Spots news

စီးရီးအေ ထိပ်သီးကြယ်ပွင့်ကို အားလုံးထက် လက်ဦးမှု ရယူနိုင်ခဲ့တဲ့ အာဆင်နယ်

Unicode Version

အာဆင်နယ်ဟာ အသင်းဟာ ဖီအိုရင်တီးနားရဲ့ လူငယ် ကြယ်ပွင့် တိုက်စစ်မှူး ဒူဆန်ဗလာဟိုဗစ်ကို ကလပ်အသင်း ဖီအိုရင်တီးနားနဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ဒီမာဇီယိုက

အတည်ပြု သွားပြီ ဖြစ်ပါတယ်။ ဗလာဟိုဗစ်ဟာ ဖီအိုရင်တီးနားနဲ့ စာချုပ်သက်တမ်း ၂ နှစ် ကျန်သေးပေမယ့် အာဆင်နယ်ကတော့ လာမယ့် ဇန်နဝါရီမှာတင် အရခေါ်ယူတော့မှာပါ။

အာဆင်နယ် အသင်းဟာ အသက် ၂၁ နှစ် အရွယ် ကစားသမားအတွက် ပေါင်းရွေ့ကြေး ယူရို သန်း ၈စ အပြင် အပိုဆုကြေးတွေပါ ပေးချေကာ လက်ဦးမှု ရယူဖို့ ကြိုးစားခဲ့တာ ဖြစ်လို့

လက်ရှိအချိန်မှာတော့ နှစ်သင်း ဒါရိုက်တာ အဖွဲ့ဝင်တွေ အကြား သဘောတူညီမှုရရှိခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ ဆွေးနွေးဖို့သာ ကျန်ရှိ တော့တာပါ။

ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စပါးကလည်း စိတ်ဝင်စား ခဲ့ပေမယ့် အာဆင်နယ်တို့ စောစောစီးစီးပဲ လက်ဦးမှု ရယူနိုင်ခဲ့ပါတယ်။ အရပ် ၆ ပေ၊ ၃ လက်မမြင့်တဲ့

ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီက စီးရီးအေ ၃၇ ပွဲကစား၊ ၂၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီ မှာလည်း ပြိုင်ပွဲစုံ ၁၂ ပွဲကစား၊ ၁၀ ဂိုးသွင်းယူ ထားနိုင်ပါတယ်။

အာဆင်နယ်ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ လာကာဇက်၊ အူဘာမီးယန်းတို့ အသက်အရွယ် ရလာပြီး အကျပိုင်း ရောက်လာတဲ့ တိုက်စစ်ပိုင်းအတွက် သွေးသစ်လောင်းဖို့

ပြင်ဆင်နေပြီး ဝက်ကင်းစ်၊ ကဲလ်ဗတ်လီဝင် တို့နဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် အခုလိုမျိုး မထင်မှတ်ဘဲ ဗလာဟိုဗစ် အတွက် ဖီအိုရင်တီးနားနဲ့ သဘောတူညီမှု ရယူခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

အာဆင္နယ္ဟာ အသင္းဟာ ဖီအိုရင္တီးနားရဲ႕ လူငယ္ ၾကယ္ပြင့္ တိုက္စစ္မႉး ဒူဆန္ဗလာဟိုဗစ္ကို ကလပ္အသင္း ဖီအိုရင္တီးနားနဲ႕ သေဘာတူညီမႈ ရရွိခဲ့ၿပီ ျဖစ္ေၾကာင္း သတင္းေထာက္ ဒီမာဇီယိုက

အတည္ျပဳ သြားၿပီ ျဖစ္ပါတယ္။ ဗလာဟိုဗစ္ဟာ ဖီအိုရင္တီးနားနဲ႕ စာခ်ဳပ္သက္တမ္း ၂ ႏွစ္ က်န္ေသးေပမယ့္ အာဆင္နယ္ကေတာ့ လာမယ့္ ဇန္နဝါရီမွာတင္ အရေခၚယူေတာ့မွာပါ။

အာဆင္နယ္ အသင္းဟာ အသက္ ၂၁ ႏွစ္ အ႐ြယ္ ကစားသမားအတြက္ ေပါင္းေ႐ြ႕ေၾကး ယူရို သန္း ၈စ အျပင္ အပိုဆုေၾကးေတြပါ ေပးေခ်ကာ လက္ဦးမႈ ရယူဖို႔ ႀကိဳးစားခဲ့တာ ျဖစ္လို႔

လက္ရွိအခ်ိန္မွာေတာ့ ႏွစ္သင္း ဒါရိုက္တာ အဖြဲ႕ဝင္ေတြ အၾကား သေဘာတူညီမႈရရွိခဲ့ၿပီး ကစားသမားရဲ႕ ေအးဂ်င့္နဲ႕ ေဆြးေႏြးဖို႔သာ က်န္ရွိ ေတာ့တာပါ။

ဗလာဟိုဗစ္ကို ေခၚယူဖို႔ စပါးကလည္း စိတ္ဝင္စား ခဲ့ေပမယ့္ အာဆင္နယ္တို႔ ေစာေစာစီးစီးပဲ လက္ဦးမႈ ရယူနိုင္ခဲ့ပါတယ္။ အရပ္ ၆ ေပ၊ ၃ လက္မျမင့္တဲ့

ဗလာဟိုဗစ္ဟာ ၿပီးခဲ့တဲ့ရာသီက စီးရီးေအ ၃၇ ပြဲကစား၊ ၂၁ ဂိုးသြင္းယူနိုင္ခဲ့ၿပီး လက္ရွိေဘာလုံးရာသီ မွာလည္း ၿပိဳင္ပြဲစုံ ၁၂ ပြဲကစား၊ ၁၀ ဂိုးသြင္းယူ ထားနိုင္ပါတယ္။

အာဆင္နယ္ဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉးေတြ ျဖစ္တဲ့ လာကာဇက္၊ အူဘာမီးယန္းတို႔ အသက္အ႐ြယ္ ရလာၿပီး အက်ပိဳင္း ေရာက္လာတဲ့ တိုက္စစ္ပိုင္းအတြက္ ေသြးသစ္ေလာင္းဖို႔

ျပင္ဆင္ေနၿပီး ဝက္ကင္းစ္၊ ကဲလ္ဗတ္လီဝင္ တို႔နဲ႕ သတင္းေတြ ထြက္ေပၚ ခဲ့ေပမယ့္ အခုလိုမ်ိဳး မထင္မွတ္ဘဲ ဗလာဟိုဗစ္ အတြက္ ဖီအိုရင္တီးနားနဲ႕ သေဘာတူညီမႈ ရယူခဲ့တာ ျဖစ္ပါတယ္။