Spots news

မန်ယူရဲ့ ကွင်းလယ်ခံစစ်အတွက် အလွတ်နဲ့ ရရှိမယ့် ဘရိုဇိုဘစ်ကို စတင်ပစ်မှတ်ထား

Unicode Version

အီတလီ အားကစား သတင်းမီဒီယာများရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်အပါအဝင် အခြား ဥရောပ နာမည်ကြီးကလပ်အသင်းများ ဟာ အင်တာမီလန်အသင်း ရဲ့ကွင်းလယ်ကစားသမား ဘရိုဇိုဘစ် ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိ‌နေကြောင်းဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း နှင့်အတူ အသက် ၂၈ နှစ်အရွယ် အင်တာမီလန် ကွင်းလယ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းများကတော့ PSG နှင့် စပါး အသင်းတို့ဖြစ်ပြီး အဆိုပါ အသင်း ၃ သင်းဟာ လိုအပ်နေတဲ့ ကွင်းလယ်နေရာဖြစ်တဲ့ ကွင်းလယ်ခံစစ်နေရာကို ဖြည့်တင်းရန်အတွက် အခုလို ခေါ်ယူဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်း တိုက်စစ်နဲ့ ခံစစ်ပိုင်းကို အားဖြည့်တင်းခဲ့ပေမယ့်လည်း အသင်းရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကွင်းလယ်ခံစစ်ပိုင်းအတွက်ကိုတော့ ကစားသမားခေါ်ယူမှု မရှိခဲ့တာကြောင့် အသင်းရဲ့ DM ပိုင်းမှာ လိုအပ်ချက်တွေ ဖြစ်နေရပြီး ဒီအကျိုးဆက်ကိုလည်း လက်ရှိမှာ ခံစားနေရတာ ဖြစ်ပါတယ်။

ဘရိုဇိုဗစ်ကို ၂၀၁၅ ခုနှစ်က အင်တာမီလန် အသင်းဟာ ဒိုင်နမိုဇာဂရက်ဇ် ကနေ အငှားဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး နောက်ဘောလုံးရာသီမှာတော့ ပြောင်းရွေ့ကြေးပေါင် ၄.၅ သန်း ဝန်းကျင်ဖြင့်အပြီးသတ်ခေါ်ယူလိုက်တာဖြစ်ပါတယ်။ လက်ရှိ အင်တာမှာ ၆ နှစ်ကျော်ကြာ ဖြတ်သန်းပြီးနောက်မှာတော့ ၂၅၁ ပွဲ ကစားပေးထားပြီး ၂၅ ဂိုး သွင်းယူထားနိုင်တဲ့အပြင်

အင်တာမီလန် အသင်းအတွက် သွင်းဂိုး ၅၈ ဂိုး တိတိမှာ ပါဝင်ပတ်သတ်နေတဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်လာပါတယ်။ အင်တာမီလန် အသင်းနှင့် ဘရိုဇိုဘစ် ရဲ့ စာချုပ်ကလည်း ၂၀၂၂ ဇွန်လ ဆို ကုန်ဆုံးမှာဖြစ်လို့ ပြောင်းရွေ့ကြေးသိပ်အများကြီး ပေးစရာမလိုတဲ့ အသင့်သုံး ကွင်းလယ်ခံစစ် တစ်ယောက်ဖြစ်ပါတယ်။

Zawgyi Version

အီတလီ အားကစား သတင္းမီဒီယာမ်ားရဲ႕ ေဖာ္ျပခ်က္အရ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အပါအဝင္ အျခား ဥေရာပ နာမည္ႀကီးကလပ္အသင္းမ်ား ဟာ အင္တာမီလန္အသင္း ရဲ႕ကြင္းလယ္ကစားသမား ဘရိုဇိုဘစ္ ကို ေခၚယူဖို႔ စိတ္ဝင္စားလ်က္ ရွိ‌ေနေၾကာင္းဆိုပါတယ္။

မန္ခ်က္စတာယူနိုက္တက္အသင္း ႏွင့္အတူ အသက္ ၂၈ ႏွစ္အ႐ြယ္ အင္တာမီလန္ ကြင္းလယ္လူကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းမ်ားကေတာ့ PSG ႏွင့္ စပါး အသင္းတို႔ျဖစ္ၿပီး အဆိုပါ အသင္း ၃ သင္းဟာ လိုအပ္ေနတဲ့ ကြင္းလယ္ေနရာျဖစ္တဲ့ ကြင္းလယ္ခံစစ္ေနရာကို ျဖည့္တင္းရန္အတြက္ အခုလို ေခၚယူဖို႔ ျပင္ဆင္လာတာျဖစ္ပါတယ္။

ယူနိုက္တက္အသင္းအေနနဲ႕ ၿပီးခဲ့တဲ့ေႏြေစ်းကြက္အတြင္း တိုက္စစ္နဲ႕ ခံစစ္ပိုင္းကို အားျဖည့္တင္းခဲ့ေပမယ့္လည္း အသင္းရဲ႕ လိုအပ္ခ်က္တစ္ခုျဖစ္တဲ့ ကြင္းလယ္ခံစစ္ပိုင္းအတြက္ကိုေတာ့ ကစားသမားေခၚယူမႈ မရွိခဲ့တာေၾကာင့္ အသင္းရဲ႕ DM ပိုင္းမွာ လိုအပ္ခ်က္ေတြ ျဖစ္ေနရၿပီး ဒီအက်ိဳးဆက္ကိုလည္း လက္ရွိမွာ ခံစားေနရတာ ျဖစ္ပါတယ္။

ဘရိုဇိုဗစ္ကို ၂၀၁၅ ခုႏွစ္က အင္တာမီလန္ အသင္းဟာ ဒိုင္နမိုဇာဂရက္ဇ္ ကေန အငွားျဖင့္ ေခၚယူခဲ့တာျဖစ္ၿပီး ေနာက္ေဘာလုံးရာသီမွာေတာ့ ေျပာင္းေ႐ြ႕ေၾကးေပါင္ ၄.၅ သန္း ဝန္းက်င္ျဖင့္အၿပီးသတ္ေခၚယူလိုက္တာျဖစ္ပါတယ္။ လက္ရွိ အင္တာမွာ ၆ ႏွစ္ေက်ာ္ၾကာ ျဖတ္သန္းၿပီးေနာက္မွာေတာ့ ၂၅၁ ပြဲ ကစားေပးထားၿပီး ၂၅ ဂိုး သြင္းယူထားနိုင္တဲ့အျပင္

အင္တာမီလန္ အသင္းအတြက္ သြင္းဂိုး ၅၈ ဂိုး တိတိမွာ ပါဝင္ပတ္သတ္ေနတဲ့ အဓိက ကြင္းလယ္ကစားသမားတစ္ေယာက္ ျဖစ္လာပါတယ္။ အင္တာမီလန္ အသင္းႏွင့္ ဘရိုဇိုဘစ္ ရဲ႕ စာခ်ဳပ္ကလည္း ၂၀၂၂ ဇြန္လ ဆို ကုန္ဆုံးမွာျဖစ္လို႔ ေျပာင္းေ႐ြ႕ေၾကးသိပ္အမ်ားႀကီး ေပးစရာမလိုတဲ့ အသင့္သုံး ကြင္းလယ္ခံစစ္ တစ္ေယာက္ျဖစ္ပါတယ္။