Spots news

မန်ယူကစားသမားတွေကို ဆုံးမဖို့ လက်လျော့လိုက်ပြီဆိုတဲ့ ရွိုင်ကိန်း

Unicode Version

မနေ့ညက မန်ချက်စတာ ယူနိုက်တက် အိမ်ကွင်း အိူးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ မန်စီးတီး အသင်းကို နှစ်ဂိုးပြတ် ရှူံးနိမ့်ခဲ့ပြီး မန်ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းကတော့ တော်တော်လေး စိတ်ပျက်တဲ့ အနေအထားကို ရောက်ရှိနေပြီး မန်ယူ ကစားသမားတွေကို ပြောဆို ဆုံးမဖို့ လက်လျော့ လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ပွဲကစားချိန် ၆ မိနစ်မှာတင် ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လီက ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာဖြစ်ပြီး ပထမပိုင်းပြီးခါနီးမှာ လုခ်ရှောရဲ့ အမှားကတစ်ဆင့်ပဲ ဘာနာဒိုဆေးလ်ဗားက သွင်းယူခဲ့တာပါ။ မန်စီးတီးအနေနဲ့ ပထမပိုင်းမှာ ယူနိုက်တက် ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် အခုထက် ဂိုးပြတ် ရှုံးနိမ့်သွားမှာပါ။

ရွိုင်ကိန်းက “သူတို့ဟာ လက်ရွေးစင် ကစားသမားတွေပါ။ ကျွန်တော်သာ သူတို့ နှစ်ပေါင်းများစွာ အပြစ်တင်လာခဲ့တာပါ။ အခုတော့ ဒီကစားသမားတွေနဲ့ ပက်သက်ပြီး လက်လျော့ လိုက်ပါပြီ။ ဒီကောင်တွေက ပြောဆို ဆုံးမလို့မရတော့ဘူး။ ခံစစ်ကို ဘယ်လိုများ ကစားလိုက်သလဲ ဆိုတာ ကျွန်တော် နားလည်လို့ မရပါဘူး။

ဒီပွဲမတိုင်မီ မန်ယူနိုက်တက်ဟာ အိမ်ကွင်းမှာ ကစားရတာကြောင့် အခွင့်အရေး ရှိတယ်လို့ ကျွန်တော် တွေးခဲ့ပါတယ်။ သူတို့ဟာ ဒီတစ်ရာသီလုံး ပြိုင်ဘက်တွေကို အခွင့်အရေးတွေ ပေးခဲ့ပါတယ်။ မန်စီးတီးဟာ အနည်းငယ် ကိုယ့်ကိုကိုယ် အထင်ကြီးသွားခဲ့ကာ ယူနိုက်တက်ကို အခွင့်အရေး တစ်ချို့ ပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း မထူးခြားပါဘူး။” လို့ ဆိုသွားပါတယ်။

မန်ယူနိုက်တက်ဟာ လိဂ်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲထိ ရှုံးထားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လီဗာပူးနဲ့ပွဲအပြီးမှာ နည်းပြဆိုးလ်ရှားကို အခွင့်အရေးထပ်ပေးခဲ့ပါတယ်။ ယခု မန်ချက်စတာ ယူနိုက်တက် ၀-၂ မန်ချက်စတာ စီးတီး ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ ဖိအားတွေကို ရင်ဆိုင်လာရကြောင်း သိရပါတယ်။

Zawgyi Version

မေန႕ညက မန္ခ်က္စတာ ယူနိုက္တက္ အိမ္ကြင္း အိူးထရတ္ဖိုဒ့္မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာ ဒါဘီမွာ မန္စီးတီး အသင္းကို ႏွစ္ဂိုးျပတ္ ရႉံးနိမ့္ခဲ့ၿပီး မန္ယူနိုက္တက္ ဂႏၲဝင္ ႐ြိုင္ကိန္းကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္တဲ့ အေနအထားကို ေရာက္ရွိေနၿပီး မန္ယူ ကစားသမားေတြကို ေျပာဆို ဆုံးမဖို႔ လက္ေလ်ာ့ လိုက္ၿပီ ျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၆ မိနစ္မွာတင္ ယူနိုက္တက္ ေနာက္ခံလူ အဲရစ္ဘိုင္လီက ကိုယ့္ဂိုးကိုယ္ သြင္းမိခဲ့တာျဖစ္ၿပီး ပထမပိုင္းၿပီးခါနီးမွာ လုခ္ေရွာရဲ႕ အမွားကတစ္ဆင့္ပဲ ဘာနာဒိုေဆးလ္ဗားက သြင္းယူခဲ့တာပါ။ မန္စီးတီးအေနနဲ႕ ပထမပိုင္းမွာ ယူနိုက္တက္ ဂိုးေပါက္ကို အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့ၿပီး ဒီဂီယာသာ လက္စြမ္းမျပခဲ့ရင္ အခုထက္ ဂိုးျပတ္ ရႈံးနိမ့္သြားမွာပါ။

႐ြိုင္ကိန္းက “သူတို႔ဟာ လက္ေ႐ြးစင္ ကစားသမားေတြပါ။ ကြၽန္ေတာ္သာ သူတို႔ ႏွစ္ေပါင္းမ်ားစြာ အျပစ္တင္လာခဲ့တာပါ။ အခုေတာ့ ဒီကစားသမားေတြနဲ႕ ပက္သက္ၿပီး လက္ေလ်ာ့ လိုက္ပါၿပီ။ ဒီေကာင္ေတြက ေျပာဆို ဆုံးမလို႔မရေတာ့ဘူး။ ခံစစ္ကို ဘယ္လိုမ်ား ကစားလိုက္သလဲ ဆိုတာ ကြၽန္ေတာ္ နားလည္လို႔ မရပါဘူး။

ဒီပြဲမတိုင္မီ မန္ယူနိုက္တက္ဟာ အိမ္ကြင္းမွာ ကစားရတာေၾကာင့္ အခြင့္အေရး ရွိတယ္လို႔ ကြၽန္ေတာ္ ေတြးခဲ့ပါတယ္။ သူတို႔ဟာ ဒီတစ္ရာသီလုံး ၿပိဳင္ဘက္ေတြကို အခြင့္အေရးေတြ ေပးခဲ့ပါတယ္။ မန္စီးတီးဟာ အနည္းငယ္ ကိုယ့္ကိုကိုယ္ အထင္ႀကီးသြားခဲ့ကာ ယူနိုက္တက္ကို အခြင့္အေရး တစ္ခ်ိဳ႕ ေပးခဲ့ပါတယ္။ ဒါေပမယ့္လည္း မထူးျခားပါဘူး။” လို႔ ဆိုသြားပါတယ္။

မန္ယူနိုက္တက္ဟာ လိဂ္ပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲထိ ရႈံးထားခဲ့ၿပီ ျဖစ္ပါတယ္။ ယူနိုက္တက္ဟာ လီဗာပူးနဲ႕ပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားကို အခြင့္အေရးထပ္ေပးခဲ့ပါတယ္။ ယခု မန္ခ်က္စတာ ယူနိုက္တက္ ၀-၂ မန္ခ်က္စတာ စီးတီး ပြဲစဥ္အၿပီးမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားဟာ ရာထူးကေန ထုတ္ပယ္ခံရနိုင္တဲ့ ဖိအားေတြကို ရင္ဆိုင္လာရေၾကာင္း သိရပါတယ္။