Unicode Version
ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်းတခု ဖြစ်တဲ့ Forbesရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ရဲ့ အဓိက
တိုက်စစ်မှူး ရော်နယ်ဒိုဟာ ၂၀၂၁ခုနှစ် အတွင်းမှာ ဝင်ငွေ အထူး ကောင်းခဲ့တာကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမား ဖြစ်လာကြောင်း သိရပါတယ်။
အသက် ၃၆နှစ် အရွယ် ဝါရင့် တိုက်စစ်မှူး ရော်နယ်ဒိုဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်မားဆုံး ကစားသမားတွေထဲက တဦး ဖြစ်သလို CR7 ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ရေမွှေး ၊
အတွင်းခံဘောင်းဘီ ၊ ဖက်ရှင်ကုမ္ပဏီ ၊ ဟိုတယ်လုပ်ငန်း ၊ ဆေးရုံ စတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖွင့်လှစ်ထားတာကြောင့် သူ့ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁.၂၄ ဘီလီယံ အထိ ရှိပါတယ်။
ရော်နယ်ဒိုရဲ့နောက် ဒုတိယမြောက် အချမ်းသာဆုံး ဘောလုံးသမား ကတော့ ရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက်ကြီး မက်ဆီ ဖြစ်ပြီး မက်ဆီရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁.၁၄ ဘီလီယံ အထိ ရှိပါတယ်။
မက်ဆီဟာ ရော်နယ်ဒိုလောက် ပြင်ပ စီးပွားရေးလုပ်ငန်း များစွာ ပိုင်ဆိုင်ခြင်း မရှိပေမယ့် သူ့ရဲ့ လုပ်ခလစာနဲ့ ပုံရိပ် အသုံးပြုခတို့ဟာ ရိုနယ်ဒိုထက် မြင့်မားတာကြောင့် အခုလို ကြွယ်ဝချမ်းသာနေတာပဲ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ မက်ဆီတို့ ပြီးတဲ့နောက် ဘောလုံးလောကရဲ့ တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်ကတော့ တချိန်က နှုတ်ခမ်းနီမလေးများရဲ့
အသည်းစွဲ ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းပါပဲ။ ဖက်ရှင်လုပ်ငန်းပေါင်း များစွာကို ပိုင်ဆိုင်ထားတဲ့ ဘက်ခမ်းရဲ့ ကြွယ်ဝချမ်းသာမှု ကတော့ ဒေါ်လာ ၁.၀၅ ဘီလီယံ ရှိပါတယ်။
Zawgyi Version
ကမာၻေက်ာ္ စီးပြားေရး မဂၢဇင္းတခု ျဖစ္တဲ့ Forbesရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ေပၚတူဂီအသင္းတို႔ရဲ႕ အဓိက
တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ၂၀၂၁ခုႏွစ္ အတြင္းမွာ ဝင္ေငြ အထူး ေကာင္းခဲ့တာေၾကာင့္ ကမာၻ႔အခ်မ္းသာဆုံး ေဘာလုံးသမား ျဖစ္လာေၾကာင္း သိရပါတယ္။
အသက္ ၃၆ႏွစ္ အ႐ြယ္ ဝါရင့္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ကမာၻေပၚမွာ လုပ္ခလစာ အျမင့္မားဆုံး ကစားသမားေတြထဲက တဦး ျဖစ္သလို CR7 ဆိုတဲ့ အမွတ္တံဆိပ္နဲ႕ ေရေမႊး ၊
အတြင္းခံေဘာင္းဘီ ၊ ဖက္ရွင္ကုမၸဏီ ၊ ဟိုတယ္လုပ္ငန္း ၊ ေဆး႐ုံ စတဲ့ စီးပြားေရးလုပ္ငန္းေတြကိုလည္း ဖြင့္လွစ္ထားတာေၾကာင့္ သူ႕ရဲ႕ ႂကြယ္ဝခ်မ္းသာမႈဟာ ေဒၚလာ ၁.၂၄ ဘီလီယံ အထိ ရွိပါတယ္။
ေရာ္နယ္ဒိုရဲ႕ေနာက္ ဒုတိယေျမာက္ အခ်မ္းသာဆုံး ေဘာလုံးသမား ကေတာ့ ေရာ္နယ္ဒိုရဲ႕ မဟာၿပိဳင္ဘက္ႀကီး မက္ဆီ ျဖစ္ၿပီး မက္ဆီရဲ႕ ႂကြယ္ဝခ်မ္းသာမႈဟာ ေဒၚလာ ၁.၁၄ ဘီလီယံ အထိ ရွိပါတယ္။
မက္ဆီဟာ ေရာ္နယ္ဒိုေလာက္ ျပင္ပ စီးပြားေရးလုပ္ငန္း မ်ားစြာ ပိုင္ဆိုင္ျခင္း မရွိေပမယ့္ သူ႕ရဲ႕ လုပ္ခလစာနဲ႕ ပုံရိပ္ အသုံးျပဳခတို႔ဟာ ရိုနယ္ဒိုထက္ ျမင့္မားတာေၾကာင့္ အခုလို ႂကြယ္ဝခ်မ္းသာေနတာပဲ ျဖစ္ပါတယ္။
ေရာ္နယ္ဒိုနဲ႕ မက္ဆီတို႔ ၿပီးတဲ့ေနာက္ ေဘာလုံးေလာကရဲ႕ တတိယေျမာက္ အခ်မ္းသာဆုံး ပုဂၢိဳလ္ကေတာ့ တခ်ိန္က ႏႈတ္ခမ္းနီမေလးမ်ားရဲ႕
အသည္းစြဲ ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္းပါပဲ။ ဖက္ရွင္လုပ္ငန္းေပါင္း မ်ားစြာကို ပိုင္ဆိုင္ထားတဲ့ ဘက္ခမ္းရဲ႕ ႂကြယ္ဝခ်မ္းသာမႈ ကေတာ့ ေဒၚလာ ၁.၀၅ ဘီလီယံ ရွိပါတယ္။