Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လက်ရှိအခြေအနေ ကို အဓိက ပုံ့ပိုးပေးနေတဲ့ ကစားသမား များစွာ ထဲမှာ ဘရူနို ဖာနန်ဒက်စ်က အထင်ရှားဆုံး ဖြစ် နေပါတယ်။
လက်ရှိ အချိန်မှာ ဘရူနို ဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် ဂိုးသွင်း စာရင်းတွင် တတိယ နေရာ ၌ ရပ်တည် နေပြီး ၁၁ ဂိုး သွင်းယူ ပေးထား နိုင် ပါတယ်။
လီဗာပူး တိုက်စစ်မှူး ဆာလာ နှင့် စပါး အသင်းမှ ဆွန်ဟောင်မင် တို့သာ လျှင် ဖာနန်ဒက်စ် ထက် ဂိုး ပိုသွင်း ထားနိုင် တာလဲ ဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ စပို့တင်းကနေ ပြောင်းရွေ့လာ ကတည်းက ယူနိုက်တက် အတွက် ခြေစွမ်းပြခဲ့သူ ဖြစ်ပြီး လက်ရှိမှာ အသင်းရဲ့အဓိကကစားသမား တစ်ဦးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။
တစ်ချိန်က အသင်း နဲ့ အတူ အောင်မြင်မှု တွေ အလီလီ ရရှိခဲ့ တဲ့ ကမ္ဘာ့ အကောင်းဆု ကစားသမား ဆုရ ခရစ်စတီယာနို ရော်နယ်ဒို ဟာလဲ စပို့တင်း လစ္စဘွန်း ကနေ ခေါ်ယူ ထား ခဲ့တာလဲ ဖြစ်ပါတယ်။
ခရစ်စတီယာနို နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ဟာ နိုင်ငံ အသင်းဖော်တွေ ဖြစ်ကြပြီး ဘရူနို အနေနဲ့ ယူနိုက်တက် ကို ပြောင်းရွေ့ ဖို့ အဆုံးသတ် ဆုံးဖြတ်ချက် မချင် နိုင်ငံ အသင်းဖော် ယူနိုက်တက် ကစားသမား ဟောင်း ခရစ်စတီယာနို ရော်နယ်ဒိုကို မေးမြန်းခဲ့ ကြောင်းကို ဘရူနို ဖာနန်ဒက်စ် က ပြောပြ လာခဲ့ပါတယ်။
“ သူက ယူနိုက်တက် ကစားသမား ဟောင်းဆိုတော့ သူ့ဆီက အကြံတောင်းဖြစ်တယ် ဗျ။
ဒါပေမယ့် ဘယ်လို ဖြစ်ဖြစ် ယူနိုက်တက်ကို သွားဖို့ဆုံးဖြတ် ထားပေမယ့် သူနဲ့ စကားပြော ပြီးတဲ့ နောက်မှာ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့တယ်။ ”
“ သူက ယူနိုက်တက် ရဲ့ သမိုင်းကြောင်း ကြီးကျယ် ခမ်းနား ကြောင်းနဲ့ ကျွန်တော့် အတွက် အခွင့် အရေး ကောင်းတစ်ခု ဆိုပြီး ပြောပြခဲ့တယ်။
အသင်းရဲ့ ပရိတ်သတ်တွေရဲ့ နွေးထွေးမှု ၊ ကစား သမားတွေ အပေါ်ကို လေးစား မှု ရှိပုံတွေလဲ ပြောပြခဲ့တယ် ”
“ သူက ကျွန်တော့်ကို သွားသာသွား လိုက် ၊ ယူနိုက်တက် ဘာလဲဆိုတာ မင်းသိလိမ့်မယ် ၊ ပရိသတ်တွေကို မင်း ချစ်သွား လိမ့်မယ် ဒီလိုပဲသူတို့ကလည်း မင်းကို ချစ်ကြ လိမ့်မယ် ဒါ့ကြောင့် ဘာဖြစ်ဖြစ် မင်းရဲ့ပွဲကို အကောင်းဆုံးကစားပါ မင်းအတွက် အရာအားလုံး ရယူ နိုင်ပါ လိမ့်မယ် ဆိုပြီး ပြောခဲ့ပါတယ် ”
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ လက္ရွိအေျခအေန ကို အဓိက ပုံ႕ပိုးေပးေနတဲ့ ကစားသမား မ်ားစြာ ထဲမွာ ဘ႐ူနို ဖာနန္ဒက္စ္က အထင္ရွားဆုံး ျဖစ္ ေနပါတယ္။
လက္ရွိ အခ်ိန္မွာ ဘ႐ူနို ဖာနန္ဒက္စ္ ဟာ ပရီးမီးယားလိဂ္ ဂိုးသြင္း စာရင္းတြင္ တတိယ ေနရာ ၌ ရပ္တည္ ေနၿပီး ၁၁ ဂိုး သြင္းယူ ေပးထား နိုင္ ပါတယ္။ လီဗာပူး တိုက္စစ္မႉး ဆာလာ ႏွင့္ စပါး အသင္းမွ ဆြန္ေဟာင္မင္ တို႔သာ လွ်င္ ဖာနန္ဒက္စ္ ထက္ ဂိုး ပိုသြင္း ထားနိုင္ တာလဲ ျဖစ္ပါတယ္။
ဘ႐ူနိုဖာနန္ဒက္စ္ဟာ စပို႔တင္းကေန ေျပာင္းေ႐ြ႕လာ ကတည္းက ယူနိုက္တက္ အတြက္ ေျခစြမ္းျပခဲ့သူ ျဖစ္ၿပီး လက္ရွိမွာ အသင္းရဲ႕အဓိကကစားသမား တစ္ဦးအျဖစ္ ရပ္တည္လ်က္ ရွိေနပါတယ္။ တစ္ခ်ိန္က အသင္း နဲ႕ အတူ ေအာင္ျမင္မႈ ေတြ အလီလီ ရရွိခဲ့ တဲ့ ကမာၻ႔ အေကာင္းဆု ကစားသမား ဆုရ ခရစ္စတီယာနို ေရာ္နယ္ဒို ဟာလဲ စပို႔တင္း လစၥဘြန္း ကေန ေခၚယူ ထား ခဲ့တာလဲ ျဖစ္ပါတယ္။
ခရစ္စတီယာနို နဲ႕ ဘ႐ူနို ဖာနန္ဒက္စ္တို႔ ဟာ နိုင္ငံ အသင္းေဖာ္ေတြ ျဖစ္ၾကၿပီး ဘ႐ူနို အေနနဲ႕ ယူနိုက္တက္ ကို ေျပာင္းေ႐ြ႕ ဖို႔ အဆုံးသတ္ ဆုံးျဖတ္ခ်က္ မခ်င္ နိုင္ငံ အသင္းေဖာ္ ယူနိုက္တက္ ကစားသမား ေဟာင္း ခရစ္စတီယာနို ေရာ္နယ္ဒိုကို ေမးျမန္းခဲ့ ေၾကာင္းကို ဘ႐ူနို ဖာနန္ဒက္စ္ က ေျပာျပ လာခဲ့ပါတယ္။
“ သူက ယူနိုက္တက္ ကစားသမား ေဟာင္းဆိုေတာ့ သူ႕ဆီက အႀကံေတာင္းျဖစ္တယ္ ဗ်။ ဒါေပမယ့္ ဘယ္လို ျဖစ္ျဖစ္ ယူနိုက္တက္ကို သြားဖို႔ဆုံးျဖတ္ ထားေပမယ့္ သူနဲ႕ စကားေျပာ ၿပီးတဲ့ ေနာက္မွာ ဆုံးျဖတ္ခ်က္ ခိုင္မာသြားခဲ့တယ္။ ”
“ သူက ယူနိုက္တက္ ရဲ႕ သမိုင္းေၾကာင္း ႀကီးက်ယ္ ခမ္းနား ေၾကာင္းနဲ႕ ကြၽန္ေတာ့္ အတြက္ အခြင့္ အေရး ေကာင္းတစ္ခု ဆိုၿပီး ေျပာျပခဲ့တယ္။ အသင္းရဲ႕ ပရိတ္သတ္ေတြရဲ႕ ေႏြးေထြးမႈ ၊ ကစား သမားေတြ အေပၚကို ေလးစား မႈ ရွိပုံေတြလဲ ေျပာျပခဲ့တယ္ ”
“ သူက ကြၽန္ေတာ့္ကို သြားသာသြား လိုက္ ၊ ယူနိုက္တက္ ဘာလဲဆိုတာ မင္းသိလိမ့္မယ္ ၊ ပရိသတ္ေတြကို မင္း ခ်စ္သြား လိမ့္မယ္ ဒီလိုပဲသူတို႔ကလည္း မင္းကို ခ်စ္ၾက လိမ့္မယ္ ဒါ့ေၾကာင့္ ဘာျဖစ္ျဖစ္ မင္းရဲ႕ပြဲကို အေကာင္းဆုံးကစားပါ မင္းအတြက္ အရာအားလုံး ရယူ နိုင္ပါ လိမ့္မယ္ ဆိုၿပီး ေျပာခဲ့ပါတယ္ ”