Spots news

ကစားသမားဘဝ သွင်းဂိုး ၄၀၀ ပြည့်သွားခဲ့ပြီ ဖြစ်တဲ့ နေမာ

Unicode Version

ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘော်ဒိုး ၂-၃ ပီအက်စ်ဂျီ ပွဲစဉ်မှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုးပေါင်း ၄၀၀ ပြည့်သွားခဲ့ကြောင်း သိရပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို ၂၀၀၉ခုနှစ်ထဲက ဆန်းတို့စ်အသင်းနဲ့ အတူ စတင်ခဲ့ပြီး ၂၀၁၃ခုနှစ်မှာတော့ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်ကို ခြေချခဲ့ပါတယ်။

နေမာဟာ ဆန်းတို့စ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၃၄ပွဲ ပါဝင် ကစားခဲ့ရာ သွင်းဂိုး ၇၀ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ကစားသမားဘဝ အအောင်မြင်ဆုံးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းမှာတော့ ပြိုင်ပွဲစုံမှာ ၁၈၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၇၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ၅ရာသီကြာ ကစားခဲ့ရာ ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၂၆ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ပြီး သွင်းဂိုး ၈၈ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၅၅ကြိမ် အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာတော့ နေမာရဲ့ စုစုပေါင်း သွင်းဂိုးဟာ ၇၀ဂိုး အထိ ရှိပြီး ကျန်သွင်းဂိုးတွေကိုတော့ ဘရာဇီးလ်အသင်းရဲ့ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ သွင်းယူခဲ့တာပါ။

တိုက်စစ်နေရာစုံမှာ ကစားနိုင်စွမ်း ရှိသလို ဖျော်ဖြေမှု အပြည့်အဝ ပေးနိုင်တဲ့ ကစားပုံကို ပိုင်ဆိုင်ထားတဲ့ နေမာဟာ ကစားသမားဘဝမှာ ဆုဖလားပေါင်း ၂၇လုံး အထိ ရယူထားနိုင်ပြီး ကလပ်အသင်း အဆင့်မှာ ချန်ပီယံလိဂ်ဖလားလို အမြင့်ဆုံး အောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို ဘရာဇီးလ်အသင်းနဲ့ အတူလည်း အိုလံပစ် ရွှေတံဆိပ်ဆု ၊ ကွန်ဖက်ဒရေးရှင်းဖလား ၊ ယူ-၂၀ ကမ္ဘာ့ဖလားတို့ကိုလည်း ရရှိထားပါတယ်။

Zawgyi Version

ျပင္သစ္ အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီအသင္းရဲ႕ အဓိက တိုက္စစ္မႉး ေနမာဟာ ယေန႕မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ေဘာ္ဒိုး ၂-၃ ပီအက္စ္ဂ်ီ ပြဲစဥ္မွာ သြင္းဂိုး ၂ဂိုး သြင္းယူနိုင္ခဲ့ၿပီးေနာက္ ကစားသမားဘဝ သြင္းဂိုးေပါင္း ၄၀၀ ျပည့္သြားခဲ့ေၾကာင္း သိရပါတယ္။

အသက္ ၂၉ႏွစ္ အ႐ြယ္ ဘရာဇီးလ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ေနမာဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘဝကို ၂၀၀၉ခုႏွစ္ထဲက ဆန္းတို႔စ္အသင္းနဲ႕ အတူ စတင္ခဲ့ၿပီး ၂၀၁၃ခုႏွစ္မွာေတာ့ စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ကာ ဥေရာပ ေဘာလုံးဇာတ္ခုံေပၚကို ေျခခ်ခဲ့ပါတယ္။

ေနမာဟာ ဆန္းတို႔စ္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၁၃၄ပြဲ ပါဝင္ ကစားခဲ့ရာ သြင္းဂိုး ၇၀ဂိုး အထိ သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၃၅ႀကိမ္ အထိ ျပဳလုပ္နိုင္ခဲ့ကာ သူ႕ရဲ႕ ကစားသမားဘဝ အေအာင္ျမင္ဆုံးအသင္း ျဖစ္တဲ့ ဘာစီလိုနာအသင္းမွာေတာ့ ၿပိဳင္ပြဲစုံမွာ ၁၈၆ပြဲ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၁၀၅ဂိုး သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၇၆ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီအသင္းမွာ ၅ရာသီၾကာ ကစားခဲ့ရာ ၿပိဳင္ပြဲစုံမွာ စုစုေပါင္း ၁၂၆ပြဲ ပါဝင္ ကစားေပးနိုင္ခဲ့ၿပီး သြင္းဂိုး ၈၈ဂိုး သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၅၅ႀကိမ္ အထိ ဖန္တီးနိုင္ခဲ့ပါတယ္။ ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းမွာေတာ့ ေနမာရဲ႕ စုစုေပါင္း သြင္းဂိုးဟာ ၇၀ဂိုး အထိ ရွိၿပီး က်န္သြင္းဂိုးေတြကိုေတာ့ ဘရာဇီးလ္အသင္းရဲ႕ သက္တမ္းအလိုက္ လူငယ္အသင္းေတြမွာ သြင္းယူခဲ့တာပါ။

တိုက္စစ္ေနရာစုံမွာ ကစားနိုင္စြမ္း ရွိသလို ေဖ်ာ္ေျဖမႈ အျပည့္အဝ ေပးနိုင္တဲ့ ကစားပုံကို ပိုင္ဆိုင္ထားတဲ့ ေနမာဟာ ကစားသမားဘဝမွာ ဆုဖလားေပါင္း ၂၇လုံး အထိ ရယူထားနိုင္ၿပီး ကလပ္အသင္း အဆင့္မွာ ခ်န္ပီယံလိဂ္ဖလားလို အျမင့္ဆုံး ေအာင္ျမင္မႈေတြကို ရယူနိုင္ခဲ့သလို ဘရာဇီးလ္အသင္းနဲ႕ အတူလည္း အိုလံပစ္ ေ႐ႊတံဆိပ္ဆု ၊ ကြန္ဖက္ဒေရးရွင္းဖလား ၊ ယူ-၂၀ ကမာၻ႔ဖလားတို႔ကိုလည္း ရရွိထားပါတယ္။