Spots news

ဇာဗီကို နည်းပြသစ်အဖြစ် တရားဝင် ကြေငြာနိုင်တော့မယ့် ဘာစီလိုနာ

Unicode Version

စပိန်လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ဇာဗီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ရန် နီးစပ်နေပြီ ဖြစ်ပြီး သောကြာနေ့  မှာပဲ တရားဝင် ကြေညာနိုင်ဖွယ်ရှိကြောင်း စပိန် အားကစား မီဒီယာ များက ဖော်ပြထားပါတယ်။

ဘာစီလိုနာအသင်းဟာ ရလဒ်တွေ အတော်လေး ဆိုးရွား ခဲ့တဲ့ အတွက် နည်းပြ ရော်နယ်လ် ကိုးမန်းကို နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက် ဇာဗီကို ခန့်အပ်ရန် ကြိုးပမ်းခဲ့ရာ အယ်လ်ဆတ်ဒ်အသင်းနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရပြီး ယခုအခါ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။

ကာတာကလပ် အယ်လ်ဆတ်ဒ် အသင်းဟာ စာချုပ်သက်တမ်း ၂ နှစ် ကျန်ရှိနေတဲ့ အသင်း နည်းပြ ဇာဗီကို လက်လွှတ်လိုခြင်း မရှိသော်လည်း နောက်ဆုံး အခြေအနေမှာ လက်ခံပေးခဲ့ခြင်း ဖြစ်ပြီး ဘာစီလိုနာအသင်းက လျော်ကြေးအဖြစ် ယူရို ၅ သန်း ပေးချေရမည် ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ကွင်းလယ် ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ယနေ့ ကြေညာ ဖွယ်ရှိပြီး ဇာဗီကိုယ်တိုင်ကလဲ အသင်းဟောင်းကို ပြန်လည် ကူညီလိုလျက် ရှိနေပြီး ယခုတစ်ပတ် လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကို လာရောက်ကြည့်ရှုဖွယ်ရှိကြောင်း သိရပါတယ်။

Zawgyi Version

စပိန္လာလီဂါ အင္အားႀကီး ကလပ္ ဘာစီလိုနာအသင္းဟာ အသင္းရဲ႕ ဂႏၲဝင္ ကြင္းလယ္ ကစားသမားေဟာင္း ဇာဗီကို အသင္းရဲ႕ နည္းျပသစ္ အျဖစ္ ခန႔္အပ္နိုင္ရန္ နီးစပ္ေနၿပီ ျဖစ္ၿပီး ေသာၾကာေန႕ ယေန႕ မွာပဲ တရားဝင္ ေၾကညာနိုင္ဖြယ္ရွိေၾကာင္း စပိန္ အားကစား မီဒီယာ မ်ားက ေဖာ္ျပထားပါတယ္။

ဘာစီလိုနာအသင္းဟာ ရလဒ္ေတြ အေတာ္ေလး ဆိုး႐ြား ခဲ့တဲ့ အတြက္ နည္းျပ ေရာ္နယ္လ္ ကိုးမန္းကို နည္းျပရာထူးမွ ထုတ္ပယ္ခဲ့ၿပီးေနာက္ ဇာဗီကို ခန႔္အပ္ရန္ ႀကိဳးပမ္းခဲ့ရာ အယ္လ္ဆတ္ဒ္အသင္းႏွင့္ ေဆြးေႏြးညွိႏွိုင္းမႈမ်ား ျပဳလုပ္ခဲ့ရၿပီး ယခုအခါ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။

ကာတာကလပ္ အယ္လ္ဆတ္ဒ္ အသင္းဟာ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ က်န္ရွိေနတဲ့ အသင္း နည္းျပ ဇာဗီကို လက္လႊတ္လိုျခင္း မရွိေသာ္လည္း ေနာက္ဆုံး အေျခအေနမွာ လက္ခံေပးခဲ့ျခင္း ျဖစ္ၿပီး ဘာစီလိုနာအသင္းက ေလ်ာ္ေၾကးအျဖစ္ ယူရို ၅ သန္း ေပးေခ်ရမည္ ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ကြင္းလယ္ ကစားသမားေဟာင္း ဇာဗီကို နည္းျပသစ္အျဖစ္ ခန႔္အပ္ေၾကာင္း ယေန႕ ေၾကညာ ဖြယ္ရွိၿပီး ဇာဗီကိုယ္တိုင္ကလဲ အသင္းေဟာင္းကို ျပန္လည္ ကူညီလိုလ်က္ ရွိေနၿပီး ယခုတစ္ပတ္ လာလီဂါပြဲစဥ္မွာ ဘာစီလိုနာအသင္းကို လာေရာက္ၾကည့္ရႈဖြယ္ရွိေၾကာင္း သိရပါတယ္။