Spots news

အသက်အရွယ်ရလာမှ ဒဏ်ရာပြသနာ နှစ်ခု ဆက်တိုက်ကြုံနေရတဲ့ မက်ဆီ

Unicode Version

PSG တိုက်စစ်ကစားသမား မက်ဆီဟာ တံကောက်ကြောဒဏ်ရာ၊ ဒူးဒဏ်ရာတွေကြောင့် လိုက်ပ်ဇစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်အဝေးကွင်းပွဲစဥ်ကို လွဲချော်ရမယ်လို့ သိရှိရပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ ကြာသပတေးက ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဥ်တွေတည်းက ဒဏ်ရာပြဿနာရှိနေခဲ့တာပါ။

ဂျာမန်မြေမှာ ကစားမယ့် ဒီပွဲအတွက် PSG ရဲ့ ကစားသမား မက်ဆီမပါဝင်ခဲ့ဘဲ လိုင်လီနဲ့ပွဲမှာလည်း ပထမပိုင်းအပြီးတည်းက လူစားလဲခံခဲ့ရပါတယ်။ PSG ရဲ့တရားဝင် ဝက်ဘ်ဆိုက်ကတစ်ဆင့် “မက်ဆီက ဘယ်ဘက်ခြေထောက်မှာ တံကောက်ကြောဒဏ်ရာ ခံစားနေရပြီး ဒူးဒဏ်ရာလည်း ရရှိထားပါတယ်” လို့ ကြေညာခဲ့ပါတယ်။

ဂျာမနီကိုထွက်ခွာသွားတဲ့ လူစာရင်းမှာတော့ တိုက်စစ်ပိုင်းအတွက် အဓိက ကစားသမားတွေဖြစ်တဲ့ နေမာ၊ အမ်ဘာပေ၊ အီကာဒီတို့ ပါဝင်သွားခဲ့ပြီး အသင်းဘက်က မက်ဆီရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးသလို သတင်းတွေရဲ့ဖော်ပြချက်အရတော့ အသင်းရဲ့ ပွဲပေါင်းများစွာကို

လွဲချော်နိုင်ဖွယ် ရှိတယ်လို့ ဆိုနေကြတာပါ။ မက်ဆီဟာ ပြီးခဲ့တဲ့စက်တင်ဘာအတွင်းက အာဂျင်တီးနားအတွက် ကစားပေးရင်း ဒူးဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဒီဒဏ်ရာကို အမြစ်ပြတ်အောင် စပိန်နိုင်ငံမှာ သွားရောက်ကုသဖို့ ပြင်ဆင်နေပါတယ်။

မက်ဆီအနေနဲ့ လာမယ့်စနေမှာ ကစားမယ့် ဘော်ဒိုးနဲ့ပွဲကို သေချာပေါက် ထပ်မံလွဲချော်နိုင်ဖွယ်ရှိသလို အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကိုလည်း လွဲချော်လိမ့်မယ်လို့ မှန်းဆရပါတယ်။ မက်ဆီဟာ PSG အတွက် ပြိုင်ပွဲစုံ ၈ ပွဲကစားပြီးချိန်မှာ ၃ ဂိုးသာသွင်းယူထားနိုင်ပြီး အသင်းသစ်မှာ ရုန်းကန်နေရတယ်လို့ဆိုရမှာပါ။

Zawgyi Version

PSG တိုက္စစ္ကစားသမား မက္ဆီဟာ တံေကာက္ေၾကာဒဏ္ရာ၊ ဒူးဒဏ္ရာေတြေၾကာင့္ လိုက္ပ္ဇစ္နဲ႕ ကစားရမယ့္ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲစဥ္ကို လြဲေခ်ာ္ရမယ္လို႔ သိရွိရပါတယ္။ မက္ဆီဟာ ၿပီးခဲ့တဲ့ ၾကာသပေတးက ျပဳလုပ္ခဲ့တဲ့ အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြတည္းက ဒဏ္ရာျပႆနာရွိေနခဲ့တာပါ။

ဂ်ာမန္ေျမမွာ ကစားမယ့္ ဒီပြဲအတြက္ PSG ရဲ႕ ကစားသမား မက္ဆီမပါဝင္ခဲ့ဘဲ လိုင္လီနဲ႕ပြဲမွာလည္း ပထမပိုင္းအၿပီးတည္းက လူစားလဲခံခဲ့ရပါတယ္။ PSG ရဲ႕တရားဝင္ ဝက္ဘ္ဆိုက္ကတစ္ဆင့္ “မက္ဆီက ဘယ္ဘက္ေျခေထာက္မွာ တံေကာက္ေၾကာဒဏ္ရာ ခံစားေနရၿပီး ဒူးဒဏ္ရာလည္း ရရွိထားပါတယ္” လို႔ ေၾကညာခဲ့ပါတယ္။

ဂ်ာမနီကိုထြက္ခြာသြားတဲ့ လူစာရင္းမွာေတာ့ တိုက္စစ္ပိုင္းအတြက္ အဓိက ကစားသမားေတြျဖစ္တဲ့ ေနမာ၊ အမ္ဘာေပ၊ အီကာဒီတို႔ ပါဝင္သြားခဲ့ၿပီး အသင္းဘက္က မက္ဆီရဲ႕ ဒဏ္ရာအတိမ္အနက္ကို မသိရေသးသလို သတင္းေတြရဲ႕ေဖာ္ျပခ်က္အရေတာ့ အသင္းရဲ႕ ပြဲေပါင္းမ်ားစြာကို

လြဲေခ်ာ္နိုင္ဖြယ္ ရွိတယ္လို႔ ဆိုေနၾကတာပါ။ မက္ဆီဟာ ၿပီးခဲ့တဲ့စက္တင္ဘာအတြင္းက အာဂ်င္တီးနားအတြက္ ကစားေပးရင္း ဒူးဒဏ္ရာရရွိခဲ့တာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ ဒီဒဏ္ရာကို အျမစ္ျပတ္ေအာင္ စပိန္နိုင္ငံမွာ သြားေရာက္ကုသဖို႔ ျပင္ဆင္ေနပါတယ္။

မက္ဆီအေနနဲ႕ လာမယ့္စေနမွာ ကစားမယ့္ ေဘာ္ဒိုးနဲ႕ပြဲကို ေသခ်ာေပါက္ ထပ္မံလြဲေခ်ာ္နိုင္ဖြယ္ရွိသလို အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလား ေျခစစ္ပြဲေတြကိုလည္း လြဲေခ်ာ္လိမ့္မယ္လို႔ မွန္းဆရပါတယ္။ မက္ဆီဟာ PSG အတြက္ ၿပိဳင္ပြဲစုံ ၈ ပြဲကစားၿပီးခ်ိန္မွာ ၃ ဂိုးသာသြင္းယူထားနိုင္ၿပီး အသင္းသစ္မွာ ႐ုန္းကန္ေနရတယ္လို႔ဆိုရမွာပါ။