Spots news

ဒီဂီယာကယ်လို့သာ မြို့ခံပြိုင်ဘက်ကို လီဗာပူးနဲ့ တုန်းကလို မရှုံးခဲ့ရတဲ့ မန်ယူနိုက်တက်

Unicode Version

ယနေ့ညရဲ့ ပွဲကြီးပွဲကောင်းဖြစ်တဲ့ သမိုင်းအစဉ်အဆက် ကြီးမားခဲ့တဲ့ မန်ချက်စတာ ဒါဘီကတော့ ယခုနောက်ပိုင်းနှစ်တွေမှာ မန်ချက်စတာ မြို့ဟာ အနည်းငယ် အပြာရောင် သန်း‌နေပေမယ့် ပရိတ်သတ်တွေ စိတ်ဝင်စားမှုကို တော့ ခံနေရဆဲပါ။ ယနေ့ပွဲမှာလဲ မန်စီးတီးအသင်းဟာ မန်ယူနိုက်တက်ကို သက်တောင့်သက်သာ နဲ့ နှစ်ဂိုးပြတ်ဖြင့် အနိုင်ယူပြခဲ့ပါတယ်။

ပွဲကစားချိန် ၆ မိနစ်မှာတင် ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ လုခ်ရှောရဲ့ အမှားကတစ်ဆင့်ပဲ ဘာနာဒိုဆေးလ်ဗားက သွင်းယူခဲ့တာပါ။ မန်စီးတီးအနေနဲ့ ပထမပိုင်းမှာ ယူနိုက်တက် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် အခုထက် ဂိုးပို ပြတ်သွားနိုင်ပါတယ်။

မန်စီးတီးက ဒုတိယပိုင်းမှာ ကစားအားနည်းနည်းချလိုက်တဲ့ သဘောမှာရှိပြီး မလိုအပ်ဘဲ အလွန်အကျူး တိုက်စစ်ဆင်တာမျိုးမရှိတော့ပါဘူး။ ဂွါဒီယိုလာကလည်း လူစားလဲခဲ့တာမျိုးမရှိပါဘူး။ အဲ့ဒါကြောင့် ယူနိုက်တက်ဘက်က နည်းနည်းပြန်ဖိအားပေးလာပေမယ့် ထိထိရောက်ရောက်လည်း မရှိခဲ့ပါဘူး။

ဒါတောင် မန်စီးတီးဘက်က ဂိုးရနိုင်ခြေအချို့ရှိခဲ့ပြီး မဝင်ခဲ့လို့သာ ယူနိုက်တက်တို့ ဒီထက်အရှက်ပိုမကွဲခဲ့တာပါ။ ယူနိုက်တက်ဟာ မန်စီးတီးနဲ့မတိုင်ခင် အိုးထရက်ဖို့ဒ်မှာ နောက်ဆုံးကစားခဲ့တုန်းကလည်း လီဗာပူးကို ၅ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ ယူနိုက်တက်ဟာ လီဗာပူးနဲ့ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားကို

စပါး၊ အတ္တလန်တာ၊ အခု မန်စီးတီးတို့နဲ့ပွဲတွေအတွက် အခွင့်အရေးထပ်ပေးခဲ့ပါတယ်။ ယခု မန်ချက်စတာ ယူနိုက်တက် ၀-၂ မန်ချက်စတာ စီးတီး ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ ဖိအားတွေကို ရင်ဆိုင်လာရကြောင်း သိရပါတယ်။

Zawgyi Version

ယေန႕ညရဲ႕ ပြဲႀကီးပြဲေကာင္းျဖစ္တဲ့ သမိုင္းအစဥ္အဆက္ ႀကီးမားခဲ့တဲ့ မန္ခ်က္စတာ ဒါဘီကေတာ့ ယခုေနာက္ပိုင္းႏွစ္ေတြမွာ မန္ခ်က္စတာ ၿမိဳ႕ဟာ အနည္းငယ္ အျပာေရာင္ သန္း‌ေနေပမယ့္ ပရိတ္သတ္ေတြ စိတ္ဝင္စားမႈကို ေတာ့ ခံေနရဆဲပါ။ ယေန႕ပြဲမွာလဲ မန္စီးတီးအသင္းဟာ မန္ယူနိုက္တက္ကို သက္ေတာင့္သက္သာ နဲ႕ ႏွစ္ဂိုးျပတ္ျဖင့္ အနိုင္ယူျပခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၆ မိနစ္မွာတင္ ယူနိုက္တက္ ေနာက္ခံလူ အဲရစ္ဘိုင္လီက ကိုယ့္ဂိုးကိုယ္ သြင္းမိခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ လုခ္ေရွာရဲ႕ဘအမွားကတစ္ဆင့္ပဲ ဘာနာဒိုေဆးလ္ဗားက သြင္းယူခဲ့တာပါ။ မန္စီးတီးအေနနဲ႕ ပထမပိုင္းမွာ ယူနိုက္တက္ ဂိုးေပါက္ကို အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့ၿပီး ဒီဂီယာသာ လက္စြမ္းမျပခဲ့ရင္ အခုထက္ ဂိုးပို ျပတ္သြားနိုင္ပါတယ္။

မန္စီးတီးက ဒုတိယပိုင္းမွာ ကစားအားနည္းနည္းခ်လိဳက္တဲ့ သေဘာမွာရွိၿပီး မလိုအပ္ဘဲ အလြန္အက်ဴး တိုက္စစ္ဆင္တာမ်ိဳးမရွိေတာ့ပါဘူး။ ဂြါဒီယိုလာကလည္း လူစားလဲခဲ့တာမ်ိဳးမရွိပါဘူး။ အဲ့ဒါေၾကာင့္ ယူနိုက္တက္ဘက္က နည္းနည္းျပန္ဖိအားေပးလာေပမယ့္ ထိထိေရာက္ေရာက္လည္း မရွိခဲ့ပါဘူး။

ဒါေတာင္ မန္စီးတီးဘက္က ဂိုးရနိုင္ေျခအခ်ိဳ႕ရွိခဲ့ၿပီး မဝင္ခဲ့လို႔သာ ယူနိုက္တက္တို႔ ဒီထက္အရွက္ပိုမကြဲခဲ့တာပါ။ ယူနိုက္တက္ဟာ မန္စီးတီးနဲ႕မတိုင္ခင္ အိုးထရက္ဖို႔ဒ္မွာ ေနာက္ဆုံးကစားခဲ့တုန္းကလည္း လီဗာပူးကို ၅ ဂိုးျပတ္နဲ႕ အေရးနိမ့္ခဲ့တာပါ။ ယူနိုက္တက္ဟာ လီဗာပူးနဲ႕ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားကို

စပါး၊ အတၱလန္တာ၊ အခု မန္စီးတီးတို႔နဲ႕ပြဲေတြအတြက္ အခြင့္အေရးထပ္ေပးခဲ့ပါတယ္။ ယခု မန္ခ်က္စတာ ယူနိုက္တက္ ၀-၂ မန္ခ်က္စတာ စီးတီး ပြဲစဥ္အၿပီးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားဟာ ရာထူးကေန ထုတ္ပယ္ခံရနိုင္တဲ့ ဖိအားေတြကို ရင္ဆိုင္လာရေၾကာင္း သိရပါတယ္။