Spots news

လူစားလဲစရာပင် မလိုခဲ့လို့ အရန်ကစားသမားတွေကို တောင်းပန်ခဲ့ရတဲ့ ဂွာဒီယိုလာ

Unicode Version

အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိ ခဲ့ပြီးနောက် မန်စီးတီးနည်းပြဂွာဒီယိုလာက အဆိုပါပွဲမှာ ဘာကြောင့် လူစားမလဲလှယ်ခဲ့ ရလဲဆိုတာကို ပြောပြ လိုက်ပါတယ်။

ပြိုင်ဘက် အသင်းကို လွယ်လင့်တကူနဲ့ ကစားပြီး အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂွာဒီယိုလာက ပွဲထွက်စာရင်းကို အချိန်ပြည့် အသုံးပြု သွားခဲ့တာလည်း ဖြစ်ပါတယ်။

တဖက်မှာတော့ ယူနိုက်တက်က လူစားလဲမှုတွေဆက်တိုက် ပြုလုပ်ခဲ့ပေမယ့် သိက္ခာဆယ် ချေပဂိုးလေးတောင်မရခဲ့ဘဲ အရေးနိမ့်ခဲ့ပါတယ်။ မန်စီးတီးဟာ ဒုတိယပိုင်းကို သက်တောင့်သက်သာ နဲ့ကစားသွားခဲ့ပြီး

အနိုင်သုံးမှတ်ကို အိမ်အပြန် သယ်ယူသွားခဲ့ပါတယ်။ လူစားမလဲလှယ် ခဲ့တဲ့အတွက် ဂွာဒီယိုလာက သူ့ကစားသမားတွေကို တောင်းပန်စကားလည်း ပြောဆိုခဲ့ပြီး အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“ငါစိတ်မကောင်းပါဘူး၊ ကျွန်တော် လူစားမလဲချင်ခဲ့ပါဘူး၊ ပွဲက ၂-၀ ဖြစ်နေပြီး အရာရာတိုင်းက သက်တောင့်သက်သာ ဖြစ်နေပါတယ်၊ ဒီအတွက် လူစားလဲစရာမလိုဘူးလို့ ကျွန်တော်ခံစားမိခဲ့ပါတယ်၊

ကစားသမားတွေကို ချီးကျူးပါတယ်၊ သူတို့က အသင်းကစားပုံမှာ တကယ့်အနုပညာရှင်တွေပါပဲ၊အိုးထရက်ဖို့ဒ်ကိုလာကစားရပြီး တမြို့တည်းပြိုင်ဘက်၊ အိမ်နီးချင်းတွေနဲ့ပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်”

“‘ဒါကပဲ ပွဲတစ်ပွဲမှာ ကျွန်တော်တို့ ထောင်ပေါင်းများစွာပေးပို့မှုတွေ ဘာကြောင့်လိုအပ်လဲဆိုတာပါပဲ၊ ဒီလိုပွဲမျိုးကို ကျွန်တော်တို့ လိုအပ်နေခဲ့ပါတယ်၊ ဒါကိုထိန်းသိမ်းထားရမှာပါ၊

ဒုတိယပိုင်းမှာ သူတို့ကြိုးစားခဲ့ပေမယ့် ဘာမှမလုပ်နိုင်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ခြေထဲမှာ ဘောလုံးရှိနေလို့ပါပဲ” လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ကြောင်း မန်ချက်စတာ ညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။

Zawgyi Version

အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းကို အနိုင္ရရွိ ခဲ့ၿပီးေနာက္ မန္စီးတီးနည္းျပဂြာဒီယိုလာက အဆိုပါပြဲမွာ ဘာေၾကာင့္ လူစားမလဲလွယ္ခဲ့ ရလဲဆိုတာကို ေျပာျပလိုက္ပါတယ္။

ၿပိဳင္ဘက္ အသင္းကို လြယ္လင့္တကူနဲ႕ ကစားၿပီး အနိုင္ရရွိခဲ့တဲ့ပြဲမွာ ဂြာဒီယိုလာက ပြဲထြက္စာရင္းကို အခ်ိန္ျပည့္ အသုံးျပဳ သြားခဲ့တာလည္း ျဖစ္ပါတယ္။

တဖက္မွာေတာ့ ယူနိုက္တက္က လူစားလဲမႈေတြဆက္တိုက္ ျပဳလုပ္ခဲ့ေပမယ့္ သိကၡာဆယ္ ေခ်ပဂိုးေလးေတာင္မရခဲ့ဘဲ အေရးနိမ့္ခဲ့ပါတယ္။ မန္စီးတီးဟာ ဒုတိယပိုင္းကို သက္ေတာင့္သက္သာ နဲ႕ကစားသြားခဲ့ၿပီး

အနိုင္သုံးမွတ္ကို အိမ္အျပန္ သယ္ယူသြားခဲ့ပါတယ္။ လူစားမလဲလွယ္ ခဲ့တဲ့အတြက္ ဂြာဒီယိုလာက သူ႕ကစားသမားေတြကို ေတာင္းပန္စကားလည္း ေျပာဆိုခဲ့ၿပီး အခုလိုပဲ ရွင္းျပခဲ့ပါတယ္။

“ငါစိတ္မေကာင္းပါဘူး၊ ကြၽန္ေတာ္ လူစားမလဲခ်င္ခဲ့ပါဘူး၊ ပြဲက ၂-၀ ျဖစ္ေနၿပီး အရာရာတိုင္းက သက္ေတာင့္သက္သာ ျဖစ္ေနပါတယ္၊ ဒီအတြက္ လူစားလဲစရာမလိုဘူးလို႔ ကြၽန္ေတာ္ခံစားမိခဲ့ပါတယ္၊

ကစားသမားေတြကို ခ်ီးက်ဴးပါတယ္၊ သူတို႔က အသင္းကစားပုံမွာ တကယ့္အႏုပညာရွင္ေတြပါပဲ၊အိုးထရက္ဖို႔ဒ္ကိုလာကစားရၿပီး တၿမိဳ႕တည္းၿပိဳင္ဘက္၊ အိမ္နီးခ်င္းေတြနဲ႕ပြဲမွာ ေကာင္းေကာင္းကစားနိုင္ခဲ့ပါတယ္”

“‘ဒါကပဲ ပြဲတစ္ပြဲမွာ ကြၽန္ေတာ္တို႔ ေထာင္ေပါင္းမ်ားစြာေပးပို႔မႈေတြ ဘာေၾကာင့္လိုအပ္လဲဆိုတာပါပဲ၊ ဒီလိုပြဲမ်ိဳးကို ကြၽန္ေတာ္တို႔ လိုအပ္ေနခဲ့ပါတယ္၊ ဒါကိုထိန္းသိမ္းထားရမွာပါ၊

ဒုတိယပိုင္းမွာ သူတို႔ႀကိဳးစားခဲ့ေပမယ့္ ဘာမွမလုပ္နိုင္ခဲ့ပါဘူး၊ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ေျခထဲမွာ ေဘာလုံးရွိေနလို႔ပါပဲ” လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ေၾကာင္း မန္ခ်က္စတာ ညေနခင္းသတင္းစာက ေဖာ္ျပခဲ့ပါတယ္။