Unicode Version
ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခံထားရတဲ့ ဇာဗီကတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်လာခဲ့တာဟာ ပရိသတ်တွေကြောင့် ဖြစ်ကြောင်း ဘာစီလိုနာ နည်းပြဘဝ ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာပဲ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
အသက် ၄၁နှစ် အရွယ် စပိန်ဂန္တဝင် ကွင်းလယ်လူ ဇာဗီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် နည်းပြဘဝကို ကာတာကလပ် အယ်ဆတ်အသင်းနဲ့အတူ စတင်ခဲ့တာ ဖြစ်ပြီး အယ်ဆတ်အသင်းကို ၂နှစ်ကြာ ကိုင်တွယ်ခဲ့ရာမှာ ဆုဖလားပေါင်း ၇လုံး အထိ ရယူနိုင်ခဲ့သူပါ။
အယ်ဆတ်အသင်းဟာ ဇာဗီကို အသင်းရဲ့နည်းပြ အဖြစ် ခန့်အပ်ပြီးနောက် တဟုန်ထိုး တိုးတက်လာပြီး ကာတာလိဂ်ရဲ့ အကောင်းဆုံးအသင်း တသင်း ဖြစ်လာသလို အာရှချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အထိ ရောက်ရှိလာတာကြောင့် ဘာစီလိုနာအသင်းဟာ ဇာဗီကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဇာဗီဟာ ကာတာနိုင်ငံ ကနေ ဘာစီလိုနာမြို့ဆီ ပြန်လာဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ ဘာစီလိုနာ နည်းပြဘဝ ပထမဦးဆုံး အင်တာဗျူးမှာတော့ သူဟာ ပရိသတ်တွေ အတွက် ဘာစီလိုနာအသင်းဆီ ပြန်လာခဲ့တာပါလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ဇာဗီက “ ဒီတကြိမ်က နှုတ်ဆက်ရမယ့် အချိန် မဟုတ်တော့ပါဘူး။ နူးကမ့်က အမြဲတမ်း ကျွန်တော့်ရဲ့အိမ်ပါပဲ။ ကျွန်တော့်ရဲ့ ပရိသတ်တွေ ၊ ရဲဘော်ရဲဘက်တွေ အတွက် ကျွန်တော် ပြန်လာခဲ့တာပါ။
ပြီးတော့ ဘာစီလိုနာအသင်းကလည်း ကျွန်တော် အချစ်ရဆုံး အသင်းပါ။ အခုတော့ ကျွန်တော် အိမ်ကို ပြန်လာပါပြီ။ မကြာခင် ပြန်တွေ့ကြတာပေါ့ဗျာ” လို့ ဖွင့်ဟသွားခဲ့တာပါ။
Zawgyi Version
ဘာစီလိုနာအသင္းရဲ႕ နည္းျပသစ္ အျဖစ္ ခန႔္အပ္ခံထားရတဲ့ ဇာဗီကေတာ့ သူ႕အေနနဲ႕ ဘာစီလိုနာအသင္းဆီ ျပန္လာခဲ့တာဟာ ပရိသတ္ေတြေၾကာင့္ ျဖစ္ေၾကာင္း ဘာစီလိုနာ နည္းျပဘဝ ပထမဦးဆုံး ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာပဲ ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။
အသက္ ၄၁ႏွစ္ အ႐ြယ္ စပိန္ဂႏၲဝင္ ကြင္းလယ္လူ ဇာဗီဟာ သူ႕ရဲ႕ ပေရာ္ဖက္ရွင္နယ္ နည္းျပဘဝကို ကာတာကလပ္ အယ္ဆတ္အသင္းနဲ႕အတူ စတင္ခဲ့တာ ျဖစ္ၿပီး အယ္ဆတ္အသင္းကို ၂ႏွစ္ၾကာ ကိုင္တြယ္ခဲ့ရာမွာ ဆုဖလားေပါင္း ၇လုံး အထိ ရယူနိုင္ခဲ့သူပါ။
အယ္ဆတ္အသင္းဟာ ဇာဗီကို အသင္းရဲ႕နည္းျပ အျဖစ္ ခန႔္အပ္ၿပီးေနာက္ တဟုန္ထိုး တိုးတက္လာၿပီး ကာတာလိဂ္ရဲ႕ အေကာင္းဆုံးအသင္း တသင္း ျဖစ္လာသလို အာရွခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့ အထိ ေရာက္ရွိလာတာေၾကာင့္ ဘာစီလိုနာအသင္းဟာ ဇာဗီကို အသင္းရဲ႕ နည္းျပသစ္ အျဖစ္ ခန႔္အပ္ခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဇာဗီဟာ ကာတာနိုင္ငံ ကေန ဘာစီလိုနာၿမိဳ႕ဆီ ျပန္လာဖို႔ ျပင္ဆင္ေနၿပီး သူ႕ရဲ႕ ဘာစီလိုနာ နည္းျပဘဝ ပထမဦးဆုံး အင္တာဗ်ဴးမွာေတာ့ သူဟာ ပရိသတ္ေတြ အတြက္ ဘာစီလိုနာအသင္းဆီ ျပန္လာခဲ့တာပါလို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။
ဇာဗီက “ ဒီတႀကိမ္က ႏႈတ္ဆက္ရမယ့္ အခ်ိန္ မဟုတ္ေတာ့ပါဘူး။ ႏူးကမ့္က အၿမဲတမ္း ကြၽန္ေတာ့္ရဲ႕အိမ္ပါပဲ။ ကြၽန္ေတာ့္ရဲ႕ ပရိသတ္ေတြ ၊ ရဲေဘာ္ရဲဘက္ေတြ အတြက္ ကြၽန္ေတာ္ ျပန္လာခဲ့တာပါ။ ၿပီးေတာ့ ဘာစီလိုနာအသင္းကလည္း ကြၽန္ေတာ္ အခ်စ္ရဆုံး အသင္းပါ။ အခုေတာ့ ကြၽန္ေတာ္ အိမ္ကို ျပန္လာပါၿပီ။ မၾကာခင္ ျပန္ေတြ႕ၾကတာေပါ့ဗ်ာ” လို႔ ဖြင့္ဟသြားခဲ့တာပါ။