Spots news

သူ့ကိုမြေတောင်မြှောက် ပေးခဲ့တဲ့ အသင်းဟောင်းကိုပဲ ပြန်သွားချင်တဲ့ ပေါ့ဘာ

Unicode Version

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့စာချုပ်သစ် မချုပ်လိုတော့ဘဲ အသင်းကနေအလွတ် သဘောနဲ့ ဂျုဗင်တပ် အသင်းကို ပြန်သွား ချင်တယ်လို့ သူရဲ့အေးဂျင့်ကို

တောင်းဆိုထား တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ ဒီသတင်းဟာ ကောလဟာလ ဆိုပေမယ့် ဥရောပ အားကစား သတင်းဌာနကြီးများက ဖော်ပြထားတာပါ။

သူ့ကို ခေါ်ယူဖို့ PSG က အရင် စိတ်ဝင်စားခဲ့ပြီး သူ့ရဲ့ လစာကို တိုးပေးပြီး စာချူပ်ချုပ်ဆိုဖို့ နွေရာသီ အပြောင်းအရွေ့ ကာလမှာ ကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ရီးရဲ မက်ဒရစ်ကလဲ သူကစားချင်တဲ့

အသင်းတွေ ထဲက တသင်း ဖြစ်တာကြောင် ပေါ့ဘာဟာ ရီးရဲ့ ကိုသွားနိုင်တယ် လို့လဲ အစောပိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ရီးရဲလ်ကလဲ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲက တသင်းဖြစ်ပါတယ်။

နောက်ဆုံး ဖြစ်နိုင်ခြေ နည်းပေမယ့် ဒီရာသီမှာဘဏ္ဍာရေး အခက်ခဲတွေကြောင့် စာချုပ်သက်တမ်းကုန်တဲ့ အကောင်းဆုံး ကစားသမားတွေကို ပြောင်းရွေ့ကြေး အလွတ်နဲ့ ခေါ်ယူထားတဲ့ ဘာစီလိုနာလဲ

ပါဝင် လာခဲ့တယ်လို့လဲ သိရပါတယ်။ ဒီနေ့နောက်ဆုံး သတင်းမှာတော့ ပေါ့ဘာဟာ သူ့အသက်ရွယ်နဲ့ အောင်မြင်မူရရှိဖို့ အလားလာရှိပြီး သူကို မြေတောင်မြှောက် ပေးခဲ့တဲ့ အသင်းမှာဘဲ ကစားဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

Zawgyi Version





