Unicode Version
အသင်းဟောင်းလီဗာပူးကို ဂိုးသွင်းယူလိုက်ပြီးတဲ့နောက် အောင်ပွဲခံမှု မလုပ်ခဲ့ပေမယ့် အက်သလက်တီကို တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ဟာ လူစားလဲတဲ့ အချိန်မှာတော့
လီဗာပူး ပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ လီဗာပူးက အက်သလက်တီကို အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဆွာရက်ဇ်ဟာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဂိုးသွင်းယူအပြီးမှာတော့ ဆွာရက်ဇ်ဟာ အောင်ပွဲခံခြင်းမရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးတဲ့နောက် ဒီဂိုးဟာ ဂျီမီနက်ဇ်ရဲ့ လူကျွံဘောဆိုပြီး ခွင့်မပြုခဲ့တာပါ။
အဲဒီနောက် ၂ မိနစ်အကြာမှာ ဆွာရက်ဇ်ကို နည်းပြဆီမြွန်နီက ဟာရဲရားနဲ့ လူစားလဲခဲ့ပြီး အရန်ခုံတန်းဆီ ပြန်လာတဲ့အချိန်မှာတော့ လီဗာပူး ပရိသတ်တွေက
အော်ဟစ် လှောင်ပြောင်ခဲ့ကြပါတယ်။ ဆွာရက်ဇ်က သူဟာ လီဗာပူး အပေါ် သံယောဇဉ် ရှိနေတုန်းဖြစ်ကြောင်း၊ ဘယ်ကစားသမားမဆို လီဗာပူး မှာ ကစားချင်မှာပဲ ဖြစ်ကြောင်း
အသင်းဟောင်းနဲ့ပတ်သက်ပြီး အဲဒီပွဲမတိုင်ခင်မှာ ချီးမွမ်းခဲ့ပါသေးတယ်။ ပွဲချိန်အတွင်း ကွင်းလယ်ဒိုင်ကို စောဒကတက်ခဲ့လို့ ဆွာရက်ဇ်ဟာ
အဝါကတ် ပြသခြင်းကိုလည်း ခံခဲ့ရပါတယ်။ ဆိုရရင် ဆွာရက်ဇ်ဟာ အသင်းဟောင်း လီဗာပူးနဲ့ပွဲစဉ်မှာ သွင်းဂိုးမရှိ၊ ဂိုးကန်သွင်းချက်မရှိ၊
အခွင့်အရေး ဖန်တီးနိုင်မှုမရှိ၊ ပြိုင်ဘက် အပေါ် လှည့်ဖြား လိမ်ခေါက်ခြင်းမျိုးမရှိ၊ ယှဉ်လု နိုင်စွမ်းမရှိ စတဲ့မှတ်တမ်းတွေပဲ ရရှိခဲ့သူဖြစ်ပါတယ်။
လီဗာပူးအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၃ မိနစ်မှာ အာနိုးရဲ့ ဖန်တီးပေးမှုကတစ်ဆင့် ဂျိုတာက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုလည်း အာနိုးဖန်တီးပေးတာကနေပဲ မာနေးက သွင်းယူပေးခဲ့တာပါ။
ပွဲချိန် ၃၆ မိနစ်မှာ မာနေးကို ကစားပုံကြမ်းတမ်းတာကြောင့် ကွင်းလယ်ဒိုင်က ခေါ်ခဲ့ရာမှာ မလာခဲ့တာကြောင့် ဖိလစ်ပီအထုတ်ခံခဲ့ရပြီး အက်သလက်တီကိုဟာ တစ်ယောက်လျော့နဲ့ပဲ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။
Zawgyi Version
အသင္းေဟာင္းလီဗာပူးကို ဂိုးသြင္းယူလိုက္ၿပီးတဲ့ေနာက္ ေအာင္ပြဲခံမႈ မလုပ္ခဲ့ေပမယ့္ အက္သလက္တီကို တိုက္စစ္မႉး လူးဝစ္ဆြာရက္ဇ္ဟာ လူစားလဲတဲ့ အခ်ိန္မွာေတာ့
လီဗာပူး ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္မႈကို ခံခဲ့ရပါတယ္။ လီဗာပူးက အက္သလက္တီကို အသင္းကို ၂-၀ နဲ႕ အနိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဆြာရက္ဇ္ဟာ ဂိုးတစ္ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။
ဂိုးသြင္းယူအၿပီးမွာေတာ့ ဆြာရက္ဇ္ဟာ ေအာင္ပြဲခံျခင္းမရွိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က VAR ျပန္ၾကည့္ၿပီးတဲ့ေနာက္ ဒီဂိုးဟာ ဂ်ီမီနက္ဇ္ရဲ႕ လူကြၽံေဘာဆိုၿပီး ခြင့္မျပဳခဲ့တာပါ။
အဲဒီေနာက္ ၂ မိနစ္အၾကာမွာ ဆြာရက္ဇ္ကို နည္းျပဆီႁမြန္နီက ဟာရဲရားနဲ႕ လူစားလဲခဲ့ၿပီး အရန္ခုံတန္းဆီ ျပန္လာတဲ့အခ်ိန္မွာေတာ့ လီဗာပူး ပရိသတ္ေတြက
ေအာ္ဟစ္ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။ ဆြာရက္ဇ္က သူဟာ လီဗာပူး အေပၚ သံေယာဇဥ္ ရွိေနတုန္းျဖစ္ေၾကာင္း၊ ဘယ္ကစားသမားမဆို လီဗာပူး မွာ ကစားခ်င္မွာပဲ ျဖစ္ေၾကာင္း
အသင္းေဟာင္းနဲ႕ပတ္သက္ၿပီး အဲဒီပြဲမတိုင္ခင္မွာ ခ်ီးမြမ္းခဲ့ပါေသးတယ္။ ပြဲခ်ိန္အတြင္း ကြင္းလယ္ဒိုင္ကို ေစာဒကတက္ခဲ့လို႔ ဆြာရက္ဇ္ဟာ
အဝါကတ္ ျပသျခင္းကိုလည္း ခံခဲ့ရပါတယ္။ ဆိုရရင္ ဆြာရက္ဇ္ဟာ အသင္းေဟာင္း လီဗာပူးနဲ႕ပြဲစဥ္မွာ သြင္းဂိုးမရွိ၊ ဂိုးကန္သြင္းခ်က္မရွိ၊
အခြင့္အေရး ဖန္တီးနိုင္မႈမရွိ၊ ၿပိဳင္ဘက္ အေပၚ လွည့္ျဖား လိမ္ေခါက္ျခင္းမ်ိဳးမရွိ၊ ယွဥ္လု နိုင္စြမ္းမရွိ စတဲ့မွတ္တမ္းေတြပဲ ရရွိခဲ့သူျဖစ္ပါတယ္။
လီဗာပူးအတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၁၃ မိနစ္မွာ အာနိုးရဲ႕ ဖန္တီးေပးမႈကတစ္ဆင့္ ဂ်ိဳတာက သြင္းယူခဲ့ၿပီး ဒုတိယဂိုးကိုလည္း အာနိုးဖန္တီးေပးတာကေနပဲ မာေနးက သြင္းယူေပးခဲ့တာပါ။
ပြဲခ်ိန္ ၃၆ မိနစ္မွာ မာေနးကို ကစားပုံၾကမ္းတမ္းတာေၾကာင့္ ကြင္းလယ္ဒိုင္က ေခၚခဲ့ရာမွာ မလာခဲ့တာေၾကာင့္ ဖိလစ္ပီအထုတ္ခံခဲ့ရၿပီး အက္သလက္တီကိုဟာ တစ္ေယာက္ေလ်ာ့နဲ႕ပဲ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။