Unicode Version
မန်စီးတီး လူငယ် ကြယ်ပွင့် ဖီလ် ဖိုဒန်က စနေည မန်ချက်စတာဒါဘီအတွက် အသင့်ဖြစ်နေပြီလို့ ပြောကြားရင်း ယူနိုက်တက်ကို သတိပေးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။အင်္ဂလန်ကွင်းလယ်လူဟာ ဘရုဂျက်ကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စီးတီးအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
မန်စီးတီးဟာ အဆိုပါ ပွဲစဉ်အပြီးတော့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် သရေ၁မှတ်သာ လိုအပ်တော့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ စီးတီးတို့ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ပွဲတွေမှာ အခြေအနေမကောင်းခဲ့တဲ့နောက် မြို့ခံပြိုင်ဘက် ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီအတွက် အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။
ဖိုဒန်က “ကျွန်တော်တို့ ရှေ့ပွဲတွေက အရှုံးတွကနေ ပြန်လာနိုင်ခဲ့ပြီး ခုနိုင်ပွဲကြောင့် မန်ချက်စတာဒါဘီအတွက် ယုံကြည်မှု ရလာခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်နေရာမဆို ကစားဖို့ အသင့်ဖြစ်နေပြီး အိုးထရက်ဖို့ဒ်က ကစားရခက်တာကြောင့် ပွဲက ခက်ခဲမယ်ဆိုတာ သိပေမဲ့
ကျွန်တော်တို့ ယုံကြည်မှု ရှိနေပါတယ် ။ သူတို့ ရလဒ်ကောင်းတွေ ရလဒ်ကောင်း ရခဲ့တာကြောင့် ယုံကြည်မှု ပြည့်နေမှာပါပဲ။ ဒီပွဲက တကယ်ကို စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်နေမယ့် ပွဲစဉ်ဖြစ်ပြီး အဲ့ဒီပွဲအတွက် မစောင့်နိုင်တော့ပါဘူး”လို့ ပြောခဲ့ပါတယ်။
ဖိုဒန်ဟာ ဒဏ်ရာရခဲ့လို့ ရာသီအစပွဲစဉ်တွေကို လွဲချော်ခဲ့ပေမဲ့ နောက်ပိုင်မှာတော့ ပြန်ပါလာခဲ့ပြီး အကောင်းဆုံး ကစားခဲ့ကာ ၅ဂိုးအထိ သွင်းထားနိုင်ခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းပြနေတာကြောင့်လည်း မန်စီးတီးအသင်းဟာ ကြီးမားတဲ့ လစာတစ်ရပ်နဲ့ အင်္ဂလန်သားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေကြောင်း သိရပါတယ်။
Zawgyi Version
မန္စီးတီး လူငယ္ ၾကယ္ပြင့္ ဖီလ္ ဖိုဒန္က စေနည မန္ခ်က္စတာဒါဘီအတြက္ အသင့္ျဖစ္ေနၿပီလို႔ ေျပာၾကားရင္း ယူနိုက္တက္ကို သတိေပးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။အဂၤလန္ကြင္းလယ္လူဟာ ဘ႐ုဂ်က္ကို ၄-၁ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ စီးတီးအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။
မန္စီးတီးဟာ အဆိုပါ ပြဲစဥ္အၿပီးေတာ့ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ကို တက္ေရာက္နိုင္ဖို႔အတြက္ သေရ၁မွတ္သာ လိုအပ္ေတာ့တာ ျဖစ္ပါတယ္။ ယခုအခ်ိန္မွာေတာ့ စီးတီးတို႔ ဝက္စ္ဟမ္း၊ ခရစၥတယ္ပဲေလ့စ္တို႔နဲ႕ ပြဲေတြမွာ အေျခအေနမေကာင္းခဲ့တဲ့ေနာက္ ၿမိဳ႕ခံၿပိဳင္ဘက္ ယူနိုက္တက္နဲ႕ မန္ခ်က္စတာဒါဘီအတြက္ အာ႐ုံစိုက္ရေတာ့မွာ ျဖစ္ပါတယ္။
ဖိုဒန္က “ကြၽန္ေတာ္တို႔ ေရွ႕ပြဲေတြက အရႈံးတြကေန ျပန္လာနိုင္ခဲ့ၿပီး ခုနိုင္ပြဲေၾကာင့္ မန္ခ်က္စတာဒါဘီအတြက္ ယုံၾကည္မႈ ရလာခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္ေနရာမဆို ကစားဖို႔ အသင့္ျဖစ္ေနၿပီး အိုးထရက္ဖို႔ဒ္က ကစားရခက္တာေၾကာင့္ ပြဲက ခက္ခဲမယ္ဆိုတာ သိေပမဲ့
ကြၽန္ေတာ္တို႔ ယုံၾကည္မႈ ရွိေနပါတယ္ ။ သူတို႔ ရလဒ္ေကာင္းေတြ ရလဒ္ေကာင္း ရခဲ့တာေၾကာင့္ ယုံၾကည္မႈ ျပည့္ေနမွာပါပဲ။ ဒီပြဲက တကယ္ကို စိန္ေခၚမႈေတြနဲ႕ ျပည့္ႏွက္ေနမယ့္ ပြဲစဥ္ျဖစ္ၿပီး အဲ့ဒီပြဲအတြက္ မေစာင့္နိုင္ေတာ့ပါဘူး”လို႔ ေျပာခဲ့ပါတယ္။
ဖိုဒန္ဟာ ဒဏ္ရာရခဲ့လို႔ ရာသီအစပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ေပမဲ့ ေနာက္ပိုင္မွာေတာ့ ျပန္ပါလာခဲ့ၿပီး အေကာင္းဆုံး ကစားခဲ့ကာ ၅ဂိုးအထိ သြင္းထားနိုင္ခဲ့ပါတယ္။ လက္ရွိ ေျခစြမ္းျပေနတာေၾကာင့္လည္း မန္စီးတီးအသင္းဟာ ႀကီးမားတဲ့ လစာတစ္ရပ္နဲ႕ အဂၤလန္သားကို စာခ်ဳပ္သက္တမ္းတိုးနိုင္ဖို႔ ႀကိဳးစားေနေၾကာင္း သိရပါတယ္။