Spots news

ပြိုင်ဘက် တိုက်စစ်မှူးက မက်ဂွိုင်းယားထက် ဘိုင်လီကို ပိုကြောက်တယ်လို့ ချီးကျူး

Unicode Version

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အတ္တလန်တာ တို့ရဲ့ပွဲမှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပါတယ်။အတ္တလန်တာအတွက် ဂိုးတွေကို အီလီဆစ်နဲ့ ဇာပါတာတို့က သွင်းယူပေးခဲ့ပြီး ယူနိုက်တက်အတွက် ရော်နယ်ဒိုက ၂ ဂိုးသွင်းပေးခဲ့ပြီး သရေတစ်မှတ်စီ ခွဲယူခဲ့ကြပါတယ်။အဆိုပါပွဲမှာ ယူနိုက်တက် နောက်ခံလူ ဘိုင်လီလည်း ပွဲထွက်ခွင့်ရခဲ့ပါတယ်။

အသင်းအတွက် မကစားရတာ ကြာပြီ ဖြစ်ပေမယ့် ဘိုင်လီဟာ ညက ပွဲမှာ အသင်းအတွက် အကောင်းဆုံး ကစားပေးနိုင်ခဲ့ပါတယ်။အထူးသဖြင့် ဗာရန်း ဒဏ်ရာကြောင့် ထွက်သွားပြီး နောက်ပိုင်းမှာ အသင်းရဲ့ ခံစစ်ကို ဦးဆောင် ကစားနိုင်ခဲ့ပြီး အတ္တလန်တာ တိုက်စစ်မှူးတွေကို အခက်တွေ့စေခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်လီဟာ ဇာပါတာရဲ့ သေချာပေါက်ဂိုးရနိုင်မယ့် ကန်ချက်ကိုလည်း အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။အဆိုပါပွဲပြီးတော့ ပြိုင်ဘက် အတ္တလန်တာ တိုက်စစ်မှူး ဇာပါတာက ဘိုင်လီရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပါတယ်။

ဇာပါတာက “ဘိုင်လီက အံ့အားသင့်စရာပဲဗျာ။ကျွန်တော် ဘောလုံးကို သေချာကန်လိုက်တယ်။ဒါပေမယ့် သူက ဘယ်ကရောက်လာမှန်း မသိပဲ ဘောလုံးကို ကာကွယ်သွားတယ်။ကျွန်တော်ဂိုးသွင်းနိုင်တဲ့ အလုံးမှာလည်း ကျွန်တော့်ကို လိုက်တားတာ

မက်ဂွိုင်းယားမဟုတ်ပဲ သူဆိုရင် ဘောလုံးက ဂိုးထဲရောက်မှာ မဟုတ်ပါဘူး။တစ်ပွဲလုံး သူ့ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ပေမယ့် ဘယ်လိုမှ မရခဲ့ဘူး။ပွဲပြီးတော့ ကျွန်တော်သူနဲ့ ဂျာစီချင်း လဲလှယ်ခဲ့ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version




