Spots news

ဘာစီလိုနာကို ပြောင်းရွေ့ဖို့အတွက် လျော်ကြေးငွေ တစ်ဝက် စိုက်ခဲ့တဲ့ ဇာဗီ

Unicode Version

အသင်းကွင်းလယ်လူဟောင်းဇာဗီကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့ပြီလို့ ဘာစီလိုနာအသင်းက တရားဝင်ကြေညာခဲ့ပြီဖြစ်ပါတယ်။ ကာတာကလပ်အယ်လ်ဆတ်ဒ်ကို ကိုင်တွယ်နေတဲ့ ဇာဗီဟာ နည်းပြရော်နယ်ကိုးမန်းရဲ့ နေရာကို ဆက်ခံရမှာဖြစ်ပြီး

ရလဒ်တွေယိမ်းယိုင်နေတဲ့ အသင်းဟောင်းကို တည့်မတ်ပေးရမှာဖြစ်ကာ ကစားသမားဘဝမှာ အောင်မြင်မှုတွေရယူပေးနိုင်ခဲ့သလို နည်းပြဘဝမှာလည်း ရယူပေးနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။

ဇာဗီကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာဟာ ရက်အနည်းငယ်ကြာကြိုးစားခဲ့ပြီး အယ်လ်ဆတ်ဒ်အသင်းနဲ့ ညှိနှိုင်းခဲ့ရပါတယ်။ အယ်လ်ဆတ်ဒ်အသင်းရဲ့ ပြောဆိုချက်အရ ဘာစီလိုနာက

လျော်ကြေးပေးချေဖို့ သဘောတူညီခဲ့သလို အနာဂတ်မှာ ကလပ်အသင်းနှစ်သင်းကြား ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးကိုပါ ပေးခဲ့ရဖွယ်ရှိနေပါတယ်။

စပိန်သတင်းဌာနတစ်ခုဖြစ်တဲ့ Mundo Deportivo ကတော့ အယ်လ်ဆတ်ဒ်အသင်းကို ပေးချေရမယ့် လျော်ကြေးငွေကို ဇာဗီက ထက်ဝက်စိုက်ပေးခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

လျော်ကြေးအနေနဲ့ ယူရိုငါးသန်းပေးခဲ့ရတာဖြစ်ပြီး အဆိုပါသတင်းသာ မှန်ကန်ခဲ့တယ်ဆိုပါက ဇာဗီဟာ ယူရို ၂.၅သန်းအထိကို စိုက်ထုတ်ပြီးတော့မှ အသင်းဟောင်းကို ကိုင်တွယ်ဖို့ အသုံးပြုခဲ့ရမှာဖြစ်ပါတယ်။

ဒါဟာ ဘဏ္ဍာရေးအခက်အခဲရှိနေတဲ့ အသင်းဟောင်းကို ကူညီခဲ့တာလား၊ ဒါမှမဟုတ် သူ ကိုယ်တိုင်က အသင်းဟောင်းကို ပြန်လည်ကိုင်တွယ်ချင်စိတ်ပြင်းပြလို့ လျော်ကြေးပေးချေမှုမှာ ထက်ဝက်စိုက်

ပေးခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဘာစီလိုနာက သူ့ကို ၂ နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး စပိန်ကွင်းလယ်လူဟောင်းဘက်က တောင်းဆိုချက်တချို့တော့ ရှိခဲ့တယ်လို့ သိရပါတယ်။

အယ်လ်ဆတ်ဒ်မှာ သူနဲ့လက်တွဲနေတဲ့ နည်းပြအဖွဲ့ကို အတူတူခေါ်ဆောင်လာဖို့၊ ဘာစီလိုနာအသင်းဆရာဝန်ဟောင်းတစ်ခုကို ပြန်ခန့်အပ်ပြီး လက်ရှိရင်ဆိုင်နေရတဲ့

ကစားသမားဒဏ်ရာပြသနာတွေကို ဖြေရှင်းဖို့နဲ့ အပြောင်းအရွှေ့ကာလမှာ တောင်ပံကစားသမားတစ်ဦးဝယ်ယူပေးဖို့ဆိုပြီး ဇာဗီက တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

Zawgyi Version

အသင္းကြင္းလယ္လူေဟာင္းဇာဗီကို နည္းျပသစ္အျဖစ္ ခန႔္အပ္နိုင္ခဲ့ၿပီလို႔ ဘာစီလိုနာအသင္းက တရားဝင္ေၾကညာခဲ့ၿပီျဖစ္ပါတယ္။ ကာတာကလပ္အယ္လ္ဆတ္ဒ္ကို ကိုင္တြယ္ေနတဲ့ ဇာဗီဟာ နည္းျပေရာ္နယ္ကိုးမန္းရဲ႕ ေနရာကို ဆက္ခံရမွာျဖစ္ၿပီး

ရလဒ္ေတြယိမ္းယိုင္ေနတဲ့ အသင္းေဟာင္းကို တည့္မတ္ေပးရမွာျဖစ္ကာ ကစားသမားဘဝမွာ ေအာင္ျမင္မႈေတြရယူေပးနိုင္ခဲ့သလို နည္းျပဘဝမွာလည္း ရယူေပးနိုင္မလားဆိုတာ စိတ္ဝင္စားဖို႔ေကာင္းလာခဲ့ပါတယ္။

ဇာဗီကို ေခၚယူနိုင္ဖို႔အတြက္ ဘာစီလိုနာဟာ ရက္အနည္းငယ္ၾကာႀကိဳးစားခဲ့ၿပီး အယ္လ္ဆတ္ဒ္အသင္းနဲ႕ ညွိႏွိုင္းခဲ့ရပါတယ္။ အယ္လ္ဆတ္ဒ္အသင္းရဲ႕ ေျပာဆိုခ်က္အရ ဘာစီလိုနာက

ေလ်ာ္ေၾကးေပးေခ်ဖိဳ႕ သေဘာတူညီခဲ့သလို အနာဂတ္မွာ ကလပ္အသင္းႏွစ္သင္းၾကား ပူးေပါင္းေဆာင္႐ြက္မႈေတြျပဳလုပ္ခြင့္ေပးမယ္ဆိုတဲ့ မက္လုံးကိုပါ ေပးခဲ့ရဖြယ္ရွိေနပါတယ္။

စပိန္သတင္းဌာနတစ္ခုျဖစ္တဲ့ Mundo Deportivo ကေတာ့ အယ္လ္ဆတ္ဒ္အသင္းကို ေပးေခ်ရမယ့္ ေလ်ာ္ေၾကးေငြကို ဇာဗီက ထက္ဝက္စိုက္ေပးခဲ့ရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ေလ်ာ္ေၾကးအေနနဲ႕ ယူရိုငါးသန္းေပးခဲ့ရတာျဖစ္ၿပီး အဆိုပါသတင္းသာ မွန္ကန္ခဲ့တယ္ဆိုပါက ဇာဗီဟာ ယူရို ၂.၅သန္းအထိကို စိုက္ထုတ္ၿပီးေတာ့မွ အသင္းေဟာင္းကို ကိုင္တြယ္ဖို႔ အသုံးျပဳခဲ့ရမွာျဖစ္ပါတယ္။

ဒါဟာ ဘ႑ာေရးအခက္အခဲရွိေနတဲ့ အသင္းေဟာင္းကို ကူညီခဲ့တာလား၊ ဒါမွမဟုတ္ သူ ကိုယ္တိုင္က အသင္းေဟာင္းကို ျပန္လည္ကိုင္တြယ္ခ်င္စိတ္ျပင္းျပလို႔ ေလ်ာ္ေၾကးေပးေခ်မႈမွာ ထက္ဝက္စိုက္

ေပးခဲ့တာလားဆိုတာကိုေတာ့ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။ ဘာစီလိုနာက သူ႕ကို ၂ ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး စပိန္ကြင္းလယ္လူေဟာင္းဘက္က ေတာင္းဆိုခ်က္တခ်ိဳ႕ေတာ့ ရွိခဲ့တယ္လို႔ သိရပါတယ္။

အယ္လ္ဆတ္ဒ္မွာ သူနဲ႕လက္တြဲေနတဲ့ နည္းျပအဖြဲ႕ကို အတူတူေခၚေဆာင္လာဖို႔၊ ဘာစီလိုနာအသင္းဆရာဝန္ေဟာင္းတစ္ခုကို ျပန္ခန႔္အပ္ၿပီး လက္ရွိရင္ဆိုင္ေနရတဲ့

ကစားသမားဒဏ္ရာျပသနာေတြကို ေျဖရွင္းဖို႔နဲ႕ အေျပာင္းအေ႐ႊ႕ကာလမွာ ေတာင္ပံကစားသမားတစ္ဦးဝယ္ယူေပးဖို႔ဆိုၿပီး ဇာဗီက ေတာင္းဆိုခဲ့ေၾကာင္း သိရပါတယ္။