Spots news

ဆိုးလ်ရှားကို ကယ်ရင်း ဆိုးလ်ရှားရဲ့ မန်ယူ သွင်းဂိုးအရေအတွက်ကို ရော်နယ်ဒို ကျော်ဖြတ်

Unicode Version

ယူနိုက်တက် အသင်းတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယမန်နေ့ညက ကစားခဲ့တဲ့ အတ္တလန်တာ အသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် ၂ ဂိုးစလုံး သွင်းယူပေးပြီးနောက်နည်းပြဖြစ်သူ ဆိုးလ်ရှားရဲ့ ယူနိုက်တက် ကစားသမားဘဝ သွင်းဂိုး အရေအတွက်ကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အိမ်ရှင် အတ္တလန်တာအသင်းက  အီလီချစ် နှင့် ဇာပါတာ တို့ရဲ့ သွင်းဂိုးများဖြင့် ယူနိုက်တက် အသင်းကို နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ယူနိုက်တက် အသင်းက ရော်နယ်ဒို တစ်ဦးတည်းက ပထမပိုင်းနှင့် ဒုတိယပိုင်း နာကျင်အချိန်ပိုများမှာ ချေပဂိုးများ ပြန်လည်သွင်းယူနိုင်ခဲ့ ခြင်းဖြစ်ပါတယ်။

အဆိုပါဂိုးများအပါအဝင် အသင်းဟောင်းကို တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ပထမအကြိမ် ကစားခဲ့စဉ်က သွင်းဂိုးများအပါအဝင် ပြိုင်ပွဲ စုံ ၃၀၃ ပွဲမှာ ၁၂၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နည်းပြ ဆိုးလ်ရှားရဲ့ ယူနိုက်တက် ကစားသမားဘဝ သွင်းဂိုး အရေအတွက်ကို တစ်ဂိုးအသာဖြင့် ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းမှာ ၁၉၉၆ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ဆယ်စုနှစ် တစ်ခုကျော်ကြာ ကစားသွားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၃၆၆ ပွဲကစားခဲ့ရာမှာ ၁၂၆ ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ဆိုးလ်ရှားတို့ဟာ ၂၀၀၃ ခုနှစ်မှ ဆိုးလ်ရှား ကစားသမားဘဝမှ အနားယူသည့် ၂၀၀၇ ခုနှစ်အထိ အတူတွဲ ကစားခဲ့ခြင်း ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုအနေနဲ့ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစာရင်းမှာ ဘရိုင်ယန် မက်ကလဲနှင့် တူညီနေသော်လည်း ပွဲအရေအတွက် လျော့နည်းသဖြင့် အဆင့် ၁၅ နေရာမှာ ရှိ‌နေပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်သို့ ပြန်လည်ရောက်ရှိလာပြီး ပြိုင်ပွဲစုံ ၁၁ ပွဲတွင် ၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် လေးပွဲစလုံး ဂိုးသွင်းနိုင်ခဲ့ပါတယ်။

Zawgyi Version

ယူနိုက္တက္ အသင္းတိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ယမန္ေန႕ညက ကစားခဲ့တဲ့ အတၱလန္တာ အသင္းႏွင့္ ႏွစ္ဂိုးစီ သေရက်ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အသင္းအတြက္ ၂ ဂိုးစလုံး သြင္းယူေပးၿပီးေနာက္နည္းျပျဖစ္သူ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ ကစားသမားဘဝ သြင္းဂိုး အေရအတြက္ကို ေက်ာ္ျဖတ္နိုင္ခဲ့ေၾကာင္း သိရပါတယ္။

အိမ္ရွင္ အတၱလန္တာအသင္းက  အီလီခ်စ္ ႏွင့္ ဇာပါတာ တို႔ရဲ႕ သြင္းဂိုးမ်ားျဖင့္ ယူနိုက္တက္ အသင္းကို ႏွစ္ႀကိမ္တိုင္တိုင္ ဦးေဆာင္နိုင္ခဲ့ၿပီးေနာက္ ယူနိုက္တက္ အသင္းက ေရာ္နယ္ဒို တစ္ဦးတည္းက ပထမပိုင္းႏွင့္ ဒုတိယပိုင္း နာက်င္အခ်ိန္ပိုမ်ားမွာ ေခ်ပဂိုးမ်ား ျပန္လည္သြင္းယူနိုင္ခဲ့ ျခင္းျဖစ္ပါတယ္။

အဆိုပါဂိုးမ်ားအပါအဝင္ အသင္းေဟာင္းကို တေက်ာ့ျပန္ ေရာက္ရွိလာတဲ့ ေရာ္နယ္ဒိုဟာ ယူနိုက္တက္မွာ ပထမအႀကိမ္ ကစားခဲ့စဥ္က သြင္းဂိုးမ်ားအပါအဝင္ ၿပိဳင္ပြဲ စုံ ၃၀၃ ပြဲမွာ ၁၂၇ ဂိုးအထိ သြင္းယူနိုင္ခဲ့ၿပီး နည္းျပ ဆိုးလ္ရွားရဲ႕ ယူနိုက္တက္ ကစားသမားဘဝ သြင္းဂိုး အေရအတြက္ကို တစ္ဂိုးအသာျဖင့္ ေက်ာ္ျဖတ္နိုင္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာ ယူနိုက္တက္အသင္းမွာ ၁၉၉၆ ခုႏွစ္မွ ၂၀၀၇ ခုႏွစ္ အထိ ဆယ္စုႏွစ္ တစ္ခုေက်ာ္ၾကာ ကစားသြားခဲ့ၿပီး ၿပိဳင္ပြဲစုံ ပြဲေပါင္း ၃၆၆ ပြဲကစားခဲ့ရာမွာ ၁၂၆ ဂိုး သြင္းယူ ေပးခဲ့ပါတယ္။ ေရာ္နယ္ဒို နဲ႕ ဆိုးလ္ရွားတို႔ဟာ ၂၀၀၃ ခုႏွစ္မွ ဆိုးလ္ရွား ကစားသမားဘဝမွ အနားယူသည့္ ၂၀၀၇ ခုႏွစ္အထိ အတူတြဲ ကစားခဲ့ျခင္း ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုအေနနဲ႕ အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ ဘရိုင္ယန္ မက္ကလဲႏွင့္ တူညီေနေသာ္လည္း ပြဲအေရအတြက္ ေလ်ာ့နည္းသျဖင့္ အဆင့္ ၁၅ ေနရာမွာ ရွိ‌ေနပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္သို႔ ျပန္လည္ေရာက္ရွိလာၿပီး ၿပိဳင္ပြဲစုံ ၁၁ ပြဲတြင္ ၉ ဂိုးအထိ သြင္းယူထားနိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ ေလးပြဲစလုံး ဂိုးသြင္းနိုင္ခဲ့ပါတယ္။