Spots news

ဒါဘီပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြရာထူးအတွက် စိုးရိမ်စရာ မရှိသေးတဲ့ ဆိုးလ်ရှား

Unicode Version

ယူနိုက်တက် အိမ်ကွင်း အိူးထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ဒါဘီမှာ ၂ ဂိုးပြတ် ရှူံးနိမ့်ခဲ့ပြီးနောက် ပရိတ်သတ်များက ဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ကျယ်ကျယ်လောင်လောင် တောင်းဆိုနေကြ ပေမယ့် နည်းပြ ဆိုးလ်ရှားကတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချထားပြီး ရာထူးကနေ အထုတ်ခံရမယ်လို့ မထင်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ လီဗာပူးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် အပါအ၀င် နောက်ဆုံး လိဂ်ပွဲစဉ် ၆ ပွဲမှာ ၄ ပွဲထိ ရှုံးထားခဲ့ပြီ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဟာ လီဗာပူးကို ၅ ဂိုးပြတ် ရှုံးနိမ့်ပြီးနောက်မှာ စပါး၊ အတ္တလန်တာ၊ အခု မန်စီးတီးတို့နဲ့ပွဲတွေအတွက် အခွင့်အရေးထပ်ပေးခဲ့ပေမယ့် ယခုပွဲအပြီးမှာ တော့ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ပရိတ်သတ်များက မျှော်လင့်နေတာပါ။

သို့ပေမယ့် စပါးနဲ့ အတ္တလန်တာ ကို အနိုင်နဲ့သရေရလဒ်တွေရရှိခဲ့တာကြောင့် ဒီရှုံးပွဲက အပြစ်ပြောစရာ သိပ်မရှိဘူးလို့ တာဝန်ရှိသူတွေက ယူဆထားဖွယ် ရှိနေပါတယ်။ ဆိုးလ်ရှားကလည်း “ကျွန်တော့်အနေနဲ့ အချိန်အတိုင်းအတာတစ်ခုနဲ့ အခွင့်အရေးအပေးခံထားရတယ်လို့ မထင်ပါဘူး။ အသင်းနဲ့ ကျွန်တော့်အကြား အချိန်ပြည့် အဆက်အသွယ်ရှိနေပါတယ်”

“သူတို့က ကျွန်တော့်ရှေ့ကနေ အရိုးသားဆုံး ကာကွယ်ပေးထားပါတယ်။ ကျွန်တော် မန်ချက်စတာ ယူနိုက်တက်အတွက် အလုပ်လုပ်တယ်၊ ယူနိုက်တက် အသင်း အတွက် အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ ဒီအသင်းမှာ ရှိနေသရွေ့ ကျွန်တော် ဒီအသင်းကို တိုးတက်စေချင်ပါတယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၉ မှတ်ကွာဟသွားခဲ့ပါတယ်။ ဒါ့အပြင် လတ်တလော အမှတ်ပေးဇယားရပ်တည်မှုအရ အာဆင်နယ်ရဲ့ကျော်တက်ခြင်းကိုခံရဖို့ ရှိသလို ဒီတစ်ပတ် ပွဲစဥ်တွေအပြီးမှာ အဆင့် ၉ နေရာအထိ ရောက်သွားနိုင်ဖွယ်ရှိ နေပြီဖြစ်ပါတယ်။

Zawgyi Version

ယူနိုက္တက္ အိမ္ကြင္း အိူးထရတ္ဖိုဒ့္မွာ ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာ ဒါဘီမွာ ၂ ဂိုးျပတ္ ရႉံးနိမ့္ခဲ့ၿပီးေနာက္ ပရိတ္သတ္မ်ားက ဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ က်ယ္က်ယ္ေလာင္ေလာင္ ေတာင္းဆိုေနၾက ေပမယ့္ နည္းျပ ဆိုးလ္ရွားကေတာ့ သူ႕ရဲ႕အနာဂတ္နဲ႕ ပတ္သက္လို႔ ယုံၾကည္စိတ္ခ်ထားၿပီး ရာထူးကေန အထုတ္ခံရမယ္လို႔ မထင္တဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။

မန္ယူနိုက္တက္ဟာ လီဗာပူးကို ၅-၀ နဲ႕ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ အပါအ၀င္ ေနာက္ဆုံး လိဂ္ပြဲစဥ္ ၆ ပြဲမွာ ၄ ပြဲထိ ရႈံးထားခဲ့ၿပီ ျဖစ္ပါတယ္။ တာဝန္ရွိသူေတြဟာ လီဗာပူးကို ၅ ဂိုးျပတ္ ရႈံးနိမ့္ၿပီးေနာက္မွာ စပါး၊ အတၱလန္တာ၊ အခု မန္စီးတီးတို႔နဲ႕ပြဲေတြအတြက္ အခြင့္အေရးထပ္ေပးခဲ့ေပမယ့္ ယခုပြဲအၿပီးမွာ ေတာ့ နည္းျပဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ ပရိတ္သတ္မ်ားက ေမွ်ာ္လင့္ေနတာပါ။

သို႔ေပမယ့္ စပါးနဲ႕ အတၱလန္တာ ကို အနိုင္နဲ႕သေရရလဒ္ေတြရရွိခဲ့တာေၾကာင့္ ဒီရႈံးပြဲက အျပစ္ေျပာစရာ သိပ္မရွိဘူးလို႔ တာဝန္ရွိသူေတြက ယူဆထားဖြယ္ ရွိေနပါတယ္။ ဆိုးလ္ရွားကလည္း “ကြၽန္ေတာ့္အေနနဲ႕ အခ်ိန္အတိုင္းအတာတစ္ခုနဲ႕ အခြင့္အေရးအေပးခံထားရတယ္လို႔ မထင္ပါဘူး။ အသင္းနဲ႕ ကြၽန္ေတာ့္အၾကား အခ်ိန္ျပည့္ အဆက္အသြယ္ရွိေနပါတယ္”

“သူတို႔က ကြၽန္ေတာ့္ေရွ႕ကေန အရိုးသားဆုံး ကာကြယ္ေပးထားပါတယ္။ ကြၽန္ေတာ္ မန္ခ်က္စတာ ယူနိုက္တက္အတြက္ အလုပ္လုပ္တယ္၊ ယူနိုက္တက္ အသင္း အတြက္ အေကာင္းဆုံး ျဖစ္ေစခ်င္ပါတယ္။ ဒီအသင္းမွာ ရွိေနသေ႐ြ႕ ကြၽန္ေတာ္ ဒီအသင္းကို တိုးတက္ေစခ်င္ပါတယ္” လို႔ ေျပာၾကား သြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဒီရႈံးပြဲေၾကာင့္ အမွတ္ေပးဇယား ထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႕ ၉ မွတ္ကြာဟသြားခဲ့ပါတယ္။ ဒါ့အျပင္ လတ္တေလာ အမွတ္ေပးဇယားရပ္တည္မႈအရ အာဆင္နယ္ရဲ႕ေက်ာ္တက္ျခင္းကိုခံရဖို႔ ရွိသလို ဒီတစ္ပတ္ ပြဲစဥ္ေတြအၿပီးမွာ အဆင့္ ၉ ေနရာအထိ ေရာက္သြားနိုင္ဖြယ္ရွိ ေနၿပီျဖစ္ပါတယ္။