Unicode Version
အာဆင်နယ်က ဒီနောက်ပိုင်းပွဲစဥ်တွေမှာ သူတို့အတွက် အတောင့်တင်းဆုံးလို့ ပြောရမယ့် လူစာရင်းကိုပဲ ပွဲထုတ်လာခဲ့တာပါ။ နီလန်းစ် ကွင်းလယ်မှာ ပါဝင်လာခဲ့ပြီး စမစ်ရိုဝီ၊ ဆာကာ၊ အူဘာမီးယန်း၊ လာကာဇက်တို့ ပါဝင်ခဲ့ပါတယ်။
ရာနီရေးရီရဲ့ ဝက်ဖို့ဒ်ကလည်း ဂျိုရှူအာကင်း၊ အစ္စမေလ်လာဆား၊ ဘိုနာဗန်ကျူရာ၊ ဆစ်ဆိုကို၊ ဒန်နီရို့စ်၊ ဘင်ဖော်စတာတို့နဲ့ ၄-၁-၄-၁ ပုံစံခင်းကျင်းလာခဲ့ပါတယ်။ ပွဲစပြီး သိပ်မကြာခင်မှာပဲ အာဆင်နယ်တို့ အဖွင့်ဂိုးရပေမယ့် ဆာကာ လူကျွံနေခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။
ဝက်ဖို့ဒ်ကလည်း ဂျိုရှူအာကင်းကိုတည်ပြီး တန်ပြန်တိုက်စစ်နဲ့ ခြိမ်းခြောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲကစားချိန် (၃၆) မိနစ်မှာ အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပေမယ့် အူဘာမီးယန်းကန်သွင်းရာမှာ ဖော်စတာကာကွယ်နိုင်ခဲ့တာကြောင့် အာဆင်နယ်တို့ နစ်နာခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကပဲ ပွဲကို ဆက်လက်စိုးမိုးထားခဲ့ပြီး ဝက်ဖို့ဒ်ကတော့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ (၅၅) မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ဒီဂိုးကိုတော့ စမစ်ရိုဝီက ဧရိယာအပြင်ကနေ ကန်သွင်းယူသွားခဲ့တာပါ။
အာဆင်နယ်ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်းမှာ ဝက်ဖို့ဒ်က တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားလာပေမယ့် ထိရောက်မှုမရှိခဲ့ဘဲ အာဆင်နယ်ရဲ့ တန်ပြန်တိုက်စစ်တွေကသာ ပိုမိုထိရောက်ခဲ့ပါတယ်။ လူစားဝင်လာတဲ့ အိုဒီဂတ်ရဲ့ကန်ချက်ကို အူဘာမီးယန်း ထပ်ဆင့်ပိတ်သွင်းရာမှာ လူကျွံနေခဲ့ပြန်ပါတယ်။
ပွဲပြီးခါနီးမှာ ဂျိုရှူအာကင်း ဂိုးလွတ်ကို ထောင့်ကျဥ်းအနေအထားကနေ ကန်သွင်းခွင့်ရခဲ့ပေမယ့် ဂိုးဘေးကပ်ထွက်ခဲ့တာကြောင့် အာဆင်နယ်တို့ သက်သာရာရခဲ့ပြီး ဘင်ဖော်စတာလည်း လက်စွမ်းပြခဲ့သေးတာကြောင့် စမစ်ရိုဝီရဲ့
တစ်လုံးတည်းသောဂိုးနဲ့ အာဆင်နယ်တို့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ရမှတ် (၂၀) နဲ့ အမှတ်ပေးဇယားအဆင့် (၅) နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးက ချဲလ်ဆီးနဲ့ (၆) မှတ်သာ ကွာဟတော့တာလည်း ဖြစ်ပါတယ်။
Zawgyi Version
အာဆင္နယ္က ဒီေနာက္ပိုင္းပြဲစဥ္ေတြမွာ သူတို႔အတြက္ အေတာင့္တင္းဆုံးလို႔ ေျပာရမယ့္ လူစာရင္းကိုပဲ ပြဲထုတ္လာခဲ့တာပါ။ နီလန္းစ္ ကြင္းလယ္မွာ ပါဝင္လာခဲ့ၿပီး စမစ္ရိုဝီ၊ ဆာကာ၊ အူဘာမီးယန္း၊ လာကာဇက္တို႔ ပါဝင္ခဲ့ပါတယ္။
ရာနီေရးရီရဲ႕ ဝက္ဖို႔ဒ္ကလည္း ဂ်ိဳရႉအာကင္း၊ အစၥေမလ္လာဆား၊ ဘိုနာဗန္က်ဴရာ၊ ဆစ္ဆိုကို၊ ဒန္နီရို႔စ္၊ ဘင္ေဖာ္စတာတို႔နဲ႕ ၄-၁-၄-၁ ပုံစံခင္းက်င္းလာခဲ့ပါတယ္။ ပြဲစၿပီး သိပ္မၾကာခင္မွာပဲ အာဆင္နယ္တို႔ အဖြင့္ဂိုးရေပမယ့္ ဆာကာ လူကြၽံေနခဲ့တာေၾကာင့္ နစ္နာခဲ့ရပါတယ္။
ဝက္ဖို႔ဒ္ကလည္း ဂ်ိဳရႉအာကင္းကိုတည္ၿပီး တန္ျပန္တိုက္စစ္နဲ႕ ၿခိမ္းေျခာက္ဖို႔ ႀကိဳးစားခဲ့ပါတယ္။ ပြဲကစားခ်ိန္ (၃၆) မိနစ္မွာ အာဆင္နယ္တို႔ ပင္နယ္တီရခဲ့ေပမယ့္ အူဘာမီးယန္းကန္သြင္းရာမွာ ေဖာ္စတာကာကြယ္နိုင္ခဲ့တာေၾကာင့္ အာဆင္နယ္တို႔ နစ္နာခဲ့ပါတယ္။
ဒုတိယပိုင္းမွာလည္း အာဆင္နယ္ကပဲ ပြဲကို ဆက္လက္စိုးမိုးထားခဲ့ၿပီး ဝက္ဖို႔ဒ္ကေတာ့ ခက္ခက္ခဲခဲ ႐ုန္းကန္ခဲ့ရပါတယ္။ (၅၅) မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဦးေဆာင္ဂိုးရခဲ့ၿပီး ဒီဂိုးကိုေတာ့ စမစ္ရိုဝီက ဧရိယာအျပင္ကေန ကန္သြင္းယူသြားခဲ့တာပါ။
အာဆင္နယ္ဦးေဆာင္ဂိုးရၿပီးတဲ့ေနာက္ပိုင္းမွာ ဝက္ဖို႔ဒ္က တိုက္စစ္ျပန္ဆင္ဖို႔ ႀကိဳးစားလာေပမယ့္ ထိေရာက္မႈမရွိခဲ့ဘဲ အာဆင္နယ္ရဲ႕ တန္ျပန္တိုက္စစ္ေတြကသာ ပိုမိုထိေရာက္ခဲ့ပါတယ္။ လူစားဝင္လာတဲ့ အိုဒီဂတ္ရဲ႕ကန္ခ်က္ကို အူဘာမီးယန္း ထပ္ဆင့္ပိတ္သြင္းရာမွာ လူကြၽံေနခဲ့ျပန္ပါတယ္။
ပြဲၿပီးခါနီးမွာ ဂ်ိဳရႉအာကင္း ဂိုးလြတ္ကို ေထာင့္က်ဥ္းအေနအထားကေန ကန္သြင္းခြင့္ရခဲ့ေပမယ့္ ဂိုးေဘးကပ္ထြက္ခဲ့တာေၾကာင့္ အာဆင္နယ္တို႔ သက္သာရာရခဲ့ၿပီး ဘင္ေဖာ္စတာလည္း လက္စြမ္းျပခဲ့ေသးတာေၾကာင့္ စမစ္ရိုဝီရဲ႕
တစ္လုံးတည္းေသာဂိုးနဲ႕ အာဆင္နယ္တို႔ အနိုင္ရရွိခဲ့ပါတယ္။ အာဆင္နယ္ဟာ ဒီနိုင္ပြဲေၾကာင့္ ရမွတ္ (၂၀) နဲ႕ အမွတ္ေပးဇယားအဆင့္ (၅) ေနရာမွာ ရပ္တည္ေနၿပီး ထိပ္ဆုံးက ခ်ဲလ္ဆီးနဲ႕ (၆) မွတ္သာ ကြာဟေတာ့တာလည္းျဖစ္ပါတယ္။