Unicode Version
လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ဒီရာသီ ချန်ပီယံလိဂ်မှာ ချန်ပီယံ အဖြစ်နိုင်ဆုံး အသင်းက လီဗာပူးအသင်း ဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီး ပရီးမီးယားလိ ဂ်ကလည်း ဥရောပရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး လိဂ်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်သလက်တီကို ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့်ကနေ တက်နိုင်သွားပြီ ဖြစ်ပါတယ်။ အေစီမီလန်၊ ပေါ်တိုတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေကျန်သေးပေမယ့် နောက်တစ်ဆင့်ကို တက်သွားနိုင်တာဖြစ်သလို ပြိုင်ပွဲစုံ ၂၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကိုလည်း ဆက်ထိန်း ထားနိုင်ခဲ့ပါတယ်။
လီဗာပူးဟာ ဒီရာသီမှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတစ်သင်းအဖြစ် ရပ်တည်လျက်ရှိပြီး အိုဝင်က ဥရောပပွဲစဉ်တွေကို အန်ဖီးလ်မှာ ကစားရတာက လီဗာပူးအတွက် အားသာချက်ဖြစ်စေနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း လီဗာပူးကို ယှဉ်နိုင်တဲ့အသင်းဆိုလို့ လက်ရှိချန်ပီယံ မန်စီးတီးနဲ့ ဥရောပ ချဲလ်ဆီးအသင်းတို့သာ ရှိတယ်လို့ ပြောခဲ့ပါတယ်။
အိုဝင်က “ လီဗာပူးအတွက် အန္တရာယ်အများဆုံးအသင်းက မန်စီးတီးနဲ့ ချဲလ်ဆီးပါ။ အန်ဖီးလ်ရဲ့အားသာချက်က ကျွန်တော့်ခေါင်းထဲက ထုတ်မရဘူး။ အန်ဖီးလ်မှာ ဒုတိယအကျော့ ကစားရမယ်ဆိုရင်တော့ ဘုရားသာတထားလိုက်ပါ။ အခုသူတို့ အန်ဖီးလ်မှာ လုံးဝရှုံးပွဲမရှိသေးဘူး။ သေချာတာ ချန်ပီယံလိဂ်ရဲ့ ဒီနှစ်ချန်ပီယံက လီဗာပူးပါပဲ ” ဆိုပြီး သုံးသပ်ခဲ့ပါတယ်။
Zawgyi Version
လီဗာပူးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္ကေတာ့ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ခ်န္ပီယံ အျဖစ္နိုင္ဆုံး အသင္းက လီဗာပူးအသင္း ျဖစ္တယ္လို႔ သုံးသပ္ခဲ့ၿပီး ပရီးမီးယားလိ ဂ္ကလည္း ဥေရာပရဲ႕ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံး လိဂ္ျဖစ္တယ္လို႔လည္း ေျပာခဲ့ပါတယ္။
လီဗာပူးအသင္းဟာ ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အက္သလက္တီကို ကို ၂-၀ နဲ႕ အနိုင္ရရွိခဲ့ၿပီး အုပ္စုအဆင့္ကေန တက္နိုင္သြားၿပီ ျဖစ္ပါတယ္။ ေအစီမီလန္၊ ေပၚတိုတို႔နဲ႕ ကစားရမယ့္ ပြဲစဥ္ေတြက်န္ေသးေပမယ့္ ေနာက္တစ္ဆင့္ကို တက္သြားနိုင္တာျဖစ္သလို ၿပိဳင္ပြဲစုံ ၂၅ ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္းကိုလည္း ဆက္ထိန္း ထားနိုင္ခဲ့ပါတယ္။
လီဗာပူးဟာ ဒီရာသီမွာ ဥေရာပရဲ႕ အေကာင္းဆုံး အသင္းတစ္သင္းအျဖစ္ ရပ္တည္လ်က္ရွိၿပီး အိုဝင္က ဥေရာပပြဲစဥ္ေတြကို အန္ဖီးလ္မွာ ကစားရတာက လီဗာပူးအတြက္ အားသာခ်က္ျဖစ္ေစနိုင္တယ္လို႔ သုံးသပ္ခဲ့ပါတယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္မွာလည္း လီဗာပူးကို ယွဥ္နိုင္တဲ့အသင္းဆိုလို႔ လက္ရွိခ်န္ပီယံ မန္စီးတီးနဲ႕ ဥေရာပ ခ်ဲလ္ဆီးအသင္းတို႔သာ ရွိတယ္လို႔ ေျပာခဲ့ပါတယ္။
အိုဝင္က “ လီဗာပူးအတြက္ အႏၲရာယ္အမ်ားဆုံးအသင္းက မန္စီးတီးနဲ႕ ခ်ဲလ္ဆီးပါ။ အန္ဖီးလ္ရဲ႕အားသာခ်က္က ကြၽန္ေတာ့္ေခါင္းထဲက ထုတ္မရဘူး။ အန္ဖီးလ္မွာ ဒုတိယအေက်ာ့ ကစားရမယ္ဆိုရင္ေတာ့ ဘုရားသာတထားလိုက္ပါ။ အခုသူတို႔ အန္ဖီးလ္မွာ လုံးဝရႈံးပြဲမရွိေသးဘူး။ ေသခ်ာတာ ခ်န္ပီယံလိဂ္ရဲ႕ ဒီႏွစ္ခ်န္ပီယံက လီဗာပူးပါပဲ ” ဆိုၿပီး သုံးသပ္ခဲ့ပါတယ္။