Spots news

နယူးကာဆယ်ကို နည်းပြဖို့ စိတ်မဝင်စားကြောင်း အူနိုင်းအမ်မရီ ပြောဆို

Unicode Version

နယူးကာဆယ်ဟာ သူတို့ရဲ့နည်းပြ စတိဗ်ဘရုစ်ကို ရာထူးကထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ်ဖို့အတွက် နာမည်ကျော် နည်းပြအချို့ကို ချဥ်း ကပ်လျက်ရှိပါတယ်။ နယူးကာဆယ်ကို ကိုင်တွယ်ဖို့အတွက် ကွန်တီ၊ ဂျရတ်၊ လမ်းပတ်တို့ အဓိကရေပန်းစားခဲ့ပြီး ကွန်တီကတော့ လက်ရှိအချိန်မှာ စပါးနည်းပြဖြစ်သွားခဲ့ပါပြီ။

နယူးကာဆယ်အနေနဲ့ ရိုးမားနည်းပြဟောင်း ဖွန်ဆီကာနဲ့ ဆွေးနွေးနေတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပြီး လက်ရှိ ဗီလာရီးရဲယ်နည်းပြ အူနိုင်းအမ်မရီကိုလည်း ချဥ်းကပ်ခဲ့သေးတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ မနေ့ညက ယန်းဘွိုင်းစ်ကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ အူနိုင်းအမ်မရီက အခုလိုပဲ ဖွင့်ဟခဲ့တာပါ။

အူနိုင်းအမ်မရီက “ဗီလာရီးရဲလ်က ကျွန်တော့်ရဲ့အိမ်ဖြစ်ပြီး ကျွန်တော် ဒီအသင်းအတွက် ရာနှုန်းပြည့်ပေးဆပ်ထားပါတယ်။ အရိုးသားဆုံးပြောရရင်တော့ ကျွန်တော့်ကို ထိပ်တန်းအသင်းတစ်သင်းက ဒီလိုမျိုး စိတ်ဝင်စားတဲ့အပေါ် ဝမ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော်က ဗီလာရီးရဲယ်မှာရှိနေရတာကို ပိုမိုပျော်ရွှင်ပြီး အသင်းမှာဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်”

“လာမယ့်တနင်္ဂနွေမှာ ကျွန်တော်တို့အတွက် အရေးကြီးပွဲတစ်ပွဲရှိပြီး အဲ့ဒီပွဲမှာလည်း ကျွန်တော်တို့ နိုင်ပွဲတစ်ပွဲကို ထပ်မံရှာဖွေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုအတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း နယူးကာဆယ်အနေနဲ့ သူ့ကို တရားဝင်သဘောမျိုး ကမ်းလှမ်းခဲ့တာမဟုတ်ဘူးလို့လည်း အူနိုင်းအမ်မရီက ပြောပါတယ်။ အူနိုင်းအမ်မရီဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရှိနည်းပြတစ်ယောက်ဖြစ်ပြီး အာဆင်နယ်ကို တစ်နှစ်ကျော်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးတာပါ။

Zawgyi Version

နယူးကာဆယ္ဟာ သူတို႔ရဲ႕နည္းျပ စတိဗ္ဘ႐ုစ္ကို ရာထူးကထုတ္ပယ္ခဲ့ၿပီးေနာက္ နည္းျပသစ္ခန့္အပ္ဖို႔အတြက္ နာမည္ေက်ာ္ နည္းျပအခ်ိဳ႕ကို ခ်ဥ္း ကပ္လ်က္ရွိပါတယ္။ နယူးကာဆယ္ကို ကိုင္တြယ္ဖို႔အတြက္ ကြန္တီ၊ ဂ်ရတ္၊ လမ္းပတ္တို႔ အဓိကေရပန္းစားခဲ့ၿပီး ကြန္တီကေတာ့ လက္ရွိအခ်ိန္မွာ စပါးနည္းျပျဖစ္သြားခဲ့ပါၿပီ။

နယူးကာဆယ္အေနနဲ႕ ရိုးမားနည္းျပေဟာင္း ဖြန္ဆီကာနဲ႕ ေဆြးေႏြးေနတယ္လို႔လည္း သတင္းေတြထြက္ေပၚခဲ့ၿပီး လက္ရွိ ဗီလာရီးရဲယ္နည္းျပ အူနိုင္းအမ္မရီကိုလည္း ခ်ဥ္းကပ္ခဲ့ေသးတယ္လို႔ သိရွိရပါတယ္။ ဒီအေၾကာင္းအရာနဲ႕ပတ္သက္လို႔ မေန႕ညက ယန္းဘြိုင္းစ္ကို အိမ္ကြင္းမွာ ႏွစ္ဂိုးျပတ္အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲအၿပီးမွာ အူနိုင္းအမ္မရီက အခုလိုပဲ ဖြင့္ဟခဲ့တာပါ။

အူနိုင္းအမ္မရီက “ဗီလာရီးရဲလ္က ကြၽန္ေတာ့္ရဲ႕အိမ္ျဖစ္ၿပီး ကြၽန္ေတာ္ ဒီအသင္းအတြက္ ရာႏႈန္းျပည့္ေပးဆပ္ထားပါတယ္။ အရိုးသားဆုံးေျပာရရင္ေတာ့ ကြၽန္ေတာ့္ကို ထိပ္တန္းအသင္းတစ္သင္းက ဒီလိုမ်ိဳး စိတ္ဝင္စားတဲ့အေပၚ ဝမ္းသာမိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က ဗီလာရီးရဲယ္မွာရွိေနရတာကို ပိုမိုေပ်ာ္႐ႊင္ၿပီး အသင္းမွာဆက္ေနဖို႔ ဆုံးျဖတ္ထားပါတယ္”

“လာမယ့္တနဂၤေႏြမွာ ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးပြဲတစ္ပြဲရွိၿပီး အဲ့ဒီပြဲမွာလည္း ကြၽန္ေတာ္တို႔ နိုင္ပြဲတစ္ပြဲကို ထပ္မံရွာေဖြနိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။ ပရိသတ္ေတြရဲ႕ အားေပးမႈအတြက္ ကြၽန္ေတာ္ ေက်းဇူးတင္ပါတယ္” လို႔ ဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း နယူးကာဆယ္အေနနဲ႕ သူ႕ကို တရားဝင္သေဘာမ်ိဳး ကမ္းလွမ္းခဲ့တာမဟုတ္ဘူးလို႔လည္း အူနိုင္းအမ္မရီက ေျပာပါတယ္။ အူနိုင္းအမ္မရီဟာ ပရီးမီးယားလိဂ္ အေတြ႕အႀကဳံရွိနည္းျပတစ္ေယာက္ျဖစ္ၿပီး အာဆင္နယ္ကို တစ္ႏွစ္ေက်ာ္ၾကာ နည္းျပအျဖစ္ ကိုင္တြယ္ခဲ့ဖူးတာပါ။