Spots news

ဇာဗီရဲ့ တီကီတာကာ နဲ့ ပြန်လည်နိုးထ လာတော့မယ့် ဘာစီလိုနာ

Unicode Version

ကာတာကလပ်၊ အယ်လ်ဆတ်ဒ်နည်းပြ ဇာဗီဟာ လက်ရှိအချိန်မှာတော့ အသင်းနဲ့လမ်းခွဲပြီး ဘာစီလိုနာကို ပြောင်းရွှေ့ခွင့်ရရှိခဲ့ပြီလို့ သိရှိရပါတယ်။ ဘာစီလိုနာဟာ နည်းပြ ရော်နယ်ကိုးမန်းကို ထုတ်ပယ်ပြီးတည်းက ဇာဗီကို ခန့်အပ်ဖို့ ကြိုးစားခဲ့ပြီး အခုချိန်မှသာ တရားဝင်သဘောတူညီမှုရရှိခဲ့တာပါ။

အယ်လ်ဆတ်ဒ်က “ စာချုပ်ဖျက်သိမ်းကြေးကိစ္စတွေကို ဖြေရှင်းပြီးတဲ့နောက်မှာတော့  ဇာဗီကို ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ခွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ ဇာဗီက အသင်းရဲ့သမိုင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ခဲ့ပြီး အနာဂတ်မှာ အောင်မြင်မှုတိုင်းကို ဆွတ်ခူးနိုင်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးပါတယ်” လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဇာဗီဟာ ပြီးခဲ့တဲ့ (၂၀၁၅) မှာ ဘာစီလိုနာကနေ အယ်လ်ဆတ်ဒ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ကစားသမားဘဝကို အဆုံးသတ်ကာ နည်းပြဘဝထဲဝင်ရောက်လာခဲ့ပါတယ်။ ဇာဗီရဲ့လက်အောက်မှာ အယ်လ်ဆတ်ဒ်ကလည်း ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဇာဗီဟာ အယ်လ်ဆတ်ဒ်ကို သူ့စိတ်တိုင်းကျ ပုံသွင်းခဲ့ပြီး ကစားပုံကလည်း ပရိသတ်တွေအကြားမှာ တော်တော်လေး ရေပန်းစားနေသေးတာပါ။

လွန်ခဲ့တဲ့နှစ်တွေတည်းက ဘာစီလိုနာက ဇာဗီကို နည်းပြအဖြစ် ကမ်းလှမ်းခဲ့သေးပေမယ့် ဇာဗီကိုယ်တိုင်က သူ့ဆီမှာ အတွေ့အကြုံနည်းပါးနေတယ်လို့ ယူဆထားတာကြောင့် ငြင်းဆန်ခဲ့ပြီး အခုချိန်မှာတော့ ဘာစီလိုနာကို ကိုင်တွယ်ဖို့ ယုံကြည်ချက်ရှိနေပြီလို့ဆိုထားပါတယ်။

အစပိုင်းမှာလည်း အယ်လ်ဆတ်ဒ်အနေနဲ့ ဇာဗီကို လက်လွှတ်ဖို့ စိတ်ကူးမရှိခဲ့ဘဲ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ဇာဗီကိုယ်တိုင်က သူ့ရဲ့အိမ်လိုဖြစ်နေတဲ့ နူးကမ့်ကို ပြန်ချင်တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောကြားခဲ့တဲ့နောက် အယ်လ်ဆတ်ဒ်ဘက်ကလည်း အခုလိုမျိုးပဲ ဇာဗီရဲ့ဆန္ဒကို လိုက်လျောပေးခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version

ကာတာကလပ္၊ အယ္လ္ဆတ္ဒ္နည္းျပ ဇာဗီဟာ လက္ရွိအခ်ိန္မွာေတာ့ အသင္းနဲ႕လမ္းခြဲၿပီး ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခြင့္ရရွိခဲ့ၿပီလို႔ သိရွိရပါတယ္။ ဘာစီလိုနာဟာ နည္းျပ ေရာ္နယ္ကိုးမန္းကို ထုတ္ပယ္ၿပီးတည္းက ဇာဗီကို ခန့္အပ္ဖို႔ ႀကိဳးစားခဲ့ၿပီး အခုခ်ိန္မွသာ တရားဝင္သေဘာတူညီမႈရရွိခဲ့တာပါ။

အယ္လ္ဆတ္ဒ္က “ စာခ်ဳပ္ဖ်က္သိမ္းေၾကးကိစၥေတြကို ေျဖရွင္းၿပီးတဲ့ေနာက္မွာေတာ့  ဇာဗီကို ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ခြင့္ေပးလိုက္ၿပီျဖစ္ပါတယ္။ ဇာဗီက အသင္းရဲ႕သမိုင္းမွာ အေရးပါတဲ့ အစိတ္အပိုင္းျဖစ္ခဲ့ၿပီး အနာဂတ္မွာ ေအာင္ျမင္မႈတိုင္းကို ဆြတ္ခူးနိုင္ဖို႔ ကြၽန္ေတာ္တို႔ ဆုေတာင္းေပးပါတယ္” လို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဇာဗီဟာ ၿပီးခဲ့တဲ့ (၂၀၁၅) မွာ ဘာစီလိုနာကေန အယ္လ္ဆတ္ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ကစားသမားဘဝကို အဆုံးသတ္ကာ နည္းျပဘဝထဲဝင္ေရာက္လာခဲ့ပါတယ္။ ဇာဗီရဲ႕လက္ေအာက္မွာ အယ္လ္ဆတ္ဒ္ကလည္း ဆုဖလားေတြ ဆြတ္ခူးနိုင္ခဲ့ပါတယ္။ ဇာဗီဟာ အယ္လ္ဆတ္ဒ္ကို သူ႕စိတ္တိုင္းက် ပုံသြင္းခဲ့ၿပီး ကစားပုံကလည္း ပရိသတ္ေတြအၾကားမွာ ေတာ္ေတာ္ေလး ေရပန္းစားေနေသးတာပါ။

လြန္ခဲ့တဲ့ႏွစ္ေတြတည္းက ဘာစီလိုနာက ဇာဗီကို နည္းျပအျဖစ္ ကမ္းလွမ္းခဲ့ေသးေပမယ့္ ဇာဗီကိုယ္တိုင္က သူ႕ဆီမွာ အေတြ႕အႀကဳံနည္းပါးေနတယ္လို႔ ယူဆထားတာေၾကာင့္ ျငင္းဆန္ခဲ့ၿပီး အခုခ်ိန္မွာေတာ့ ဘာစီလိုနာကို ကိုင္တြယ္ဖို႔ ယုံၾကည္ခ်က္ရွိေနၿပီလို႔ဆိုထားပါတယ္။

အစပိုင္းမွာလည္း အယ္လ္ဆတ္ဒ္အေနနဲ႕ ဇာဗီကို လက္လႊတ္ဖို႔ စိတ္ကူးမရွိခဲ့ဘဲ ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈေတြကို ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ ဒါေပမယ့္ ဇာဗီကိုယ္တိုင္က သူ႕ရဲ႕အိမ္လိုျဖစ္ေနတဲ့ ႏူးကမ့္ကို ျပန္ခ်င္တယ္လို႔ လူသိရွင္ၾကားထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ေနာက္ အယ္လ္ဆတ္ဒ္ဘက္ကလည္း အခုလိုမ်ိဳးပဲ ဇာဗီရဲ႕ဆႏၵကို လိုက္ေလ်ာေပးခဲ့တာပဲျဖစ္ပါတယ္။