Spots news

အာကြီးလို ရွှေဖလားမှန်းနေတဲ့ လီဗာပူးရဲ့ အိမ်မက်တွေကို ရိုက်ချိုးလိုက်တဲ့ ဝက်စ်ဟမ်း

Unicode Version

အိမ်ရှင်ဝက်စ်ဟမ်းက ဒီပွဲမှာ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒကလန်ရိုက်စ်၊ ဆိုချက်ခ်၊ ဘိုဝင်၊ အန်တိုနီယိုတို့ကို အမာခံထားပြီး ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ လီဗာပူးကတော့ တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဂျိုတာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ချိန်ဘာလိန်ပါဝင်လာခဲ့သလို ကျန်တဲ့နေရာတွေမှာလည်း လူစုံပါဝင်ခဲ့ပါတယ်။

လီဗာပူးက တိုက်စစ်စခဲ့တယ်ဆိုပေမယ့် မထင်မှတ်ဘဲ ဝက်စ်ဟမ်းတို့ ထောင့်ကန်ဘောကတစ်ဆင့် ဂိုးရခဲ့ပြီး အယ်လစ်ဆန် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ ဒီဂိုးမှာ အယ်လစ်ဆန်ကို အော့ဘွန်နာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်၊ လက်ထိခဲ့တယ်ဆိုတာနဲ့ VAR ကြည့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အော့ဘွန်နာအနေနဲ့ သာမန် Jumping သာဖြစ်ခဲ့ပြီး အယ်လစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာမျိုးလည်း မရှိပါဘူး။

ဂိုးရပြီးတဲ့နောက် ဝက်စ်ဟမ်းက တိုက်စစ်မှူးအန်တိုနီယိုပါ ကွင်းတစ်ဝက်ဆင်းပြီး ခံစစ်ကိုကူခဲ့တာကြောင့် လီဗာပူးတို့ ကစားရတာ တော်တော်လေးကျပ်သွားပါတယ်။ ဒါပေမယ့် ပွဲကစားချိန် မိနစ် (၄၀) မှာတော့ လီဗာပူးတို့ ချေပဂိုးပြန်ရခဲ့ပြီး ဖရီးကစ်ကတစ်ဆင့် အာနိုးလ်က လှလှပပကန်သွင်းသွားခဲ့တာပါ။

ဒုတိယပိုင်းပြန်စချိန်မှာတော့ နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်ခဲ့ပြီး ဒကလန်ရိုက်စ်ရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိထွက်ခဲ့သလို မာနေးရဲ့ ကန်ချက်ကိုလည်း ဖေဘီယန်စကီးကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ တော်တော်လေးကြည့်လို့ကောင်းခဲ့ပြီး ဝက်စ်ဟမ်းကလည်း ခံစစ်မှာချည်းမထိုင်တော့ဘဲ တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားလာပါတယ်။

 

(၆၈) မိနစ်မှာတော့ ဝက်စ်ဟမ်းက နောက်ထပ်ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကတစ်ဆင့် ဘိုဝင် ဖန်တီးပေးတာကို ဖော်နယ်က ကန်သွင်းယူသွားခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ ဝက်စ်ဟမ်းတို့ အခွင့်အရေးတွေ ရခဲ့ပြီး (၇၃) မိနစ်မှာ ဘိုဝင်ရဲ့ ထောင့်ကန်ဘောကတစ်ဆင့်ပဲ ဇူးမားက ဝက်စ်ဟမ်းအတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဇူးမားအတွက်လည်း ဒီဂိုးက ဝက်စ်ဟမ်းအတွက် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။

လူစားဝင်တိုက်စစ်မှူး အိုရီဂီချေပဂိုးတစ်ဂိုးသွင်းပေးမယ့် လီဗာပူးတို့ လိုအပ်နေတဲ့ နောက်ထပ်ချေပဂိုးကိုတော့ မရလိုက်ပါဘူး။ လီဗာပူးအတွက် ဒါက ဒီရာသီ ပထမဆုံးပြိုင်ပွဲစုံ ရှုံးပွဲဖြစ်ခဲ့ပြီး ဒီရလဒ်ကြောင့်ပဲ အဆင့် (၄) နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဝက်စ်ဟမ်းကလည်း အဆင့် (၃) ကို တက်လာခဲ့ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ အမှတ်တူ၊ ဇယားထိပ်က ချဲလ်ဆီးနဲ့ (၃) မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

Zawgyi Version

အိမ္ရွင္ဝက္စ္ဟမ္းက ဒီပြဲမွာ ဇူးမား၊ ခရက္စ္ဝဲလ္၊ ဒကလန္ရိုက္စ္၊ ဆိုခ်က္ခ္၊ ဘိုဝင္၊ အန္တိုနီယိုတို႔ကို အမာခံထားၿပီး ၄-၂-၃-၁ ပုံစံနဲ႕ ပြဲထြက္လာခဲ့ပါတယ္။ လီဗာပူးကေတာ့ တိုက္စစ္မွာ မာေနး၊ ဆာလာ၊ ဂ်ိဳတာတို႔နဲ႕ ပြဲထြက္လာခဲ့ၿပီး ကြင္းလယ္မွာ ခ်ိန္ဘာလိန္ပါဝင္လာခဲ့သလို က်န္တဲ့ေနရာေတြမွာလည္း လူစုံပါဝင္ခဲ့ပါတယ္။

လီဗာပူးက တိုက္စစ္စခဲ့တယ္ဆိုေပမယ့္ မထင္မွတ္ဘဲ ဝက္စ္ဟမ္းတို႔ ေထာင့္ကန္ေဘာကတစ္ဆင့္ ဂိုးရခဲ့ၿပီး အယ္လစ္ဆန္ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာပါ။ ဒီဂိုးမွာ အယ္လစ္ဆန္ကို ေအာ့ဘြန္နာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္၊ လက္ထိခဲ့တယ္ဆိုတာနဲ႕ VAR ၾကည့္ခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ေအာ့ဘြန္နာအေနနဲ႕ သာမန္ Jumping သာျဖစ္ခဲ့ၿပီး အယ္လစ္ဆန္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာမ်ိဳးလည္း မရွိပါဘူး။

ဂိုးရၿပီးတဲ့ေနာက္ ဝက္စ္ဟမ္းက တိုက္စစ္မႉးအန္တိုနီယိုပါ ကြင္းတစ္ဝက္ဆင္းၿပီး ခံစစ္ကိုကူခဲ့တာေၾကာင့္ လီဗာပူးတို႔ ကစားရတာ ေတာ္ေတာ္ေလးက်ပ္သြားပါတယ္။ ဒါေပမယ့္ ပြဲကစားခ်ိန္ မိနစ္ (၄၀) မွာေတာ့ လီဗာပူးတို႔ ေခ်ပဂိုးျပန္ရခဲ့ၿပီး ဖရီးကစ္ကတစ္ဆင့္ အာနိုးလ္က လွလွပပကန္သြင္းသြားခဲ့တာပါ။

ဒုတိယပိုင္းျပန္စခ်ိန္မွာေတာ့ ႏွစ္သင္းလုံး အျပန္အလွန္ ထိုးေဖာက္ခဲ့ၿပီး ဒကလန္ရိုက္စ္ရဲ႕ ေခါင္းတိုက္ခ်က္ ဘားတန္းထိထြက္ခဲ့သလို မာေနးရဲ႕ ကန္ခ်က္ကိုလည္း ေဖဘီယန္စကီးကာကြယ္နိုင္ခဲ့ပါတယ္။ ဒုတိယပိုင္းကေတာ့ ေတာ္ေတာ္ေလးၾကည့္လို႔ေကာင္းခဲ့ၿပီး ဝက္စ္ဟမ္းကလည္း ခံစစ္မွာခ်ည္းမထိုင္ေတာ့ဘဲ တိုက္စစ္ျပန္ဆင္ဖို႔ ႀကိဳးစားလာပါတယ္။

(၆၈) မိနစ္မွာေတာ့ ဝက္စ္ဟမ္းက ေနာက္ထပ္ဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီး တန္ျပန္တိုက္စစ္ကတစ္ဆင့္ ဘိုဝင္ ဖန္တီးေပးတာကို ေဖာ္နယ္က ကန္သြင္းယူသြားခဲ့တာပါ။ ဆက္တိုက္ဆိုသလိုပဲ ဝက္စ္ဟမ္းတို႔ အခြင့္အေရးေတြ ရခဲ့ၿပီး (၇၃) မိနစ္မွာ ဘိုဝင္ရဲ႕ ေထာင့္ကန္ေဘာကတစ္ဆင့္ပဲ ဇူးမားက ဝက္စ္ဟမ္းအတြက္ အနိုင္ေသခ်ာေစမယ့္ ဂိုးကို သြင္းယူေပးခဲ့ပါတယ္။ ဇူးမားအတြက္လည္း ဒီဂိုးက ဝက္စ္ဟမ္းအတြက္ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့ပါတယ္။

လူစားဝင္တိုက္စစ္မႉး အိုရီဂီေခ်ပဂိုးတစ္ဂိုးသြင္းေပးမယ့္ လီဗာပူးတို႔ လိုအပ္ေနတဲ့ ေနာက္ထပ္ေခ်ပဂိုးကိုေတာ့ မရလိုက္ပါဘူး။ လီဗာပူးအတြက္ ဒါက ဒီရာသီ ပထမဆုံးၿပိဳင္ပြဲစုံ ရႈံးပြဲျဖစ္ခဲ့ၿပီး ဒီရလဒ္ေၾကာင့္ပဲ အဆင့္ (၄) ေနရာအထိ ေရာက္ရွိသြားခဲ့ရပါတယ္။ ဝက္စ္ဟမ္းကလည္း အဆင့္ (၃) ကို တက္လာခဲ့ၿပီး ဒုတိယေနရာက မန္စီးတီးနဲ႕ အမွတ္တူ၊ ဇယားထိပ္က ခ်ဲလ္ဆီးနဲ႕ (၃) မွတ္အကြာကို ေရာက္ရွိလာခဲ့ပါတယ္။