Spots news

အဂူရိုက ကာလရှည် နားရမှာ ဖြစ်လို့ ကာဗာနီကို ခေါ်ယူဖို့ ပြင်လာတဲ့ ဘာစီလိုနာ

Unicode Version

စပိန် လာလီဂါ အင်အားကြီး ကလပ် ဘာစီလိုနာ အသင်းဟာ အသင်းမှာ ဒဏ်ရာ ရရှိနေလို့ ကာလရှည် အနားယူရတော့မယ့် အာဂျင်တီးနား ဝါရင့် တိုက်စစ်မှူး ဆာဂျီယို အဂူရိုရဲ့ နေရာ ကို အစားထိုးရန် အတွက် မန်ချက်စတာ ယူနိုက်တက် ဝါရင့် တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ဘာစီလိုနာ တိုက်စစ်မှူး အဂူရိုဟာ အလာဗက်စ်နဲ့ပွဲမှာ သူ့ရဲ့အသင်းသစ်နဲ့ ပထမဆုံးအိမ်ကွင်းပွဲအဖြစ် ပါဝင် ကစားခွင့်ရခဲ့ပေမယ့် ကွင်းထဲမှာ အချိန်ကြာကြာနေခွင့် မရခဲ့ပဲ ပထမပိုင်းမှာတင် အသက်ရှုကျပ်၊ ရင်ဘတ်ထဲက အောင့်လာတာကြောင့် ကွင်းထဲမှာတင်လှဲချပြီး ရင်ဘတ်ကို လက်နဲ့ ဖိထားခဲ့ရကာ လူစားလဲခဲ့ ရပါတယ်။

အဂူရိုဟာ ဆေးရုံမှာ ၂ ရက်ကြာ နေထိုင်ခဲ့ရပြီး နှလုံးပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ ခံယူခဲ့ရပါတယ်။ ဆေးစစ်မှုတွေ ပြီးစီးသွားချိန် မှာတော့ အဂူရိုဟာ နှလုံးခုန်သံ မူမမှန် ဖြစ်နေတာကြောင့် အပြည့်အဝ ပြန်ကောင်းလာစေ ဖို့အတွက် ၃ လကြာ အနားယူရ မယ်လို့ ဘာစီလိုနာ ဘက်က ကြေငြာခဲ့ပါတယ် ။

ထို့ကြောင့် ဘာစီလိုနာအသင်းဟာ အသင်းခေါင်း ဆောင် မက်ဆီကိုလဲ ပြီးခဲ့တဲ့ အပြောင်းအရွေ့က လက်လွှတ်ထားရတဲ့ အပြင် တိုက်စစ်မှူးသစ် အဂူရိုကလဲ ဒဏ်ရာ ရရှိသွားတဲ့ အတွက် တိုက်စစ်အင်အား ဖြည့်တင်းဖို့ ယူနိုက်တက်ထံမှ အလွတ်နဲ့ ရရှိဖွယ် ရှိတဲ့ ကာဗာနီကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ဥရုဂွေး တိုက်စစ်မှူး ကာဗာနီဟာ အသင်းသို့ ရော်နယ်ဒို ပြန်လည်ရောက်ရှိ လာပီးနောက် ပုံမှန်ပွဲထွက်ခွင့် လျော့နည်းလာပြီး စာချုပ်သက်တမ်းဟာ လည်း ဒီရာသီ ပြီးရင် ကုန်ဆုံးမှာဖြစ်ပါတယ် ။ပထမတစ်နှစ် နေပြီး ထွက်ခွါဖို့ စီစဉ်ထားတဲ့ ကာဗာနီဟာ ယူနိုက်တက် ရဲ့ တိုင်စစ်မှူးကောင်းတွေ ရှားပါးတဲ့ ပြသာနာကြောင့် တစ်နှစ် သက်တမ်းထပ် တိုးပြီး ကစားခြင်းဖြစ်ပါတယ်။

Zawgyi Version

စပိန္ လာလီဂါ အင္အားႀကီး ကလပ္ ဘာစီလိုနာ အသင္းဟာ အသင္းမွာ ဒဏ္ရာ ရရွိေနလို႔ ကာလရွည္ အနားယူရေတာ့မယ့္ အာဂ်င္တီးနား ဝါရင့္ တိုက္စစ္မႉး ဆာဂ်ီယို အဂူရိုရဲ႕ ေနရာ ကို အစားထိုးရန္ အတြက္ မန္ခ်က္စတာ ယူနိုက္တက္ ဝါရင့္ တိုက္စစ္မႉး ကာဗာနီကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။

ဘာစီလိုနာ တိုက္စစ္မႉး အဂူရိုဟာ အလာဗက္စ္နဲ႕ပြဲမွာ သူ႕ရဲ႕အသင္းသစ္နဲ႕ ပထမဆုံးအိမ္ကြင္းပြဲအျဖစ္ ပါဝင္ ကစားခြင့္ရခဲ့ေပမယ့္ ကြင္းထဲမွာ အခ်ိန္ၾကာၾကာေနခြင့္ မရခဲ့ပဲ ပထမပိုင္းမွာတင္ အသက္ရႈက်ပ္၊ ရင္ဘတ္ထဲက ေအာင့္လာတာေၾကာင့္ ကြင္းထဲမွာတင္လွဲခ်ၿပီး ရင္ဘတ္ကို လက္နဲ႕ ဖိထားခဲ့ရကာ လူစားလဲခဲ့ ရပါတယ္။

အဂူရိုဟာ ေဆး႐ုံမွာ ၂ ရက္ၾကာ ေနထိုင္ခဲ့ရၿပီး ႏွလုံးပိုင္းဆိုင္ရာ စမ္းသပ္စစ္ေဆးမႈေတြ ခံယူခဲ့ရပါတယ္။ ေဆးစစ္မႈေတြ ၿပီးစီးသြားခ်ိန္ မွာေတာ့ အဂူရိုဟာ ႏွလုံးခုန္သံ မူမမွန္ ျဖစ္ေနတာေၾကာင့္ အျပည့္အဝ ျပန္ေကာင္းလာေစ ဖို႔အတြက္ ၃ လၾကာ အနားယူရ မယ္လို႔ ဘာစီလိုနာ ဘက္က ေၾကျငာခဲ့ပါတယ္ ။

ထို႔ေၾကာင့္ ဘာစီလိုနာအသင္းဟာ အသင္းေခါင္း ေဆာင္ မက္ဆီကိုလဲ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ြ႕က လက္လႊတ္ထားရတဲ့ အျပင္ တိုက္စစ္မႉးသစ္ အဂူရိုကလဲ ဒဏ္ရာ ရရွိသြားတဲ့ အတြက္ တိုက္စစ္အင္အား ျဖည့္တင္းဖို႔ ယူနိုက္တက္ထံမွ အလြတ္နဲ႕ ရရွိဖြယ္ ရွိတဲ့ ကာဗာနီကို ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

ဥ႐ုေဂြး တိုက္စစ္မႉး ကာဗာနီဟာ အသင္းသို႔ ေရာ္နယ္ဒို ျပန္လည္ေရာက္ရွိ လာပီးေနာက္ ပုံမွန္ပြဲထြက္ခြင့္ ေလ်ာ့နည္းလာၿပီး စာခ်ဳပ္သက္တမ္းဟာ လည္း ဒီရာသီ ၿပီးရင္ ကုန္ဆုံးမွာျဖစ္ပါတယ္။ ပထမတစ္ႏွစ္ ေနၿပီး ထြက္ခြါဖို႔ စီစဥ္ထားတဲ့ ကာဗာနီဟာ ယူနိုက္တက္ ရဲ႕ တိုင္စစ္မႉးေကာင္းေတြ ရွားပါးတဲ့ ျပသာနာေၾကာင့္ တစ္ႏွစ္ သက္တမ္းထပ္ တိုးၿပီး ကစားျခင္းျဖစ္ပါတယ္။