Spots news

မန်ချက်စတာ ဒါဘီပွဲကို ဗာရန်းမပါပဲ ရင်ဆိုင်ကတော့မယ့် မန်ယူနိုက်တက်

Unicode Version

ယမန်နေ့ညက ယှဉ်ပြိုင်ကစား ခဲ့တဲ့ အတ္တလန်တာ နဲ့ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာ ယူနိုက်တက်အသင်းဟာ ရော်နယ်ဒို သွင်းယူတဲ့ ချေပဂိုးကြောင့် ယူနိုက်တက် အသင်း ရှုံးပွဲကင်းဝေးခဲ့ရပေမယ့် အဲဒီပွဲမှာ ဒဏ်ရာမှ သက်သာစပြုလာတဲ့ အားထားရတဲ့ နောက်ခံလူ ဗာရန်း ထပ်မံ ဒဏ်ရာရ သွားတာက ယူနိုက်တက် ပရိသတ်တွေ အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။

ယူနိုက်တက်ရဲ့ နောက်ခံလူ ဗာရန်းဟာ ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာကို ရရှိသွားခဲ့တာကြောင့် ပွဲကို ဆက်လက် မကစားနိုင်တော့ပဲ လူစားလဲခဲ့ရသလို ဒီဒဏ်ရာကြောင့် တစ်လဝန်းကျင်လောက် အထိ အနားယူသွားရမှာ ဖြစ်လို့ အသင်းရဲ့ အရေးကြီးတဲ့ ပွဲတချို့ကို ဆက်တိုက်လွဲချော်ရ တော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ခံစစ်မှာ တည်ငြိမ်စွာ ကစားပြနေတဲဗာရန်းဟာ ဒဏ်ရာကြောင့် လက်စတာ အတ္တလန်တာ (အိမ်ကွင်း)၊ လီဗာပူးနဲ့ ပွဲတွေမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူ မပါဝင်နိုင်တဲ့ ၃ ပွဲမှာ ခံစစ်က ၁၁ ဂိုးအထိ ခွင့်ပြုပေးခဲ့ရပြီး ခံစစ်ကြောင်း ဆိုးဆိုးရွားရွား ပေါက်ထွက် နေခဲ့ပါတယ်။ ဗာရန်း ပြန် ကစားနိုင်တဲ့ စပါးနဲ့ပွဲမှာ မန်ယူ ၃ ဂိုးပြတ်အနိုင်ရပြီး ဂိုးလည်း မပေးခဲ့ရပါဘူး။

ဗာရန်းဟာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ယူနိုက်တက်အသင်းရဲ့ ၃ ယောက်တန်းခံစစ်မှာ မက်ဂွိုင်းရား ဘိုင်လီတို့နဲ့အတူ ပါဝင်လာခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၃၆ မိနစ်ခန့်မှာပဲ တံကောက်ကြောဒဏ်ရာ ရရှိသွားတာကြောင့် ပွဲကို ဆက်လက်ကစားနိုင်ခြင်း မရှိတော့ပဲ ဂရင်းဝုဒ်နဲ့ လူစားလဲခဲ့ရပါတယ်။

ဒီဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ဗာရန်းဟာ တံကောက်ကြော ပြသာနာကြောင့် တစ်လဝန်းကျင်ခန့် အနားယူရတော့မှာဖြစ်ပြီး ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် မန်ချက်စတာဒါဘီပွဲစဉ်ကိုပါ သေချာပေါက် လွဲချော်ရတော့မှာ ဖြစ်ပါတယ်။

Zawgyi Version

ယမန္ေန႕ညက ယွဥ္ၿပိဳင္ကစား ခဲ့တဲ့ အတၱလန္တာ နဲ႕ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲမွာ ယူနိုက္တက္အသင္းဟာ ေရာ္နယ္ဒို သြင္းယူတဲ့ ေခ်ပဂိုးေၾကာင့္ ယူနိုက္တက္ အသင္း ရႈံးပြဲကင္းေဝးခဲ့ရေပမယ့္ အဲဒီပြဲမွာ ဒဏ္ရာမွ သက္သာစျပဳလာတဲ့ အားထားရတဲ့ ေနာက္ခံလူ ဗာရန္း ထပ္မံ ဒဏ္ရာရ သြားတာက ယူနိုက္တက္ ပရိသတ္ေတြ အတြက္ စိုးရိမ္စရာ ျဖစ္ေနပါတယ္။

ယူနိုက္တက္ရဲ႕ ေနာက္ခံလူ ဗာရန္းဟာ ပြဲစဥ္အတြင္းမွာ တံေကာက္ေၾကာဒဏ္ရာကို ရရွိသြားခဲ့တာေၾကာင့္ ပြဲကို ဆက္လက္ မကစားနိုင္ေတာ့ပဲ လူစားလဲခဲ့ရသလို ဒီဒဏ္ရာေၾကာင့္ တစ္လဝန္းက်င္ေလာက္ အထိ အနားယူသြားရမွာ ျဖစ္လို႔ အသင္းရဲ႕ အေရးႀကီးတဲ့ ပြဲတခ်ိဳ႕ကို ဆက္တိုက္လြဲေခ်ာ္ရ ေတာ့မွာ ျဖစ္ပါတယ္။

ယူနိုက္တက္ ခံစစ္မွာ တည္ၿငိမ္စြာ ကစားျပေနတဲဗာရန္းဟာ ဒဏ္ရာေၾကာင့္ လက္စတာ အတၱလန္တာ (အိမ္ကြင္း)၊ လီဗာပူးနဲ႕ ပြဲေတြမွာ ပါဝင္နိုင္ျခင္း မရွိခဲ့ပါဘူး။ သူ မပါဝင္နိုင္တဲ့ ၃ ပြဲမွာ ခံစစ္က ၁၁ ဂိုးအထိ ခြင့္ျပဳေပးခဲ့ရၿပီး ခံစစ္ေၾကာင္း ဆိုးဆိုး႐ြား႐ြား ေပါက္ထြက္ ေနခဲ့ပါတယ္။ ဗာရန္း ျပန္ ကစားနိုင္တဲ့ စပါးနဲ႕ပြဲမွာ မန္ယူ ၃ ဂိုးျပတ္အနိုင္ရၿပီး ဂိုးလည္း မေပးခဲ့ရပါဘူး။

ဗာရန္းဟာ အတၱလန္တာအသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း ယူနိုက္တက္အသင္းရဲ႕ ၃ ေယာက္တန္းခံစစ္မွာ မက္ဂြိုင္းရား ဘိုင္လီတို႔နဲ႕အတူ ပါဝင္လာခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္ ၃၆ မိနစ္ခန႔္မွာပဲ တံေကာက္ေၾကာဒဏ္ရာ ရရွိသြားတာေၾကာင့္ ပြဲကို ဆက္လက္ကစားနိုင္ျခင္း မရွိေတာ့ပဲ ဂရင္းဝုဒ္နဲ႕ လူစားလဲခဲ့ရပါတယ္။

ဒီဒဏ္ရာကို စစ္ေဆးမႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္မွာေတာ့ ဗာရန္းဟာ တံေကာက္ေၾကာ ျပသာနာေၾကာင့္ တစ္လဝန္းက်င္ခန႔္ အနားယူရေတာ့မွာျဖစ္ၿပီး ယူနိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းနဲ႕ ထိပ္တိုက္ရင္ဆိုင္ရမယ့္ မန္ခ်က္စတာဒါဘီပြဲစဥ္ကိုပါ ေသခ်ာေပါက္ လြဲေခ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။