Spots news

အပယ်ခံ ကြယ်ပွင့် နှစ်ယောက်ကို ချီးကျူးမှုတွေပြလုပ်သွားတဲ့ နည်းပြ ဆိုးလ်ရှား

Unicode Version

အင်္ဂါနေ့ ချန်ပီယံလိဂ်ပြိုင်ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဒွန်နီဗန်ဒီဘိခ် နဲ့ ဆန်ချိုတို့ ၂ ယောက် ရဲ့ ပံ့ပိုးမှုတွေနဲ့ပတ်သတ်ပြီး ချီးကျူးစကားပြောကြားခဲ့ပါတယ်။ နယ်သာလန်ကွင်းလယ်လူ နဲ့ အင်္ဂလန် ကွင်းလယ်ကစားသမားတို့ကို နည်းပြ ဆိုးလ်ရှား ဟာ ပွဲချိန် ၈၇ မိနစ်အရောက်မှာ တိုက်စစ်ဖွင့်ဆော့ဖို့အတွက်

ဘရူနို နဲ့ တော်မီနေး တို့နေရာမှာ လူစားလဲလှယ်ခဲ့ပြီး သိပ်မကြာခင်မှာပဲ ကွင်းလယ် ကစားသမား၂ ယောက် ဝင်ရောက်လာချိန်မှာ ရော်နယ်ဒိုက အသင်းအတွက် လိုအပ်နေတဲ့ ချေပဂိုးကို ချက်ချင်းဆိုသလို သွင်းယူခဲ့ပြီး အရေးကြီးတဲ့ အဝေးကွင်းရမှတ် ကိုရရှိခဲ့ပါတယ်။

ဆိုးလ်ရှား က ” ဆန်ချိုက ထက်မြက်တဲ့ ကစားသမားတစ်ယောက်ပါ။ ကျနော် က ကာဗာနီကို ကွင်းထဲကို ပို့ထားတော့ လိုအပ်နေတဲ့ ဖြတ်တင်ဘောတွေအတွက် ဘရူနိုကို လူစားလဲလှယ်ပြီး သူ့ကို အခုလိုနေရာပေးခဲ့တာပါ။ ကျနော်စိတ်အထင်က ကာဗာနီ သို့မဟုတ် ရော်နယ်ဒိုဆီကို ဖြတ်တင်ဘောတွေ ရောက်ဖို့က နေရာလွတ်တွေ ဒီထက်ပိုမိုရှာဖွေဖို့လိုအပ်နေတယ်လို့ ထင်လို့ပါ ”

ဒွန်နီ ကတော့ နောက်ဆုံးချေပဂိုးအတွက် လိုအပ်တဲ့ နေရာယူ အယောင်ပြ ပြေးထွက်မှုကို ပြုလုပ်ပြီး သူ့တာဝန်ကို သူ အကောင်းဆုံး ယူသွားနိုင်ခဲ့တယ် ” လို့ အရန်ခုံကနေ ပွဲချိန် ၈၇ မိနစ်မှာ ကွင်းထဲဝင်ရောက်လာတဲ့ သူ့ရဲ့ ကွင်းလယ်ကစားသမားတွေရဲ့ ခြေစွမ်းကို သဘောကျတဲ့အကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

အဂၤါေန႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအၿပီးမွာ မန္ခ်က္စတာယူနိုက္တက္ နည္းျပ ဆိုးလ္ရွား က ဒြန္နီဗန္ဒီဘိခ္ နဲ႕ ဆန္ခ်ိဳတို႔ ၂ ေယာက္ ရဲ႕ ပံ့ပိုးမႈေတြနဲ႕ပတ္သတ္ၿပီး ခ်ီးက်ဴးစကားေျပာၾကားခဲ့ပါတယ္။ နယ္သာလန္ကြင္းလယ္လူ နဲ႕ အဂၤလန္ ကြင္းလယ္ကစားသမားတို႔ကို နည္းျပ ဆိုးလ္ရွား ဟာ ပြဲခ်ိန္ ၈၇ မိနစ္အေရာက္မွာ တိုက္စစ္ဖြင့္ေဆာ့ဖို႔အတြက္

ဘ႐ူနို နဲ႕ ေတာ္မီေနး တို႔ေနရာမွာ လူစားလဲလွယ္ခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ကြင္းလယ္ ကစားသမား၂ ေယာက္ ဝင္ေရာက္လာခ်ိန္မွာ ေရာ္နယ္ဒိုက အသင္းအတြက္ လိုအပ္ေနတဲ့ ေခ်ပဂိုးကို ခ်က္ခ်င္းဆိုသလို သြင္းယူခဲ့ၿပီး အေရးႀကီးတဲ့ အေဝးကြင္းရမွတ္ ကိုရရွိခဲ့ပါတယ္။

ဆိုးလ္ရွား က ” ဆန္ခ်ိဳက ထက္ျမက္တဲ့ ကစားသမားတစ္ေယာက္ပါ။ က်ေနာ္ က ကာဗာနီကို ကြင္းထဲကို ပို႔ထားေတာ့ လိုအပ္ေနတဲ့ ျဖတ္တင္ေဘာေတြအတြက္ ဘ႐ူနိုကို လူစားလဲလွယ္ၿပီး သူ႕ကို အခုလိုေနရာေပးခဲ့တာပါ။ က်ေနာ္စိတ္အထင္က ကာဗာနီ သို႔မဟုတ္ ေရာ္နယ္ဒိုဆီကို ျဖတ္တင္ေဘာေတြ ေရာက္ဖို႔က ေနရာလြတ္ေတြ ဒီထက္ပိုမိုရွာေဖြဖို႔လိုအပ္ေနတယ္လို႔ ထင္လို႔ပါ ”

ဒြန္နီ ကေတာ့ ေနာက္ဆုံးေခ်ပဂိုးအတြက္ လိုအပ္တဲ့ ေနရာယူ အေယာင္ျပ ေျပးထြက္မႈကို ျပဳလုပ္ၿပီး သူ႕တာဝန္ကို သူ အေကာင္းဆုံး ယူသြားနိုင္ခဲ့တယ္ ” လို႔ အရန္ခုံကေန ပြဲခ်ိန္ ၈၇ မိနစ္မွာ ကြင္းထဲဝင္ေရာက္လာတဲ့ သူ႕ရဲ႕ ကြင္းလယ္ကစားသမားေတြရဲ႕ ေျခစြမ္းကို သေဘာက်တဲ့အေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။