Spots news

အူပါမီကာနိုကို ခေါ်ယူရန် ကြိုးစားမည့် ချဲလ်ဆီး နဲ့ မနက်ခင်း သတင်းတိုများ

Unicode Version

နည်းပြ လမ်းပတ် ရဲ့ ‌ချဲလ်ဆီး အနေနဲ့ လိုက်ဇစ် နောက်ခံလူ အူပါမီူကာနို ကို အပြိုင် ခေါ် ယူမယ့် တိုက်ပွဲ ထဲသို့ ဝင်ရောက်လာ ခဲ့ကြောင်း Daily Mail သတင်းစာရဲ့ ဖော်ပြချက် အရ သိရပါတယ်။

လီဗာပူး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့က ပြင်သစ် ဗဟို ခံစစ် ကစားသမားကို ယခင် ကတည်းက ခေါ်ယူဖို့ ချိတ်ဆက် ဆွေးနွေးထား ပြီး ဖြစ်ပြီး နည်းပြ လမ်းပတ်က လဲ ထို နှစ်သင်း နဲ့ အပြိုင် အဆိုင် ခေါ်ယူမည် ဖြစ်ကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဘရန်ဒန် ဝီလျံ ဟာ နယူကာဆယ် အသင်းသို့ ရာသီကုန် အထိ အငှား သွားရောက် ကစားရန် အလိုရှိ နေပါတယ်။ ဝီလျံဟာ တဲလက်စ် ရောက်ရှိ လာပြီးနောက် ပွဲထွက်ခွင့် ပျောက်ဆုံး နေခဲ့တာ အနည်းငယ် ကြာမြင့် ခဲ့ပါပြီ။

ခရိုနီကယ် သတင်းစာရဲ့ အဆိုအရ နယူးကာဆယ် နဲ့ ယူနိုက်တက် တို့ ဆွေးနွေးနေဆဲ ဖြစ်ပြီး ဝီလျံကတော့ အသင်းမှ အငှားသွားရောက် ကစားခွင့် ပြူရန် တောင်းဆိုထား ပါတယ်။

ဖီအိုရင် တီးနား အသင်းဟာ အက်သလက်တီကို မှာ အငှား သွားရောက် ကစားနေတဲ့ အာဆင်နယ် ကစားသမား တော်ရဲရားကို ခေါ်ယူဖို့ အလို ရှိနေပါတယ်။ တော်ရဲရား ဟာ အက်သလတ်တီကို သို့ အငှား ကစားနေတယ် ဆိုပေမယ့် ပုံမှန် ပွဲထွက် ခွင့် မရရှိ တာမို့ အာဆင်နယ် အသင်းက ပြန်လည် ခေါ်ယူ ရောင်းချရန် ဆန္ဒရှိ နေပါတယ်။

ထို့ကြောင့် အာဆင်နယ်အသင်းဟာ တော်ရဲရားကို ယခု ဇန်နဝါရီ အပြောင်းအရွေ့ ကာလမှာပဲ ရောင်းချ နိုင်တယ် လို့ သတင်းများက ဖော်ပြ နေကြပါတယ်။

ဗလင်စီယာ ကတော့ စပါး ကွင်းလယ်လူ ဟယ်ရီဝင့် ကို အငှား ခေါ်ယူဖို့ ကြိုးပမ်း နေတယ် လို့ သတင်းများ အရ သိရပါတယ်။

နည်းပြ မော်ရင်ဟို အနေနဲ့ လဲ ယူရို ပြိုင်ပွဲမှာ ပါဝင် လိုနေတဲ့ အင်္ဂလန် ကွင်းလယ်လူ ဟယ်ရီဝင့် အတွက် ပွဲကစားခွင့် ပိုမို ရရှိ‌စေမည် ဆိုလျှင် ဗလင်စီယာ နဲ့ သဘော တူညီမှု ရရှိ နိုင်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ကာလရှည် စောင့်ကြည့် ခဲ့တဲ့ လူငယ် ကစားသမား မွိုက် ကိုင်ဆီဒို ကို ခေါ်ယူမှု ပြုလုပ်တော့မှာ မဟုတ်ကြောင်း သိရပါတယ်။

ကိုင်ဆီဒိုကို ပရီးမီးယားလိဂ် ကလပ် တော်တော်များများက စောင့်ကြည့်နေပြီး ဘရိုက်တန် အသင်းက ကမ်းလှမ်း မှု စတင် လုပ်ဆောင် တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version

နည်းပြလမ်းပတ် ရဲ့ ‌ချဲလ်ဆီး အနေနဲ့ လိုက်ဇစ် နောက်ခံ အူပါမီူကာနို ကို အပြိုင်ခေါ် ယူမယ့် တိုက်ပွဲ ထဲသို့ ဝင်ရောက်လာ ခဲ့ကြောင်း Daily Mail သတင်းစာရဲ့ ဖော်ပြချက် အရ သိရပါတယ်။








