Unicode Version
မန်ယူနိုက်တက် အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ မန်ချက်စတာဒါဘီ ပွဲစဉ်ကို အိမ်ရှင်ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ(ပွဲပယ်)နဲ့ ဗာရန်း(ဒဏ်ရာ)တို့ လွဲချော်ရမှာ ဖြစ်သလို အခု အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီပါ အရွတ်ဒဏ်ရာ ပြသာနာကြောင့် လွဲချော်ရဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအစပိုင်းမှာ ဒဏ်ရာပြသာနာတချို့ကြောင့် အနားယူရတာဖြစ်ပြီး စပါးအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာမှ တိုက်စစ်ပိုင်းမှာ ရော်နယ်လ်ဒိုနဲ့ တွဲဖက်ပြီး ပွဲထွက်လာခဲ့ရသလို သူရဲ့ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပထမဆုံးသွင်းဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကာဗာနီဟာ စပါးအသင်းနဲ့ ပွဲစဉ်အတွင်း မိနစ် ၈၀ ဝန်းကျင်လောက်မှာပဲ အရွတ်ဒဏ်ရာကို ခံစားခဲ့ရတာကြောင့် လင်ဂတ်နဲ့ လူစားလဲခဲ့ရသလို အတ္တလန်တာအသင်းနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း အသင်းအတွက် မိနစ် ၂၀ ဝန်းကျင်လေးကိုသာ လူစားဝင် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကာဗာနီအနေနဲ့ ဒီအရွတ်ဒဏ်ရာ နာကျင်မှုကြောင့် မန်ချက်စတာဒါဘီပွဲစဉ်ကို မပါဝင်နိုင်မယ့် အနေအထားကို ရှိနေရတယ်လို့ ဥရုဂွေးသတင်းထောက် ရိုဒရီဂိုရိုမာနိုက ထုတ်ပြန်လာခဲ့ပါတယ်။ ရိုမာနိုက “သူ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါက ဖြစ်လာမှာ မဟုတ်ပါဘူး။ သူရဲ့ အရွတ်ထဲမှာ ပြင်းပြင်းထန်ထန်ကို နာကျင်နေရတာ နှစ်ရက်ရှိနေပါပြီ။
ဒီအရွတ်ဒဏ်ရာက စပါးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်ရဲ့ မိနစ်(၈၀)လောက်မှာ ခံစားခဲ့ရတာဖြစ်လို့ အတ္တလန်တာနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု သက်သာလာတဲ့ အခြေအနေဆိုပေမယ့် မန်ချက်စတာဒါဘီပွဲကိုတော့ ကစားနိုင်မယ် မထင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
တကယ်လို့ ကာဗာနီ မပါဝင်လာနိုင်ဘူးဆိုရင် တိုက်စစ်နေရာမှာ ရော်နယ်လ်ဒိုနဲ့ ရပ်ရှ်ဖိုဒ့်တို့ကို တွဲဖက်အသုံးပြုလာနိုင်ပြီး ကွင်းလယ်မှာ ပေါ့ဘာ မပါဝင်နိုင်တဲ့အတွက် ကွင်းလယ်(၃) ယောက်တန်းမှာ ဖာနန်ဒက်စ် တွမ်မီနေး ဖရက်ဒ်တို့ ပွဲထွက်လာနိုင်သလို ခံစစ်(၃)ဦးတန်းမှာလည်း မက်ဂွိုင်းရား ဘိုင်လီ လင်ဒီလော့တို့ကို ရွေးချယ်အသုံးပြုလာနိုင်ခြေ ရှိပါတယ်။
Zawgyi Version
မန္ယူနိုက္တက္ အသင္းနဲ႕ မန္စီးတီးအသင္းတို႔ရဲ႕ မန္ခ်က္စတာဒါဘီ ပြဲစဥ္ကို အိမ္ရွင္ယူနိုက္တက္အသင္းရဲ႕ အဓိက ကစားသမားေတြျဖစ္တဲ့ ေပါ့ဘာ(ပြဲပယ္)နဲ႕ ဗာရန္း(ဒဏ္ရာ)တို႔ လြဲေခ်ာ္ရမွာ ျဖစ္သလို အခု အသင္းရဲ႕ ဝါရင့္တိုက္စစ္ကစားသမားႀကီး အက္ဒီဆင္ကာဗာနီပါ အ႐ြတ္ဒဏ္ရာ ျပသာနာေၾကာင့္ လြဲေခ်ာ္ရဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။
ကာဗာနီဟာ ဒီႏွစ္ေဘာလုံးရာသီအစပိုင္းမွာ ဒဏ္ရာျပသာနာတခ်ိဳ႕ေၾကာင့္ အနားယူရတာျဖစ္ၿပီး စပါးအသင္းကို အနိုင္ရခဲ့တဲ့ ပြဲစဥ္မွာမွ တိုက္စစ္ပိုင္းမွာ ေရာ္နယ္လ္ဒိုနဲ႕ တြဲဖက္ၿပီး ပြဲထြက္လာခဲ့ရသလို သူရဲ႕ဒီရာသီ ယူနိုက္တက္အသင္းအတြက္ ပထမဆုံးသြင္းဂိုးကိုပါ သြင္းယူနိုင္ခဲ့ပါတယ္။
ဒါေပမယ့္ ကာဗာနီဟာ စပါးအသင္းနဲ႕ ပြဲစဥ္အတြင္း မိနစ္ ၈၀ ဝန္းက်င္ေလာက္မွာပဲ အ႐ြတ္ဒဏ္ရာကို ခံစားခဲ့ရတာေၾကာင့္ လင္ဂတ္နဲ႕ လူစားလဲခဲ့ရသလို အတၱလန္တာအသင္းနဲ႕ ထပ္မံရင္ဆိုင္ခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာလည္း အသင္းအတြက္ မိနစ္ ၂၀ ဝန္းက်င္ေလးကိုသာ လူစားဝင္ ကစားနိုင္ခဲ့တာ ျဖစ္ပါတယ္။
ကာဗာနီအေနနဲ႕ ဒီအ႐ြတ္ဒဏ္ရာ နာက်င္မႈေၾကာင့္ မန္ခ်က္စတာဒါဘီပြဲစဥ္ကို မပါဝင္နိုင္မယ့္ အေနအထားကို ရွိေနရတယ္လို႔ ဥ႐ုေဂြးသတင္းေထာက္ ရိုဒရီဂိုရိုမာနိုက ထုတ္ျပန္လာခဲ့ပါတယ္။ ရိုမာနိုက “သူ ဒီပြဲမွာ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ဒါက ျဖစ္လာမွာ မဟုတ္ပါဘူး။ သူရဲ႕ အ႐ြတ္ထဲမွာ ျပင္းျပင္းထန္ထန္ကို နာက်င္ေနရတာ ႏွစ္ရက္ရွိေနပါၿပီ။
ဒီအ႐ြတ္ဒဏ္ရာက စပါးအသင္းနဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ ပြဲစဥ္ရဲ႕ မိနစ္(၈၀)ေလာက္မွာ ခံစားခဲ့ရတာျဖစ္လို႔ အတၱလန္တာနဲ႕ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ မကစားနိုင္ခဲ့တာ ျဖစ္ပါတယ္။ အခု သက္သာလာတဲ့ အေျခအေနဆိုေပမယ့္ မန္ခ်က္စတာဒါဘီပြဲကိုေတာ့ ကစားနိုင္မယ္ မထင္ပါဘူး” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
တကယ္လို႔ ကာဗာနီ မပါဝင္လာနိုင္ဘူးဆိုရင္ တိုက္စစ္ေနရာမွာ ေရာ္နယ္လ္ဒိုနဲ႕ ရပ္ရွ္ဖိုဒ့္တို႔ကို တြဲဖက္အသုံးျပဳလာနိုင္ၿပီး ကြင္းလယ္မွာ ေပါ့ဘာ မပါဝင္နိုင္တဲ့အတြက္ ကြင္းလယ္(၃)ေယာက္တန္းမွာ ဖာနန္ဒက္စ္ တြမ္မီေနး ဖရက္ဒ္တို႔ ပြဲထြက္လာနိုင္သလို ခံစစ္(၃)ဦးတန္းမွာလည္း မက္ဂြိုင္းရား ဘိုင္လီ လင္ဒီေလာ့တို႔ကို ေ႐ြးခ်ယ္အသုံးျပဳလာနိုင္ေျခ ရွိပါတယ္။