်းဆောင် မက်ဂွိုင်းယားရဲ့ ခြေစွမ်းအပေါ်မှာလည်း ပေါလ်စခိုးလ်က ဝေဖန်ခဲ့ပြီး မန်ယူအသင်းဟာ တိုက်စစ်က ကောင်းမွန်နေပေမယ့် ခံစစ်က သာမန်အဆင့်သာရှိသေးတယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ မြိုခံ ပြိုင်ဘက် မန်စီးတီး အတွက် အားနည်း‌ချက်တွေကို ချပြနေသလို ဖြစ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါလ်စခိုးလ်က “ဒီနေ့ညပွဲက ထပ်ပြီးတော့ စိတ်ညစ်စရာ အနည်းငယ် ကောင်းခဲ့ပါတယ်။ နောက်ခံလူ ရာဖေးလ်ဗာရန်း ထွက်သွားပြီးတဲ့နောက်မှာပဲ နောက်တန်း အခြေအနေက တကယ်ကို တုန်လှုပ်စရာ ကောင်းခဲ့ပြီး ၁ ဂိုး ပေးထားခဲ့ရတဲ့ အနေအထား မှာပါ။ကွင်းလယ်ရဲ့ အရည်အချင်းက တကယ့်ကို မကောင်းခဲ့ပါဘူး။

အသင်းခေါင်းဆောင် မက်ဂွိုင်းယား ကတော့ ယူရိုပြိုင်ပွဲ ပြီးကတည်းက သူဒဏ်ရာဘရနေလား အရက်နာကျ နေတုန်းလားဆိုတာ ကျွန်တော်မသိပါဘူး ဒါပေမယ့် သူ့ပုံစံက အခြေအနေ မကောင်းဘူး ဆိုတာကိုတော့ သိသာနေပါတယ်။ ပွဲအပေါ်အာရုံစိုက်မှုလဲ နည်းပါးနေပါတယ်။

စနေနေ့ မန်ချက်စတာ ဒါဘီ ပွဲစဥ်မှာ အနိုင်ရဖို့ အခွင့်အရေး ကောင်းတွေရနေပြီလို့ ဂွာဒီယိုလာ က တွေးနေမှာပါ။ ဗာရန်း မပါတဲ့ ယူနိုက်တက်အတွက် ဒီ့ထက်ပိုပြီး ခက်ခဲဦးမှာပါ။ ဂိုးဖန်တီးမှုတွေ ဂိုးသွင်းတာတွေ အတွက် ယူနိုက်တက်မှာအရည်အချင်းတွေရှိနေပေမယ့် နောက်တန်းကတော့ ဂိုးမပေးရဖို့အတွက် သာမန်အနေအထားလောက်ပဲ ကာကွယ်နေပါတယ်။” လို့ပြောကြား ခဲ့ပါတယ်။

Zawgyi Version

မေန႕ညက ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္ နဲ႕ အတၱလန္တာအသင္းတို႔ တစ္ဖက္ ႏွစ္ဂိုးဆီ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ အသင္းေဟာင္း ယူနိုက္တက္ရဲ႕ ေျခစြမ္းဟာ ထပ္ၿပီး စိတ္ညစ္စရာေကာင္းခဲ့ေၾကာင္း ယူနိုက္တက္ ဂႏၲဝင္ ကြင္းလယ္ ကစားသမားေဟာင္း ေပါလ္စခိုးလ္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားရဲ႕ ေျခစြမ္းအေပၚမွာလည္း ေပါလ္စခိုးလ္က ေဝဖန္ခဲ့ၿပီး မန္ယူအသင္းဟာ တိုက္စစ္က ေကာင္းမြန္ေနေပမယ့္ ခံစစ္က သာမန္အဆင့္သာရွိေသးတယ္လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။ ၿမိဳခံ ၿပိဳင္ဘက္ မန္စီးတီး အတြက္ အားနည္း‌ခ်က္ေတြကို ခ်ျပေနသလို ျဖစ္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေပါလ္စခိုးလ္က “ဒီေန႕ညပြဲက ထပ္ၿပီးေတာ့ စိတ္ညစ္စရာ အနည္းငယ္ ေကာင္းခဲ့ပါတယ္။ ေနာက္ခံလူ ရာေဖးလ္ဗာရန္း ထြက္သြားၿပီးတဲ့ေနာက္မွာပဲ ေနာက္တန္း အေျခအေနက တကယ္ကို တုန္လႈပ္စရာ ေကာင္းခဲ့ၿပီး ၁ ဂိုး ေပးထားခဲ့ရတဲ့ အေနအထား မွာပါ။ကြင္းလယ္ရဲ႕ အရည္အခ်င္းက တကယ့္ကို မေကာင္းခဲ့ပါဘူး။

အသင္းေခါင္းေဆာင္ မက္ဂြိုင္းယား ကေတာ့ ယူရိုၿပိဳင္ပြဲ ၿပီးကတည္းက သူဒဏ္ရာဘရေနလား အရက္နာက် ေနတုန္းလားဆိုတာ ကြၽန္ေတာ္မသိပါဘူး ဒါေပမယ့္ သူ႕ပုံစံက အေျခအေန မေကာင္းဘူး ဆိုတာကိုေတာ့ သိသာေနပါတယ္။ ပြဲအေပၚအာ႐ုံစိုက္မႈလဲ နည္းပါးေနပါတယ္။

စေနေန႕ မန္ခ်က္စတာ ဒါဘီ ပြဲစဥ္မွာ အနိုင္ရဖို႔ အခြင့္အေရး ေကာင္းေတြရေနၿပီလို႔ ဂြာဒီယိုလာ က ေတြးေနမွာပါ။ ဗာရန္း မပါတဲ့ ယူနိုက္တက္အတြက္ ဒီ့ထက္ပိုၿပီး ခက္ခဲဦးမွာပါ။ ဂိုးဖန္တီးမႈေတြ ဂိုးသြင္းတာေတြ အတြက္ ယူနိုက္တက္မွာအရည္အခ်င္းေတြရွိေနေပမယ့္ ေနာက္တန္းကေတာ့ ဂိုးမေပးရဖို႔အတြက္ သာမန္အေနအထားေလာက္ပဲ ကာကြယ္ေနပါတယ္။” လို႔ေျပာၾကား ခဲ့ပါတယ္။