Spots news

ချန်ပီယံလိဂ် ရရှိမယ့်အသင်းတွေထဲ ရော်နယ်ဒိုရဲ့ မန်ယူကိုပါ ထည့်တွက်လိုက်တဲ့ မက်ဆီ

Unicode Version

ပီအက်စ်ဂျီစတား လီယွန်နယ် မက်ဆီက သူတို့ အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိတဲ့အသင်းထဲမှာ ပါဝင်ပြီး တခြား အသင်း ၆ သင်းဟာလည်း ချန်ပီယံဆု အတွက် ရေပန်းစားတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

မနေ့ညက ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်(၄) မှာ လိုက်ပစ်ဇ် အသင်းရဲ့ နောက်ကျ ချေပဂိုးကြောင့် ပီအက်စ်ဂျီ အသင်းဟာ သရေ တစ်မှတ်သာ ရသွားခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီ အသင်းဟာ ရမှတ် ၈ မှတ်နဲ့ ရှုံးထွက် အဆင့် တက်ရောက်ဖို့ အခြေအနေကောင်း နေပါတယ်။

ပီအက်စ်ဂျီ အသင်းရဲ့အုပ်စု(က) မှာ မန်စီးတီး အသင်းဟာ ဂိုးပြတ် နိုင်ပွဲ ရယူပြီး အုပ်စု အဆင့်ကို ဦးဆောင် နေပါတယ်။ နောက်ထပ် ပရီးမီးယားလိဂ် အသင်း တစ်သင်း ဖြစ်တဲ့ လီဗာပူး အသင်းကတော့ အက်သလက်တီကို မက်ဒရစ် ကို နှစ်ဂိုးပြတ် အနိုင်ယူပြီး ရှုံးထွက် အဆင့်ကို တက်လှမ်း သွားခဲ့ပါပြီ။

ကမ္ဘာ့အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်တဲ့ မက်ဆီ ကတော့ ဒီရာသီ ပီအက်စ်ဂျီ အသင်းနဲ့ အတူ ချန်ပီယံလိဂ် ရယူဖို့ စိတ်အားထက်သန်နေပေမယ့် မန်စီးတီး ၊ ချဲလ်ဆီး ၊ လီဗာပူး ၊ မန်ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် ၊ အက်သလက်တီကို မက်ဒရစ် တို့ဟာလည်း ချန်ပီယံလိဂ်ဆုကို ရယူနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

မက်ဆီ က beIN sports နဲ့ အင်တာဗျူးမှာ ” ဒီရာသီ ချန်ပီယံလိဂ် ချန်ပီယံဆု ရယူဖို့က ကျွန်တော့်ရဲ့ရည်မှန်းချက် ဖြစ်သလို ကလပ်ရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ သူတို့ ချန်ပီယံလိဂ် ချန်ပီယံဆုကို ရယူချင်နေကြပါတယ် ၊ အရင်ကလည်း ရဖို့ နီးစပ် ခဲ့ပါတယ် ။ ဒါက သူတို့ရဲ့ အဓိက ပစ်မှတ်ပါပဲ။ ”

” ကျွန်တော်တို့ အသင်းက ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းပါ ၊ ရေပန်းစားနေတာ ကျွန်တော်တို့ တစ်သင်းတည်းတော့ မဟုတ်ပါဘူး ။ အားလုံးက ပီအက်စ်ဂျီ အသင်း အကြောင်း ပြောနေကြပါတယ် ၊ ဒါကလည်း ကစားသမားတွေကြောင့်ပါ။ ”

” ဒါပေမယ့် တခြား အသင်းတွေကလည်း နှစ်အတော်ကြာ စုစည်းမှု ရှိရှိနဲ့ ကစားလာကြပြီး ကစားသမားကောင်းတွေကိုလည်း ခေါ်ယူထားပါတယ် ။ မန်ယူနိုက်တက် ၊ မန်စီးတီး ၊ ဘိုင်ယန် ၊ လီဗာပူး ၊ အက်သလက်တီကို နဲ့ ချဲလ်ဆီး တို့လိုပေါ့ဗျာ ။ ”

” ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတွေ အများကြီး ရှိပါတယ် ၊ ဒီပြိုင်ပွဲက တကယ့်ကို ခက်ခဲပါတယ် ၊ အကောင်းဆုံး အသင်းလည်း အမြဲတမ်း ချန်ပီယံဆု မရနိုင်ပါဘူး ၊ ချန်ပီယံဆုရဖို့ တခြားအရာတွေ အများကြီး လိုအပ် ပါသေးတယ် ၊ ကျွန်တော်တို့ အသင်းက ချန်ပီယံဆု ရနိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Zawgyi Version

ပီအက္စ္ဂ်ီစတား လီယြန္နယ္ မက္ဆီက သူတို႔ အသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္ ခ်န္ပီယံဆုကို ရယူနိုင္စြမ္း ရွိတဲ့အသင္းထဲမွာ ပါဝင္ၿပီး တျခား အသင္း ၆ သင္းဟာလည္း ခ်န္ပီယံဆု အတြက္ ေရပန္းစားတယ္လို႔ ထုတ္ေဖာ္ ေျပာၾကား လိုက္ပါတယ္။

မေန႕ညက ခ်န္ပီယံလိဂ္ အုပ္စု ပြဲစဥ္(၄) မွာ လိုက္ပစ္ဇ္ အသင္းရဲ႕ ေနာက္က် ေခ်ပဂိုးေၾကာင့္ ပီအက္စ္ဂ်ီ အသင္းဟာ သေရ တစ္မွတ္သာ ရသြားခဲ့ပါတယ္။ ဒါေပမယ့္ ပီအက္စ္ဂ်ီ အသင္းဟာ ရမွတ္ ၈ မွတ္နဲ႕ ရႈံးထြက္ အဆင့္ တက္ေရာက္ဖို႔ အေျခအေနေကာင္း ေနပါတယ္။

ပီအက္စ္ဂ်ီ အသင္းရဲ႕အုပ္စု(က) မွာ မန္စီးတီး အသင္းဟာ ဂိုးျပတ္ နိုင္ပြဲ ရယူၿပီး အုပ္စု အဆင့္ကို ဦးေဆာင္ ေနပါတယ္။ ေနာက္ထပ္ ပရီးမီးယားလိဂ္ အသင္း တစ္သင္း ျဖစ္တဲ့ လီဗာပူး အသင္းကေတာ့ အက္သလက္တီကို မက္ဒရစ္ ကို ႏွစ္ဂိုးျပတ္ အနိုင္ယူၿပီး ရႈံးထြက္ အဆင့္ကို တက္လွမ္း သြားခဲ့ပါၿပီ။

ကမာၻ႔အေကာင္းဆုံး ကစားသမား တစ္ဦး ျဖစ္တဲ့ မက္ဆီ ကေတာ့ ဒီရာသီ ပီအက္စ္ဂ်ီ အသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ ရယူဖို႔ စိတ္အားထက္သန္ေနေပမယ့္ မန္စီးတီး ၊ ခ်ဲလ္ဆီး ၊ လီဗာပူး ၊ မန္ယူနိုက္တက္ ၊ ဘိုင္ယန္ျမဴးနစ္ ၊ အက္သလက္တီကို မက္ဒရစ္ တို႔ဟာလည္း ခ်န္ပီယံလိဂ္ဆုကို ရယူနိုင္စြမ္း ရွိတယ္လို႔ ဆိုပါတယ္။

မက္ဆီ က beIN sports နဲ႕ အင္တာဗ်ဴးမွာ ” ဒီရာသီ ခ်န္ပီယံလိဂ္ ခ်န္ပီယံဆု ရယူဖို႔က ကြၽန္ေတာ့္ရဲ႕ရည္မွန္းခ်က္ ျဖစ္သလို ကလပ္ရဲ႕ ရည္မွန္းခ်က္လည္း ျဖစ္ပါတယ္။ သူတို႔ ခ်န္ပီယံလိဂ္ ခ်န္ပီယံဆုကို ရယူခ်င္ေနၾကပါတယ္ ၊ အရင္ကလည္း ရဖို႔ နီးစပ္ ခဲ့ပါတယ္ ။ ဒါက သူတို႔ရဲ႕ အဓိက ပစ္မွတ္ပါပဲ။ ”

” ကြၽန္ေတာ္တို႔ အသင္းက ခ်န္ပီယံဆုအတြက္ ေရပန္းစားေနတဲ့ အသင္းေတြထဲက တစ္သင္းပါ ၊ ေရပန္းစားေနတာ ကြၽန္ေတာ္တို႔ တစ္သင္းတည္းေတာ့ မဟုတ္ပါဘူး ။ အားလုံးက ပီအက္စ္ဂ်ီ အသင္း အေၾကာင္း ေျပာေနၾကပါတယ္ ၊ ဒါကလည္း ကစားသမားေတြေၾကာင့္ပါ။ ”

” ဒါေပမယ့္ တျခား အသင္းေတြကလည္း ႏွစ္အေတာ္ၾကာ စုစည္းမႈ ရွိရွိနဲ႕ ကစားလာၾကၿပီး ကစားသမားေကာင္းေတြကိုလည္း ေခၚယူထားပါတယ္ ။ မန္ယူနိုက္တက္ ၊ မန္စီးတီး ၊ ဘိုင္ယန္ ၊ လီဗာပူး ၊ အက္သလက္တီကို နဲ႕ ခ်ဲလ္ဆီး တို႔လိုေပါ့ဗ်ာ ။ ”

” ခ်န္ပီယံ ျဖစ္နိုင္တဲ့ အသင္းေတြ အမ်ားႀကီး ရွိပါတယ္ ၊ ဒီၿပိဳင္ပြဲက တကယ့္ကို ခက္ခဲပါတယ္ ၊ အေကာင္းဆုံး အသင္းလည္း အၿမဲတမ္း ခ်န္ပီယံဆု မရနိုင္ပါဘူး ၊ ခ်န္ပီယံဆုရဖို႔ တျခားအရာေတြ အမ်ားႀကီး လိုအပ္ ပါေသးတယ္ ၊ ကြၽန္ေတာ္တို႔ အသင္းက ခ်န္ပီယံဆု ရနိုင္တဲ့ အသင္းေတြထဲက တစ္သင္းပါ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။