Unicode Version
မန်ချက်စတာဒါဘီမှာ ရှံးနိမ့်ခဲ့ရပြန်တဲ့ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာ ရက်သတ္တပတ်တွေကို ဖြတ်သန်းနေရပေမယ့် ဒါဘီပွဲစဉ်အတွင်း ကစားသမားတစ်ဦး သွေးပူလေ့ကျင့်ခန်းဆင်းနေခြင်းနဲ့ အသင်းအတွက် ဝင်ရောက်ကစားခြင်းက ပရိသတ်တွေအတွက် အတော်လေးကို စိတ်ကျေနပ်စရာတစ်ခု ဖြစ်စေခဲ့ရပါတယ်။
ဗန်ဒီဘိခ်ဟာ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားက အသင်းမှာ နေရာသိပ်မပေးပဲ ခေါက်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အရည်အသွေးရှိတဲ့ ကစားသမားဖြစ်ပေမယ့်လည်း ပေါ့ဘာ ဖရက် တော်မီနေး မာတစ်တို့လို ကွင်းလယ်ကစားသမားတွေ များပြားနေတဲ့ ယူနိုက်တက် ကွင်းလယ်မှာ နေရာရဖို့ ခက်ခဲနေသူ ဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲသာ လူစားဝင် ကစားသမား အဖြစ် ကစားထားရသေးတာဖြစ်သလို ဝက်စ်ဟမ်းအသင်းနဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲမှာပဲ တစ်ပွဲလုံးကို ပါဝင်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားဟာ ယူနိုက်တက် ကွင်းလယ်အတွက် မာတစ် ၊ ဖရက်၊ ပေါ့ဘာ တော်မီနေး တို့ကိုသာ ဦးစားပေး သုံးစွဲနေတဲ့ အတွက် ပရိတ်သတ်များက မကျေနပ် ကြပါဘူး။
သို့ပေမယ့် မနေ့က ကစားသွားခဲ့တဲ့ မန်ချက်စတာဒါဘီမှာတော့ ဗန်ဒီဘိခ်က ဒုတိယပိုင်း ပွဲချိန်အတွင်း ကွင်းဘေးစည်းမှာ အသင်းသားတွေနဲ့အတူ သွေးပူလေ့ကျင့်ခန်းဆင်းနေခြင်းကို ယူနိုက်တက်ပရိသတ်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့သလို ဗန်ဒီဘိခ်ရဲ့နာမည်ကို အော်ဟစ်ကာ တခဲနက် အားပေးခဲ့ကြတဲ့အတွက်
ပွဲချိန် ၇၉ မိနစ်မှာပဲ ဖရက်နေရာမှာ ဗန်ဒီဘိခ်ကို လူစားလဲခဲ့ရပါတယ်။ အသင်းရဲ့ရလဒ်တွေနဲ့ ပုံမှန်အောက် ရောက်ရှိနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် စိတ်ပျက်နေရတဲ့ ယူနိုက်တက်ပရိသတ်များဟာ ဗန်ဒီဘိခ်ကို မြင်တွေ့ရချိန်မှာတော့ မယုံနိုင်လောက်အောင် အော်ဟစ်ကြွေးကြော် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။
Zawgyi Version
မန္ခ်က္စတာဒါဘီမွာ ရွံးနိမ့္ခဲ့ရျပန္တဲ့ ယူနိုက္တက္အသင္းရဲ႕ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာ ရက္သတၱပတ္ေတြကို ျဖတ္သန္းေနရေပမယ့္ ဒါဘီပြဲစဥ္အတြင္း ကစားသမားတစ္ဦး ေသြးပူေလ့က်င့္ခန္းဆင္းေနျခင္းနဲ႕ အသင္းအတြက္ ဝင္ေရာက္ကစားျခင္းက ပရိသတ္ေတြအတြက္ အေတာ္ေလးကို စိတ္ေက်နပ္စရာတစ္ခု ျဖစ္ေစခဲ့ရပါတယ္။
ဗန္ဒီဘိခ္ဟာ ယူနိုက္တက္နည္းျပ အိုေလဂန္နာဆိုးလ္ရွားက အသင္းမွာ ေနရာသိပ္မေပးပဲ ေခါက္ထားတဲ့ ကစားသမားတစ္ေယာက္ျဖစ္ၿပီး အရည္အေသြးရွိတဲ့ ကစားသမားျဖစ္ေပမယ့္လည္း ေပါ့ဘာ ဖရက္ ေတာ္မီေနး မာတစ္တို႔လို ကြင္းလယ္ကစားသမားေတြ မ်ားျပားေနတဲ့ ယူနိုက္တက္ ကြင္းလယ္မွာ ေနရာရဖို႔ ခက္ခဲေနသူ ျဖစ္ပါတယ္။
ဗန္ဒီဘိခ္ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၆ ပြဲသာ လူစားဝင္ ကစားသမား အျဖစ္ ကစားထားရေသးတာျဖစ္သလို ဝက္စ္ဟမ္းအသင္းနဲ႕ ကစားခဲ့ရတဲ့ လိဂ္ဖလားပြဲမွာပဲ တစ္ပြဲလုံးကို ပါဝင္ထားခဲ့ရတာ ျဖစ္ပါတယ္။ ဆိုးလ္ရွားဟာ ယူနိုက္တက္ ကြင္းလယ္အတြက္ မာတစ္ ၊ ဖရက္၊ ေပါ့ဘာ ေတာ္မီေနး တို႔ကိုသာ ဦးစားေပး သုံးစြဲေနတဲ့ အတြက္ ပရိတ္သတ္မ်ားက မေက်နပ္ ၾကပါဘူး။
သို႔ေပမယ့္ မေန႕က ကစားသြားခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာေတာ့ ဗန္ဒီဘိခ္က ဒုတိယပိုင္း ပြဲခ်ိန္အတြင္း ကြင္းေဘးစည္းမွာ အသင္းသားေတြနဲ႕အတူ ေသြးပူေလ့က်င့္ခန္းဆင္းေနျခင္းကို ယူနိုက္တက္ပရိသတ္ေတြက ေသာင္းေသာင္းဖ်ဖ် ႀကိဳဆိုခဲ့သလို ဗန္ဒီဘိခ္ရဲ႕နာမည္ကို ေအာ္ဟစ္ကာ တခဲနက္ အားေပးခဲ့ၾကတဲ့အတြက္
ပြဲခ်ိန္ ၇၉ မိနစ္မွာပဲ ဖရက္ေနရာမွာ ဗန္ဒီဘိခ္ကို လူစားလဲခဲ့ရပါတယ္။ အသင္းရဲ႕ရလဒ္ေတြနဲ႕ ပုံမွန္ေအာက္ ေရာက္ရွိေနတဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ စိတ္ပ်က္ေနရတဲ့ ယူနိုက္တက္ပရိသတ္မ်ားဟာ ဗန္ဒီဘိခ္ကို ျမင္ေတြ႕ရခ်ိန္မွာေတာ့ မယုံနိုင္ေလာက္ေအာင္ ေအာ္ဟစ္ေႂကြးေၾကာ္ အားေပးခဲ့ၾကတယ္လို႔ သိရပါတယ္။