Spots news

လာလီဂါသွင်းဂိုး ၅ ဂိုးအထိ ရှိလာပြီ ဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဖယ်လ်ကာအို

Unicode Version

မနေ့ကကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ရာယိုဗယ်လက်ကာနိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားထိပ်မှာ ၂ မှတ်ဖြတ်ပြီး ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ တိုနီခရူးစ် နဲ့ ဘန်ဇီမာတို့က

ရီးရဲလ်အတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဗယ်လက်ကာနိုအတွက် ဖယ်လ်ကာအိုက ချေပဂိုးသွင်းယူပေးခဲ့ကာ နောက်ဆုံး ၁၀ မိနစ်အတွင်း စိတ်ပူပူနဲ့ထိုင်ကြည့်နေခဲ့ရတယ်လို့ ရီးရဲလ်နည်းပြအန်ဆယ်လော့တီက ဝန်ခံခဲ့ပါတယ်။

ရီးရဲလ်ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ဖယ်လ်ကာအိုရဲ့ ဒီရာသီလာလီဂါသွင်းဂိုးဟာ ၅ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကိုလံဘီယာတိုက်စစ်မှူးအတွက် ကစားသမားဘ၀မှာ

တကျော့ပြန်တောက်ပမှုဖြစ်ပြီး ဒီမတိုင်ခင် ဘာစီလိုနာကိုအနိုင်ရရှိခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပြီးနောက် လာလီဂါထိပ်သီးအသင်းနှစ်သင်းစလုံးကို ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီရာသီမှာမှ ဗယ်လက်ကာနိုကို အလွတ်ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ဖယ်လ်ကာအိုက သူ့ရဲ့တန်ဖိုးအစစ်အမှန်ကို ပြသနေတာဖြစ်ပါတယ်။ ပေါ်တို၊ အက်သလက်တီကိုနဲ့ မိုနာကိုတို့မှာ

ခြေစွမ်းပြခဲ့ပြီး ယူနိုက်တက်နဲ့ ချယ်လ်ဆီး မှာ မအောင်မြင်ခဲ့တဲ့ ဖယ်လ်ကာအိုကို မူလပုံစံအမှန်နဲ့ ပြန်မြင်တွေ့နေရတာဖြစ်ပြီး သူ့ရဲ့ခြေစွမ်းက ချီးကျူးချင်စရာကောင်းနေတာတော့ အမှန်ပဲဖြစ်ပါတယ်။

ဗယ်လက်ကာနိုအတွက် အရေးပါတဲ့သွင်းဂိုးတွေကို သွင်းယူပေးနေတာဖြစ်ပါတယ်။ တစ်ရာသီတည်းမှာပဲ လာလီဂါထိပ်သီးအသင်းနှစ်သင်းကို ဂိုးသွင်းယူနိုင်ဖို့ဆိုတာ လွယ်ကူလှတာမဟုတ်ဘဲ

ဖယ်လ်ကာအိုကတော့ ဒါကိုဖြစ်အောင်လုပ်ပြနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဗယ်လက်ကာနိုအတွက် ၁၁ ပွဲကစားပေးအပြီးမှာ ၅ ဂိုးသွင်းယူပေးထားပြီး ခြေစွမ်းပြနေပြီဖြစ်ပါတယ်။

Zawgyi Version

မေန႕ကကစားခဲ့တဲ့ လာလီဂါပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္က ရာယိုဗယ္လက္ကာနိုကို ၂-၁ နဲ႕ အနိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားထိပ္မွာ ၂ မွတ္ျဖတ္ၿပီး ဦးေဆာင္လိုက္ၿပီျဖစ္ပါတယ္။ တိုနီခ႐ူးစ္ နဲ႕ ဘန္ဇီမာတို႔က

ရီးရဲလ္အတြက္ ဂိုးသြင္းယူေပးခဲ့ၿပီး ဗယ္လက္ကာနိုအတြက္ ဖယ္လ္ကာအိုက ေခ်ပဂိုးသြင္းယူေပးခဲ့ကာ ေနာက္ဆုံး ၁၀ မိနစ္အတြင္း စိတ္ပူပူနဲ႕ထိုင္ၾကည့္ေနခဲ့ရတယ္လို႔ ရီးရဲလ္နည္းျပအန္ဆယ္ေလာ့တီက ဝန္ခံခဲ့ပါတယ္။

ရီးရဲလ္ကို ဂိုးသြင္းယူနိုင္ခဲ့တဲ့ေနာက္ ဖယ္လ္ကာအိုရဲ႕ ဒီရာသီလာလီဂါသြင္းဂိုးဟာ ၅ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဒါဟာ ကိုလံဘီယာတိုက္စစ္မႉးအတြက္ ကစားသမားဘ၀မွာ

တေက်ာ့ျပန္ေတာက္ပမႈျဖစ္ၿပီး ဒီမတိုင္ခင္ ဘာစီလိုနာကိုအနိုင္ရရွိခဲ့တဲ့ ေအာက္တိုဘာလ ၂၇ ရက္ေန႕ကပြဲမွာ အနိုင္ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ လာလီဂါထိပ္သီးအသင္းႏွစ္သင္းစလုံးကို ဂိုးသြင္းနိုင္ခဲ့တာျဖစ္ပါတယ္။

ဒီရာသီမွာမွ ဗယ္လက္ကာနိုကို အလြတ္ေျပာင္းေ႐ႊ႕ခဲ့တဲ့ အသက္ ၃၅ ႏွစ္အ႐ြယ္ ဖယ္လ္ကာအိုက သူ႕ရဲ႕တန္ဖိုးအစစ္အမွန္ကို ျပသေနတာျဖစ္ပါတယ္။ ေပၚတို၊ အက္သလက္တီကိုနဲ႕ မိုနာကိုတို႔မွာ

ေျခစြမ္းျပခဲ့ၿပီး ယူနိုက္တက္နဲ႕ ခ်ယ္လ္ဆီး မွာ မေအာင္ျမင္ခဲ့တဲ့ ဖယ္လ္ကာအိုကို မူလပုံစံအမွန္နဲ႕ ျပန္ျမင္ေတြ႕ေနရတာျဖစ္ၿပီး သူ႕ရဲ႕ေျခစြမ္းက ခ်ီးက်ဴးခ်င္စရာေကာင္းေနတာေတာ့ အမွန္ပဲျဖစ္ပါတယ္။

ဗယ္လက္ကာနိုအတြက္ အေရးပါတဲ့သြင္းဂိုးေတြကို သြင္းယူေပးေနတာျဖစ္ပါတယ္။ တစ္ရာသီတည္းမွာပဲ လာလီဂါထိပ္သီးအသင္းႏွစ္သင္းကို ဂိုးသြင္းယူနိုင္ဖို႔ဆိုတာ လြယ္ကူလွတာမဟုတ္ဘဲ

ဖယ္လ္ကာအိုကေတာ့ ဒါကိုျဖစ္ေအာင္လုပ္ျပနိုင္ခဲ့ပါတယ္။ အခုဆိုရင္ ဗယ္လက္ကာနိုအတြက္ ၁၁ ပြဲကစားေပးအၿပီးမွာ ၅ ဂိုးသြင္းယူေပးထားၿပီး ေျခစြမ္းျပေနၿပီျဖစ္ပါတယ္။