Spots news

ဇန်နဝါရီမှာ ထွက်ခွာမှာဆိုးလို့ ဗန်ဒီဘိခ်ကို ပွဲထွက်ခွင့် ပိုမိုပေးတော့မယ့် ဆိုးလ်ရှား

Unicode Version

ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အတ္တလန်တာ အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ ဆိုးလ်ရှားဟာ နောက်လာမယ့် ပွဲစဥ်တွေမှာ အသင်းမှာ ပွဲကစားချိန် တော်တော်လေး နည်းပါးနေတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အခွင့်အရေး ပိုမို ပေးသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ယူနိုက်တက်ကို မနှစ်က ပေါင် ၃၅ သန်းနဲ့ ငယ်ဘဝကလပ် အေဂျက်စ်ကနေ ပြောင်းရွှေ့လာပြီးကတည်းက နေရာရဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဗန်ဒီဘိခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၆ မိနစ် ဝန်းကျင်သာ ကစားခွင့်ရထားပြီး အသင်းမှာ ပုံမှန် ပွဲထွက်ခွင့်မရဘဲ အရံခုံမှာသာ အချိန်ဖြုန်းနေရ တဲ့အပေါ် တော်တော်လေး စိတ်ပျက်နေတာပါ။

ဗန်ဒီဘိခ်ဟာ ယမန်နေ့ည ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အတ္တလန်တာ တို့ ပွဲစဉ်မှာတော့ လူစားဝင် ကစားသမားအဖြစ် ဝင်ရောက် ကစားခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ပွဲပြီးခါနီး ၁၀ မိနစ်လောက်မှ ဝင်ရောက် ကစားခဲ့ရပေမယ့် ပြိုင်ဘက် အသင်းဘက်ကို ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နည်းပြဆိုးလ်ရှား အနေနဲ့ကတော့ ပွဲထွက်ခွင့် မရတဲ့ အတွက် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ တာစူနေတဲ့ ဗန်ဒီဘိခ်ကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အတွက် ပွဲကစားချိန် များများပေးဖို့ လိုအပ်နေကြောင်း ယူဆနေပြီး ပွဲထွက် ကစားသမား သို့မဟုတ် လူစားဝင် ကစားသမားအဖြစ် နောက်လာမယ့် ပွဲစဥ်တွေမှာ ဆက်လက် အသုံးပြု သွားဖွယ် ရှိနေပါတယ်။

နယ်သာလန် ကွင်းလယ်ကြယ်ပွင့် ဗန်ဒီဘိခ် အနေနဲ့ကလည်း ယူနိုက်တက်မှာ ပွဲထွက်ချိန် နည်းပါး နေတာကြောင့်သာ အသင်းမှ ထွက်ခွာဖို့ စဥ်းစား နေရုံဖြစ်ပြီး အခုထက် ပွဲချိန် များများပိုရလာပါက ဆုံးဖြတ်ချက်ကို ပြင်ဆင် သွားဖွယ်ရှိနေပြီး အသင်းအတွက် ပေးဆပ် ကစားသွားဖို့ အသင့်ရှိ ကြောင်းလည်း သိရပါတယ်။

Zawgyi Version

ယမန္ေန႕ညက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အတၱလန္တာ အသင္းနဲ႕ ခ်န္ပီယံလိဂ္ ပြဲစဥ္ ပြဲအၿပီးမွာ ထြက္ေပၚလာတဲ့ သတင္းေတြအရ မန္ခ်က္စတာ ယူနိုက္တက္ အသင္း နည္းျပ ဆိုးလ္ရွားဟာ ေနာက္လာမယ့္ ပြဲစဥ္ေတြမွာ အသင္းမွာ ပြဲကစားခ်ိန္ ေတာ္ေတာ္ေလး နည္းပါးေနတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို အခြင့္အေရး ပိုမို ေပးသြားဖြယ္ ရွိတယ္လို႔ သိရပါတယ္။

၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာ ယူနိုက္တက္ကို မႏွစ္က ေပါင္ ၃၅ သန္းနဲ႕ ငယ္ဘဝကလပ္ ေအဂ်က္စ္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ေနရာရဖို႔ ႐ုန္းကန္ေနခဲ့ရပါတယ္။ ဗန္ဒီဘိခ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ၆ မိနစ္ ဝန္းက်င္သာ ကစားခြင့္ရထားၿပီး အသင္းမွာ ပုံမွန္ ပြဲထြက္ခြင့္မရဘဲ အရံခုံမွာသာ အခ်ိန္ျဖဳန္းေနရ တဲ့အေပၚ ေတာ္ေတာ္ေလး စိတ္ပ်က္ေနတာပါ။

ဗန္ဒီဘိခ္ဟာ ယမန္ေန႕ည ကစားခဲ့တဲ့ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အတၱလန္တာ တို႔ ပြဲစဥ္မွာေတာ့ လူစားဝင္ ကစားသမားအျဖစ္ ဝင္ေရာက္ ကစားခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ပြဲၿပီးခါနီး ၁၀ မိနစ္ေလာက္မွ ဝင္ေရာက္ ကစားခဲ့ရေပမယ့္ ၿပိဳင္ဘက္ အသင္းဘက္ကို ထိေရာက္တဲ့ ဂိုးေပါက္ ၿခိမ္းေျခာက္မႈ တစ္ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

နည္းျပဆိုးလ္ရွား အေနနဲ႕ကေတာ့ ပြဲထြက္ခြင့္ မရတဲ့ အတြက္ ဇန္နဝါရီမွာ အသင္းေျပာင္းဖို႔ တာစူေနတဲ့ ဗန္ဒီဘိခ္ကို အသင္းမွာ ဆက္ထိန္းထားနိုင္ဖို႔ အတြက္ ပြဲကစားခ်ိန္ မ်ားမ်ားေပးဖို႔ လိုအပ္ေနေၾကာင္း ယူဆေနၿပီး ပြဲထြက္ ကစားသမား သို႔မဟုတ္ လူစားဝင္ ကစားသမားအျဖစ္ ေနာက္လာမယ့္ ပြဲစဥ္ေတြမွာ ဆက္လက္ အသုံးျပဳ သြားဖြယ္ ရွိေနပါတယ္။

နယ္သာလန္ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒီဘိခ္ အေနနဲ႕ကလည္း ယူနိုက္တက္မွာ ပြဲထြက္ခ်ိန္ နည္းပါး ေနတာေၾကာင့္သာ အသင္းမွ ထြက္ခြာဖို႔ စဥ္းစား ေန႐ုံျဖစ္ၿပီး အခုထက္ ပြဲခ်ိန္ မ်ားမ်ားပိုရလာပါက ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ သြားဖြယ္ရွိေနၿပီး အသင္းအတြက္ ေပးဆပ္ ကစားသြားဖို႔ အသင့္ရွိ ေၾကာင္းလည္း သိရပါတယ္။