Spots news

နိုင်ငံတကာ ရက်သတ္တပတ်အတွင်း နည်းပြသစ်ရပါက ထုတ်ပယ်ခံရမယ့် ဆိုးလ်ရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက် ၀-၂ မန်ချက်စတာ စီးတီး ပွဲစဉ်အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ ရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ ဖိအားတွေကို ရင်ဆိုင်လာရကြောင်း သိရပါတယ်။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမား အများစုဟာ ဆိုးလ်ရှားရဲ့ အရည်အသွေး အပေါ် သံသယ ဝင်နေကြကာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာ ၊ ဘရူနို ဖာနန်ဒက် စတဲ့ ကစားသမားတွေကလည်း

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ ယူဆနေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့ဝင် တချို့ကလည်း ဆိုးလ်ရှားအပေါ် စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားပြီး

နိုင်ငံတကာပွဲစဉ်တွေ ကစားမယ့် ရက်သတ္တပတ် အတွင်း နည်းပြအပြောင်းအလဲ ပြုလုပ်ခြင်းက သင့်တော်မယ်လို့ ထင်မြင်နေကြပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အတွင်းရေးကို သိထားကြတဲ့ ဂယ်ရီနဗီးလ် ၊ ရိုင်ကိန်း စတဲ့ ဂန္တဝင် ကစားသမားကြီးတွေကပါ

ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထုတ်ပယ်ခံရနိုင်ကြောင်း သုံးသပ်လာကြတာကြောင့် မကြာခင်မှာပဲ ဆိုးလ်ရှား အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ရှိနေပါပြီ။

 

Zawgyi Version




