Spots news

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ရက်ဖို့ဒ် နဲ့ ဘယ်လင်ဂမ် တို့ကို ပြန်လည်ခေါ်ခဲ့တဲ့ အင်္ဂလန်

Unicode Version

အင်္ဂလန် အသင်းအနေဖြင့် အယ်လ်ဘေးနီးယား ၊ ဆန်မာရီနို တို့နှင့် ယခုလ အတွင်းကစားမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် ရက်ဖို့ဒ် အား အသင်းလူစာရင်းသို့ ပြန်လည် ခေါ်ယူလိုက်ပြီး ရက်ဖို့ဒ်ရဲ့ ယူနိုက်တက် အသင်းဖော်များဖြစ်တဲ့ ဂျေဒန်ဆန်ချိုနှင့် ဂျက်ဆီလင်ဂတ် တို့မှာ ပါဝင်လာခဲ့ခြင်း မရှိကြောင်း သိရှိရပါတယ်။

ကာတာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ဝင်ရောက်ရန်အတွက် အနည်းဆုံး ၄ မှတ် ရဖို့လိုအပ်နေတဲ့ အင်္ဂလန်အနေဖြင့် နိုဝင်ဘာ ၁၂ ရက်တွင် ဝင်ဘလေကွင်း၌ အယ်လ်ဘေးနီးယားအား လက်ခံကစားရမည် ဖြစ်ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ဆန်မာရီနိုနှင့် အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ပခုံးခွဲစိတ် ကုသမှု ခံယူပြီးနောက် ၅ ပွဲကစားကာ ၃ ဂိုး သွင်းယူထားတဲ့ ရက်ဖို့ဒ်ဟာ အဆိုပါ ဒါဏ်ရာကြောင့် အီတလီကို ရှုံးနိမ့်ခဲ့တဲ့ ယူရို ၂၀၂၀ ဖိုင်နယ်ကို လွဲချော်ခဲ့ရတဲ့အပြင် ယခုအချိန်ထိ အင်္ဂလန် အသင်းအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးပဲ အယ်လ်ဘေးနီးယားနှင့် လာမည့်ပွဲစဉ်မှသာ ပြန်လည်ကစားဖို့ ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဖော်များဖြစ်တဲ့ လင်ဂတ် နှင့် ဆန်ချို တို့နှစ်ဦးမှာ ပဏာမ ရွေးချယ်တဲ့ လူစာရင်းတွင် ပါဝင်ခဲ့ကြသော်လည်း ကလပ်အသင်းအတွက် ပုံစံကောင်း မပြသ နိုင်မှုနှင့် ကစားချိန် နည်းပါးခြင်းအတွက် ဆန်ကာတင်စာရင်းမှ ချန်လှပ် ခံထားရခြင်း ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းမှ ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ဟာ ပြီးခဲ့သည့်လက အန်ဒိုရာနှင့် ဟန်ဂေရီတို့ ကစားခဲ့တဲ့ ခြေစစ်ပွဲအတွက် လူစာရင်းတွင် ရွေးချယ်မခံခဲ့ရပဲ ယခုမှသာ ပြန်လည် ပါဝင်လာခဲ့သလို အခြား ကစားသမားများ ဖြစ်တဲ့ မက်ဂွိုင်းယား ရီစီဂျိမ်း နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ လည်း လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

Zawgyi Version

အဂၤလန္ အသင္းအေနျဖင့္ အယ္လ္ေဘးနီးယား ၊ ဆန္မာရီနို တို႔ႏွင့္ ယခုလ အတြင္းကစားမည့္ ကမာၻ႔ဖလား ေျခစစ္ပြဲအတြက္ ရက္ဖို႔ဒ္ အား အသင္းလူစာရင္းသို႔ ျပန္လည္ ေခၚယူလိုက္ၿပီး ရက္ဖို႔ဒ္ရဲ႕ ယူနိုက္တက္ အသင္းေဖာ္မ်ားျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳႏွင့္ ဂ်က္ဆီလင္ဂတ္ တို႔မွာ ပါဝင္လာခဲ့ျခင္း မရွိေၾကာင္း သိရွိရပါတယ္။

ကာတာ ၂၀၂၂ ကမာၻ႔ဖလား ၿပိဳင္ပြဲသို႔ ဝင္ေရာက္ရန္အတြက္ အနည္းဆုံး ၄ မွတ္ ရဖို႔လိုအပ္ေနတဲ့ အဂၤလန္အေနျဖင့္ နိုဝင္ဘာ ၁၂ ရက္တြင္ ဝင္ဘေလကြင္း၌ အယ္လ္ေဘးနီးယားအား လက္ခံကစားရမည္ ျဖစ္ၿပီး နိုဝင္ဘာ ၁၅ ရက္တြင္ ဆန္မာရီနိုႏွင့္ အေဝးကြင္းမွာ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ပခုံးခြဲစိတ္ ကုသမႈ ခံယူၿပီးေနာက္ ၅ ပြဲကစားကာ ၃ ဂိုး သြင္းယူထားတဲ့ ရက္ဖို႔ဒ္ဟာ အဆိုပါ ဒါဏ္ရာေၾကာင့္ အီတလီကို ရႈံးနိမ့္ခဲ့တဲ့ ယူရို ၂၀၂၀ ဖိုင္နယ္ကို လြဲေခ်ာ္ခဲ့ရတဲ့အျပင္ ယခုအခ်ိန္ထိ အဂၤလန္ အသင္းအတြက္ ပါဝင္ကစားနိုင္ျခင္း မရွိေသးပဲ အယ္လ္ေဘးနီးယားႏွင့္ လာမည့္ပြဲစဥ္မွသာ ျပန္လည္ကစားဖို႔ ေ႐ြးခ်ယ္ခံခဲ့ရျခင္း ျဖစ္ပါတယ္။

ယူနိုက္တက္ အသင္းေဖာ္မ်ားျဖစ္တဲ့ လင္ဂတ္ ႏွင့္ ဆန္ခ်ိဳ တို႔ႏွစ္ဦးမွာ ပဏာမ ေ႐ြးခ်ယ္တဲ့ လူစာရင္းတြင္ ပါဝင္ခဲ့ၾကေသာ္လည္း ကလပ္အသင္းအတြက္ ပုံစံေကာင္း မျပသ နိုင္မႈႏွင့္ ကစားခ်ိန္ နည္းပါးျခင္းအတြက္ ဆန္ကာတင္စာရင္းမွ ခ်န္လွပ္ ခံထားရျခင္း ျဖစ္ပါတယ္။

ေဒါ့မြန္အသင္းမွ ကြင္းလယ္ကစားသမား ဘယ္လင္ဂမ္ဟာ ၿပီးခဲ့သည့္လက အန္ဒိုရာႏွင့္ ဟန္ေဂရီတို႔ ကစားခဲ့တဲ့ ေျခစစ္ပြဲအတြက္ လူစာရင္းတြင္ ေ႐ြးခ်ယ္မခံခဲ့ရပဲ ယခုမွသာ ျပန္လည္ ပါဝင္လာခဲ့သလို အျခား ကစားသမားမ်ား ျဖစ္တဲ့ မက္ဂြိုင္းယား ရီစီဂ်ိမ္း နဲ႕ ကယ္လ္ဗင္ဖီးလစ္တို႔ လည္း လူစာရင္းမွာ ပါဝင္လာခဲ့ပါတယ္။