Unicode Version
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့ညက အိမ်ကွင်း အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ဒါဘီပွဲမှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင််းကို ၂ ဂိုး ဂိုးမရှိနဲ့ ရှူံးနိမ့်ခဲ့ ပါတယ်။ ဒီရှူံးပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အဆင့် တစ်နေရာမှ ချယ်လ်ဆီး နဲ့ ကိုးမှတ်အထိ ကွာဟနေပြီ ဖြစ်ပါတယ်။
ဒီပွဲမှာတော့ အတ္တလန္တာနဲ့ ပွဲစဥ်တုန်းက ဟီးရိုး ဖြစ်ခဲ့တဲ့ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်လီ က ပွဲချိန် ၇ မိနစ် မှာပဲ own goal သွင်းယူပြီး ပြိုင်ဖက် အသင်းကို ဦးဆောင််ခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီနောက် လုရှောရဲ့ ဆုံးဖြတ်ချက်် မပြတ်သားမှု ၊ နှေးကွေးမှုတွေက ဘာနာဒိုကို ဒုတိယဂိုး ရရှိစေခဲ့ပြီး ပထမပိုင်းမှာပဲ ၂ ဂိုးပြတ်စေခဲ့ပါတယ်။
ယူနိုက်တက် ဂိုးသမား ဒီဂီယာကြောင့်သာ ပထမပိုင်းကတည်းက လီဗာပူးနဲ့ ပွဲစဉ်တုန်းကလို ဂိုးမပြတ်ခဲ့တာ ဖြစ်ပြီး ဂိုးသမား ဒီဂီယာဟာ မန်စီးတီးအသင်းရဲ့ ကန်သွင်းချက်တွေသာ မက ယူနိုက်တက် နောက်ခံလူတွေရဲ့ မသေသပ်တဲ့ ဖျက်ထုတ်မှုတွေကနေ ထွက်လာတဲ့ ဘောလုံးများကိုလဲ ကာကွယ်ခဲ့ ရပါတယ်။
ဂိုးသမား ဒီဂီယာဟာ အသင်းရဲ့ ခံစစ်ကို အတော်လေး စိတ်ပျက်နေခဲ့ပြီး ပွဲအပြီးမှာလဲ တော်တော်လေး နာကျင်ခံစားရပါတယ် ဆိုပြီး လူမှုကွန်ရက်မှာ ဖွင့်ဟခဲ့ပါတယ်။ အသင်းဖော် ဘရူနို ဖာနန်ဒက်စ်က ယူနိုက်တက် ကစားသမားတွေ အနေနဲ့ အသင်းရဲ့ အမှားတွေကို ကာကွယ်နေရတဲ့ ဒီဂီယာကို တောင်းပန်ကြောင်း ပြောဆို လိုက်ပါတယ်။
ဘရူနို ဖာနန်ဒက်စ်က ” ကျနော်တို့အားလုံး ဒေးဗစ်ကို တောင်းပန်ချင်ပါတယ်။ ကျနော်တို့ သူ့ကို ကာကွယ်ပေးနိုင် ခဲ့ရမှာပါ။ ပွဲဆက်တိုက် ဂိုးတွေဆက်တိုက် ခွင့်ပြုနေခဲ့ရတာတောင် သူက လက်စွမ်းပြနေတုန်းပါပဲ။ ကျနော်တို့ တစ်သင်းလုံး သူ့ကို မကာကွယ် ပေးခဲ့မိဘူး။ ပရိတ်သတ်တွေကိုလဲ တောင်းပန်ပါတယ်။ မန်စီးတီးကို ယှဉ်မကစား နိုင်ခဲ့ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ မေန႕ညက အိမ္ကြင္း အိုးလ္ထရပ္ဖို႔ဒ္ ကြင္းထဲမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ခ်က္စတာ ဒါဘီပြဲမွာ ၿမိဳ႕ခံ ၿပိဳင္ဖက္ မန္စီးတီး အသင္္းကို ၂ ဂိုး ဂိုးမရွိနဲ႕ ရႉံးနိမ့္ခဲ့ ပါတယ္။ ဒီရႉံးပြဲေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အဆင့္ တစ္ေနရာမွ ခ်ယ္လ္ဆီး နဲ႕ ကိုးမွတ္အထိ ကြာဟေနၿပီ ျဖစ္ပါတယ္။
ဒီပြဲမွာေတာ့ အတၱလႏၲာနဲ႕ ပြဲစဥ္တုန္းက ဟီးရိုး ျဖစ္ခဲ့တဲ့ ယူနိုက္တက္ ေနာက္ခံလူ အဲရစ္ ဘိုင္လီ က ပြဲခ်ိန္ ၇ မိနစ္ မွာပဲ own goal သြင္းယူၿပီး ၿပိဳင္ဖက္ အသင္းကို ဦးေဆာင္္ခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ လုေရွာရဲ႕ ဆုံးျဖတ္ခ်က္္ မျပတ္သားမႈ ၊ ေႏွးေကြးမႈေတြက ဘာနာဒိုကို ဒုတိယဂိုး ရရွိေစခဲ့ၿပီး ပထမပိုင္းမွာပဲ ၂ ဂိုးျပတ္ေစခဲ့ပါတယ္။
ယူနိုက္တက္ ဂိုးသမား ဒီဂီယာေၾကာင့္သာ ပထမပိုင္းကတည္းက လီဗာပူးနဲ႕ ပြဲစဥ္တုန္းကလို ဂိုးမျပတ္ခဲ့တာ ျဖစ္ၿပီး ဂိုးသမား ဒီဂီယာဟာ မန္စီးတီးအသင္းရဲ႕ ကန္သြင္းခ်က္ေတြသာ မက ယူနိုက္တက္ ေနာက္ခံလူေတြရဲ႕ မေသသပ္တဲ့ ဖ်က္ထုတ္မႈေတြကေန ထြက္လာတဲ့ ေဘာလုံးမ်ားကိုလဲ ကာကြယ္ခဲ့ ရပါတယ္။
ဂိုးသမား ဒီဂီယာဟာ အသင္းရဲ႕ ခံစစ္ကို အေတာ္ေလး စိတ္ပ်က္ေနခဲ့ၿပီး ပြဲအၿပီးမွာလဲ ေတာ္ေတာ္ေလး နာက်င္ခံစားရပါတယ္ ဆိုၿပီး လူမႈကြန္ရက္မွာ ဖြင့္ဟခဲ့ပါတယ္။ အသင္းေဖာ္ ဘ႐ူနို ဖာနန္ဒက္စ္က ယူနိုက္တက္ ကစားသမားေတြ အေနနဲ႕ အသင္းရဲ႕ အမွားေတြကို ကာကြယ္ေနရတဲ့ ဒီဂီယာကို ေတာင္းပန္ေၾကာင္း ေျပာဆို လိုက္ပါတယ္။
ဘ႐ူနို ဖာနန္ဒက္စ္က ” က်ေနာ္တို႔အားလုံး ေဒးဗစ္ကို ေတာင္းပန္ခ်င္ပါတယ္။ က်ေနာ္တို႔ သူ႕ကို ကာကြယ္ေပးနိုင္ ခဲ့ရမွာပါ။ ပြဲဆက္တိုက္ ဂိုးေတြဆက္တိုက္ ခြင့္ျပဳေနခဲ့ရတာေတာင္ သူက လက္စြမ္းျပေနတုန္းပါပဲ။ က်ေနာ္တို႔ တစ္သင္းလုံး သူ႕ကို မကာကြယ္ ေပးခဲ့မိဘူး။ ပရိတ္သတ္ေတြကိုလဲ ေတာင္းပန္ပါတယ္။ မန္စီးတီးကို ယွဥ္မကစား နိုင္ခဲ့ပါဘူး ” လို႔ ေျပာဆိုခဲ့ပါတယ္။