Spots news

ဟာဇက်ကို ခေါ်ယူဖို့ မန်ယူနိုက်တက်ကို အခွင့်အရေးပေးထားခဲ့တဲ့ ရီးရဲလ်

Unicode Version

စပိန် သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်မှာ နေရာတစ်နေရာ ရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်သူ အီဒင်ဟာဇက်ကို ခေါ်ယူသွားဖို့ အခွင့်အရေးတွေ ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ဒီအခွင့်အရေးကို ငြင်းဆန် ပယ်ချ သွားခဲ့တယ်လို့ သိရှိရပါတယ်။

ရီးရဲလ်ဟာ ဟာဇက်ကို ၂၀၁၉ ခုနှစ်မှာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၁၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ဟာဇက်အတွက်မအောင်မြင်တဲ့အပြောင်းအရွှေ့ဖြစ်ခဲ့သလို ကစားသမားဘဝပါ သေသလိုဖြစ်သွားခဲ့တဲ့အထိ ရိုက်ခတ်မှုက ကြီးမားနေခဲ့ပါတယ်။

အသက် ၃၀ အရွယ် တောင်ပံ တိုက်စစ် ကစားသမား အီဒင်ဟာဇက်ဟာ ၃နှစ် တာ ကာလ အတွင်းမှာ ဒဏ်ရာပြသနာတွေနဲ့ ဆိုးဆိုးရွားရွား ရုန်းကန်ခဲ့ရသလို ရီးရဲလ် မက်ဒရစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲသာ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၉ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပါတယ်။

ရီရဲလ်နည်းပြ အန်စလော့တီက ဟာဇက်ထက် ဘရာဇီး ကစားသမားတွေ ဖြစ်တဲ့ ဗင်နီစီယပ်စ် ရိုဒရီဂိုတို့ကို နေရာပိုပေးချင်နေတာကြောင့် ဟာဇက်ကိုယ်တိုင် အသင်းနဲ့ လမ်းခွဲချင်နေသလို ဟာဇက်လို လစာမြင့်မားလှတဲ့ ကစားသမားမျိုးကို ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ် သွားချင်နေပါတယ်။

ဒါကြောင့် ရီးရဲလ်အသင်းက ဟာဇက်ကို ရောင်းချဖို့အတွက် မန်ချက်စတာ ယူနိုက်တက်အသင်းဆီကို ဆက်သွယ် ကမ်းလှမ်းခဲ့ပေမယ့် ယူနိုက်တက်အသင်းဘက်က ဟာဇက်ကို ခေါ်ယူဖို့ စိတ်မဝင်စားတာကြောင့် ပယ်ချသွားခဲ့ပါတယလို့ စပိန် အခြေစိုက် သတင်းမီဒီယာများက အခိုင်အမာ ဖော်ပြသွားပါတယ်။

ဟာဇက်ကို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေများစွာ စိတ်ဝင်စားလို့နေကြပြီး ဒီထဲမှာ သူရဲ့အသင်းဟောင်း ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေက ထိပ်ဆုံးကနေ ပါဝင်လျက်ရှိနေတယ်လို့ ESPN သတင်းမီဒီယာကနေ ဖော်ပြလို့ထားတာကြောင့် လာမယ့် ဇန်နဝါရီမှာပဲ ဟာဇက်ကို ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းမှာ ပြန်လည်မြင်တွေ့ ရလာနိုင်ပါတယ်။

Zawgyi Version

စပိန္အ‌ေျခစိုက္ သတင္းမီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္မွာ ေနရာတစ္ေနရာ ရရွိဖို႔ ခက္ခက္ခဲခဲ ႐ုန္းကန္ေနရတဲ့ ပရီးမီးယားလိဂ္ ၾကယ္ပြင့္ေဟာင္းတစ္ဦးျဖစ္သူ အီဒင္ဟာဇက္ကို ေခၚယူသြားဖို႔ အခြင့္အေရးေတြ ရွိေနေပမယ့္လည္း ယူနိုက္တက္ဘက္က ဒီအခြင့္အေရးကို ျငင္းဆန္ ပယ္ခ် သြားခဲ့တယ္လို႔ သိရွိရပါတယ္။

ရီးရဲလ္ ဟာ အီဒင္ဟာဇက္ကို ၂၀၁၉ခုႏွစ္မွာ ပရီးမီးယားလိဂ္ကလပ္ ခ်ယ္လ္ဆီးအသင္း ကေန ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၁၅ သန္းနဲ႕ ေခၚယူခဲ့ၿပီး ၅ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ဟာဇက္အတြက္မေအာင္ျမင္တဲ့အေျပာင္းအေ႐ႊ႕ျဖစ္ခဲ့သလို ကစားသမားဘဝပါ ေသသလိုျဖစ္သြားခဲ့တဲ့အထိ ရိုက္ခတ္မႈက ႀကီးမားေနခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္ ေတာင္ပံ တိုက္စစ္ ကစားသမား အီဒင္ဟာဇက္ဟာ ၃ႏွစ္ တာ ကာလ အတြင္းမွာ ဒဏ္ရာျပသနာေတြနဲ႕ ဆိုးဆိုး႐ြား႐ြား ႐ုန္းကန္ခဲ့ရသလို ရီးရဲလ္ မက္ဒရစ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၅၃ပြဲသာ ပါဝင္ ကစားေပးနိုင္ခဲ့ၿပီး သြင္းဂိုး ၅ဂိုးသာ သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၉ႀကိမ္သာ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ရီရဲလ္အသင္းရဲ႕ လက္ရွိနည္းျပ အန္စေလာ့တီက ဟာဇက္ထက္ ဘရာဇီး ကစားသမားေတြ ျဖစ္တဲ့ ဗင္နီစီယပ္စ္ ရိုဒရီဂိုတို႔ကို ေနရာပိုေပးခ်င္ေနတာေၾကာင့္ ဟာဇက္ကိုယ္တိုင္ အသင္းနဲ႕ လမ္းခြဲခ်င္ေနသလို ရီးရဲလ္ဘက္ကလည္း ဟာဇက္လို လစာျမင့္မားလွတဲ့ ကစားသမားမ်ိဳးကို ေဆာင္းေစ်းကြက္အတြင္းမွာပဲ အသင္းကေန ေရာင္းထုတ္သြားခ်င္ေနပါတယ္။

ဒါေၾကာင့္ ရီးရဲလ္အသင္းက ဟာဇက္ကို ေရာင္းခ်ဖိဳ႕အတြက္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီကို ဆက္သြယ္ ကမ္းလွမ္းခဲ့ေပမယ့္ ယူနိုက္တက္အသင္းဘက္က ဟာဇက္ကို ေခၚယူဖို႔ စိတ္မဝင္စားတာေၾကာင့္ ပယ္ခ်သြားခဲ့ပါတယလို႔ စပိန္ အေျခစိုက္ သတင္းမီဒီယာမ်ားက အခိုင္အမာ ေဖာ္ျပသြားပါတယ္။

ဟာဇက္ကို ပရီးမီးယားလိဂ္က ကလပ္အသင္းေတြမ်ားစြာ စိတ္ဝင္စားလို႔ေနၾကၿပီး ဒီထဲမွာ သူရဲ႕အသင္းေဟာင္း ခ်ယ္လ္ဆီးနဲ႕ နယူးကာဆယ္အသင္းေတြက ထိပ္ဆုံးကေန ပါဝင္လ်က္ရွိေနတယ္လို႔ ESPN သတင္းမီဒီယာကေန ေဖာ္ျပလို႔ထားတာေၾကာင့္ လာမယ့္ ဇန္နဝါရီမွာပဲ ဟာဇက္ကို ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္းသင္းမွာ ျပန္လည္ျမင္ေတြ႕ ရလာနိုင္ပါတယ္။