Spots news

ဘိုင်ယန်တောင်ပံ ကစားသမား ကိုးမန်းကို ခေါ်ယူဖို့ စတင်ပြင်ဆင်လာတဲ့ ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အသင်းမှာ တောင်ပံ ကစားသမားတွေ အဖြစ် ပူလီဆစ် အိုဒွိုင်း ၊ ဇီရက်ဇ် တို့ကို ပိုင်ဆိုင်ထားပေမယ့် အဆိုပါ ကစားသမား အားလုံးဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် တောင်ပံအင်အား ထပ်မံ ဖြည့်တင်းဖို့ ရည်ရွယ်ထားပြီး ဘိုင်ယန်မြူးနစ် တောင်ပံ ကစားသမား ကိုးမန်းကို ခေါ်ယူဖို့ ပစ်မှတ်ထား ပြင်ဆင်လာကြောင်း သိရပါတယ်။

ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁ နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက ကိုးမန်းကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုတွေ ပြုလုက်နေပေမယ့် တိုးတက်မှု မရှိကြောင်း သိရပါတယ်

ဘိုင်ယန်မြူးနစ်အသင်းဟာ ကိုးမန်းရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး အကယ်၍ ကိုးမန်းကသာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန် အထိ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက ကိုးမန်းကို လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်သွားမယ်လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြီးအကဲတွေက အတည်ပြုထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိုးမန်းတို့ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီ ကိုးမန်းကသာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့နဲ့ နွေရာသီ အပြောင်းအရွှေ့တို့မှာ ကိုးမန်းအတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

တဖက်မှာတော့ ကိုးမန်းဟာ သူ့ရဲ့ ကစားသမား ဘဝ အတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပြီး ဘိုင်ယန်မြူးနစ်အသင်း ကတော့ ကိုးမန်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေကြောင်း ကိုးမန်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ အသင္းမွာ ေတာင္ပံ ကစားသမားေတြ အျဖစ္ ပူလီဆစ္ အိုဒြိုင္း ၊ ဇီရက္ဇ္ တို႔ကို ပိုင္ဆိုင္ထားေပမယ့္ အဆိုပါ ကစားသမား အားလုံးဟာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ေတာင္ပံအင္အား ထပ္မံ ျဖည့္တင္းဖို႔ ရည္႐ြယ္ထားၿပီး ဘိုင္ယန္ျမဴးနစ္ ေတာင္ပံ ကစားသမား ကိုးမန္းကို ေခၚယူဖို႔ ပစ္မွတ္ထား ျပင္ဆင္လာေၾကာင္း သိရပါတယ္။

ျပင္သစ္ လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား ကိုးမန္းဟာ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ ႏွစ္ေက်ာ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းက ကိုးမန္းကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုက္ေနေပမယ့္ တိုးတက္မႈ မရွိေၾကာင္း

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ကိုးမန္းရဲ႕ ေအးဂ်င့္ျဖစ္သူနဲ႕ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး အကယ္၍ ကိုးမန္းကသာ ယခုႏွစ္ ေဘာလုံးရာသီ ကုန္ဆုံးခ်ိန္ အထိ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိပါက ကိုးမန္းကို လာမယ့္ ၂၀၂၂ခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေရာင္းထုတ္သြားမယ္လို႔ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ အႀကီးအကဲေတြက အတည္ျပဳထားပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႕ ကိုးမန္းတို႔ရဲ႕ အေျခအေနကို အနီးကပ္ ေစာင့္ၾကည့္ေနၿပီ ကိုးမန္းကသာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုျခင္း မရွိပါက လာမယ့္ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕နဲ႕ ေႏြရာသီ အေျပာင္းအေ႐ႊ႕တို႔မွာ ကိုးမန္းအတြက္ ကမ္းလွမ္းမႈေတြ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

တဖက္မွာေတာ့ ကိုးမန္းဟာ သူ႕ရဲ႕ ကစားသမား ဘဝ အတြက္ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္ေနၿပီး ဘိုင္ယန္ျမဴးနစ္အသင္း ကေတာ့ ကိုးမန္း အတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၆၀သန္း ဝန္းက်င္ အလိုရွိေနေၾကာင္း ကိုးမန္းနဲ႕ နီးစပ္သူေတြက ဆိုထားပါတယ္။