Spots news

ပွဲကြပ်နေချိန်မှာ ဒဏ်ရာကြောင့် လနဲ့ချီ အနားယူရတော့မယ့် ဖာမီနို

Unicode Version

လီဗာပူးလ်အသင်းတိုက်စစ်မှူးဖာမီနိုဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှာ ရရှိခဲတဲ့ ဒဏ်ရာကြောင့် တစ်လကြာအနားယူရတော့မယ်လို့ နည်းပြကလော့ပ်ကအတည်ပြုလိုက်ပါတယ်။

ဆိုးရွားတဲ့တံကောက်ကြောဒဏ်ရာကို ရရှိခဲ့တယ်လို့ သိရပြီး လီဗာပူးလ်တို့ ပွဲကျပ်တွေဆက်တိုက်ကစားရတော့မယ့်အချိန်မှာမှ အားထားရတဲ့ ကစားသမားတစ်ဦးကို လီဗာပူးလ်တို့ လက်လွှတ်ရတော့မှာပါ။

အသက် ၃၀ အရွယ် ဘရာဇီးလ်တိုက်စစ်မှူးဟာ အဆိုပါဒဏ်ရာကြောင့် လူစားလဲလှယ်ခံခဲ့ရပါတယ်။ ကလော့ပ်ကတော့ နိုင်ငံတကာပွဲတွေအပြီးမှာ ဖာမီနိုပြန်လည်သက်သာလာဖို့ မျှော်လင့်နေပြီး လက်ရှိမှာတော့

လာမယ့်ပွဲတွေအတွက် ခေါင်းစားရတော့မှာပါ။ လီဗာပူးလ်ဟာ ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဝက်စ်ဟမ်းနဲ့ မနက်ဖြန်မှာကစားရမှာဖြစ်ပြီး အဲဒီနောက် အာဆင်နယ်၊ ပေါ်တို၊ ဆောက်သမ်တန်၊ အဲဗာတန်တို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။

“ဘော်ဘီအတွက်တော့ သတင်းဆိုးဖြစ်ပြီး ဆိုးရွားတဲ့ တံကောက်ကြောဒဏ်ရာကို သူ ရရှိသွားခဲ့တာပါ၊ တကယ်ကို ကံဆိုပါတယ်၊ သူ ဘယ်လောက်ထိ အနားယူရမလဲဆိုတာကို အတိအကျမသိရသေးပေမယ့်

နိုင်ငံတကာပွဲတွေအပြီးမှာ သူ ပြန်ကစားပေးနိုင်ဖို့တော့ မျှော်လင့်ပါတယ်၊ ဒိအတွက်လည်း ကျွန်တော်တို့ကြိုးစားသွားမှာပါ” လို့ ကလော့ပ်က အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုသွားခဲ့ပါတယ်။

ဒီရာသီမှာ ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်ရဲ့ ရှုံးပွဲမရှိတဲ့ တစ်ခုတည်းသောအသင်းအဖြစ် လီဗာပူးလ်က ရပ်တည်နေတာဖြစ်ပါတယ်။ ဖာမီနိုက အသင်းတိုက်စစ်ပိုင်းမှာ ပုံမှန်ကစားခွင့်ရရှိနေသူဖြစ်ပြီး

သူ မကစားနိုင်ချိန်မှာ လီဗာပူးလ်ရဲ့ ရစ်သမ်မှန်နေတဲ့ တိုက်စစ်ပိုင်းက အားနည်းလာဖွယ်ရာရှိနေပြီး ကလော့ပ်အနေနဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံးဖြည့်တင်းနိုင်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

Zawgyi Version

လီဗာပူးလ္အသင္းတိုက္စစ္မႉးဖာမီနိုဟာ အက္သလက္တီကိုမက္ဒရစ္နဲ႕ပြဲမွာ ရရွိခဲတဲ့ ဒဏ္ရာေၾကာင့္ တစ္လၾကာအနားယူရေတာ့မယ္လို႔ နည္းျပကေလာ့ပ္ကအတည္ျပဳလိုက္ပါတယ္။

ဆိုး႐ြားတဲ့တံေကာက္ေၾကာဒဏ္ရာကို ရရွိခဲ့တယ္လို႔ သိရၿပီး လီဗာပူးလ္တို႔ ပြဲက်ပ္ေတြဆက္တိုက္ကစားရေတာ့မယ့္အခ်ိန္မွာမွ အားထားရတဲ့ ကစားသမားတစ္ဦးကို လီဗာပူးလ္တို႔ လက္လႊတ္ရေတာ့မွာပါ။

အသက္ ၃၀ အ႐ြယ္ ဘရာဇီးလ္တိုက္စစ္မႉးဟာ အဆိုပါဒဏ္ရာေၾကာင့္ လူစားလဲလွယ္ခံခဲ့ရပါတယ္။ ကေလာ့ပ္ကေတာ့ နိုင္ငံတကာပြဲေတြအၿပီးမွာ ဖာမီနိုျပန္လည္သက္သာလာဖို႔ ေမွ်ာ္လင့္ေနၿပီး လက္ရွိမွာေတာ့

လာမယ့္ပြဲေတြအတြက္ ေခါင္းစားရေတာ့မွာပါ။ လီဗာပူးလ္ဟာ ဒီရာသီမွာ ေျခစြမ္းျပေနတဲ့ ဝက္စ္ဟမ္းနဲ႕ မနက္ျဖန္မွာကစားရမွာျဖစ္ၿပီး အဲဒီေနာက္ အာဆင္နယ္၊ ေပၚတို၊ ေဆာက္သမ္တန္၊ အဲဗာတန္တို႔နဲ႕ ဆက္တိုက္ကစားရမွာျဖစ္ပါတယ္။

“ေဘာ္ဘီအတြက္ေတာ့ သတင္းဆိုးျဖစ္ၿပီး ဆိုး႐ြားတဲ့ တံေကာက္ေၾကာဒဏ္ရာကို သူ ရရွိသြားခဲ့တာပါ၊ တကယ္ကို ကံဆိုပါတယ္၊ သူ ဘယ္ေလာက္ထိ အနားယူရမလဲဆိုတာကို အတိအက်မသိရေသးေပမယ့္

နိုင္ငံတကာပြဲေတြအၿပီးမွာ သူ ျပန္ကစားေပးနိုင္ဖို႔ေတာ့ ေမွ်ာ္လင့္ပါတယ္၊ ဒိအတြက္လည္း ကြၽန္ေတာ္တို႔ႀကိဳးစားသြားမွာပါ” လို႔ ကေလာ့ပ္က အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆိုက္ကတဆင့္ ေျပာဆိုသြားခဲ့ပါတယ္။

ဒီရာသီမွာ ေျခစြမ္းျပေနၿပီး ပရီးမီးယားလိဂ္ရဲ႕ ရႈံးပြဲမရွိတဲ့ တစ္ခုတည္းေသာအသင္းအျဖစ္ လီဗာပူးလ္က ရပ္တည္ေနတာျဖစ္ပါတယ္။ ဖာမီနိုက အသင္းတိုက္စစ္ပိုင္းမွာ ပုံမွန္ကစားခြင့္ရရွိေနသူျဖစ္ၿပီး

သူ မကစားနိုင္ခ်ိန္မွာ လီဗာပူးလ္ရဲ႕ ရစ္သမ္မွန္ေနတဲ့ တိုက္စစ္ပိုင္းက အားနည္းလာဖြယ္ရာရွိေနၿပီး ကေလာ့ပ္အေနနဲ႕ တိုက္စစ္ပိုင္းကို အေကာင္းဆုံးျဖည့္တင္းနိုင္ဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။