Spots news

ပြိုင်ဆိုင်မှု မပြင်းထန်တဲ့ ပြင်သစ်လိဂ်မှာ သွင်းဂိုးရရှိဖို့ ရုန်းကန်နေရတဲ့ မက်ဆီ

Unicode Version

အသင်းဖော် နေမာရှိတဲ့ ပီအက်စ်ဂျီအသင်းကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီကတော့  ပီအက်စ်ဂျီ အသင်းနဲ့ အတူ ပြင်သစ်လီဂူး ပွဲစဉ် ၅ အထိ ကစားထားပြီ ဖြစ်ပေမယ့် သွင်းဂိုး လုံးဝ မရှိသေးပဲ သူ့ရဲ့ ကစားသမားဘဝ ၁၅ နှစ် ကာလအတွင်း အဆိုးရွားဆုံး ရာသီ တစ်ခုကို ဖြတ်သန်း နေရပါတယ်။

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းနဲ့အတူ ၂၀၀၄ – ၂၀၀၅ ရာသီမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာ ဖြစ်ပြီး ၂၀၀၅ – ၂၀၀၆ ရာသီမှာ အသင်းနဲ့ ၈ ပွဲအထိ ကစားပေးခဲ့ပြ ၁ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။

၂၀၁၉ – ၂၀၂၀ ဘောလုံးရာသီ အစမှာတော့ လီယွန်နယ် မက်ဆီဟာ ဒဏ်ရာပြသနာကြောင့် ဘာစီလိုနာ အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ခဲ့တာဖြစ်လို့ သွင်းဂိုးတွေ မရရှိခဲ့တာ ဖြစ်ပေမယ့် လက်ရှိရာသီမှာ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းအတွက် လိဂ်ပွဲစဉ် ၅ ပွဲအထိ ပါဝင် ကစားပြီးတာတောင် သွင်းဂိုး တစ်ဂိုးမှ မရရှိသေးတာ ဖြစ်ပါတယ်။

မက်ဆီဟာ ချန်ပီယံလိဂ် ပွဲစဉ် သုံးပွဲအထိ ပါဝင်ကစားထားပြီး သွင်းဂိုး သုံးဂိုးအထိ သွင်းယူထား နိုင်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီ အသင်းအတွက် ပြိုင်ပွဲစုံ ၈ ပွဲအထိ ပါဝင်ကစားထားပြီး သွင်းဂိုး ၃ ဂိုး သွင်းယူထားနိုင်တာပါ။ မက်‌ဆီဟာ ချန်ပီယံ လိဂ်မှာ သွင်းဂိုးရယူထား နိုင်ပေမယ့် သူ့ရဲ့ လိဂ်အသစ် ပြင်သစ်လီဂူး မှာတော့ သွင်းဂိုးရဖို့ ရုန်းကန် နေရတာ ဖြစ်ပါတယ်။

Zawgyi Version

အသင္းေဖာ္ ေနမာရွိတဲ့ ပီအက္စ္ဂ်ီအသင္းကို အလြတ္ ေျပာင္းေ႐ြ႕ေၾကးနဲ႕ ေျပာင္းေ႐ြ႕လာခဲ့တဲ့ ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္ဆီကေတာ့  ပီအက္စ္ဂ်ီ အသင္းနဲ႕ အတူ ျပင္သစ္လီဂူး ပြဲစဥ္ ၅ အထိ ကစားထားၿပီ ျဖစ္ေပမယ့္ သြင္းဂိုး လုံးဝ မရွိေသးပဲ သူ႕ရဲ႕ ကစားသမားဘဝ ၁၅ ႏွစ္ ကာလအတြင္း အဆိုး႐ြားဆုံး ရာသီ တစ္ခုကို ျဖတ္သန္း ေနရပါတယ္။

ကမာၻ႔အေကာင္းဆုံး ေဘာလုံးသမား အျဖစ္ သတ္မွတ္ျခင္း ခံထားရတဲ့ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာ အသင္းနဲ႕အတူ ၂၀၀၄ – ၂၀၀၅ ရာသီမွာ စီနီယာ ကစားသမားဘဝကို စတင္ခဲ့တာ ျဖစ္ၿပီး ၂၀၀၅ – ၂၀၀၆ ရာသီမွာ အသင္းနဲ႕ ၈ ပြဲအထိ ကစားေပးခဲ့ျပ ၁ ဂိုး သြင္းယူ နိုင္ခဲ့ပါတယ္။

၂၀၁၉ – ၂၀၂၀ ေဘာလုံးရာသီ အစမွာေတာ့ လီယြန္နယ္ မက္ဆီဟာ ဒဏ္ရာျပသနာေၾကာင့္ ဘာစီလိုနာ အသင္းရဲ႕ ပြဲစဥ္တခ်ိဳ႕ကို လြဲေခ်ာ္ခဲ့တာျဖစ္လို႔ သြင္းဂိုးေတြ မရရွိခဲ့တာ ျဖစ္ေပမယ့္ လက္ရွိရာသီမွာ မက္ဆီဟာ ပီအက္စ္ဂ်ီ အသင္းအတြက္ လိဂ္ပြဲစဥ္ ၅ ပြဲအထိ ပါဝင္ ကစားၿပီးတာေတာင္ သြင္းဂိုး တစ္ဂိုးမွ မရရွိေသးတာ ျဖစ္ပါတယ္။

မက္ဆီဟာ ခ်န္ပီယံလိဂ္ ပြဲစဥ္ သုံးပြဲအထိ ပါဝင္ကစားထားၿပီး သြင္းဂိုး သုံးဂိုးအထိ သြင္းယူထား နိုင္ပါတယ္။ မက္ဆီဟာ ပီအက္စ္ဂ်ီ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၈ ပြဲအထိ ပါဝင္ကစားထားၿပီး သြင္းဂိုး ၃ ဂိုး သြင္းယူထားနိုင္တာပါ။ မက္‌ဆီဟာ ခ်န္ပီယံ လိဂ္မွာ သြင္းဂိုးရယူထား နိုင္ေပမယ့္ သူ႕ရဲ႕ လိဂ္အသစ္ ျပင္သစ္လီဂူး မွာေတာ့ သြင္းဂိုးရဖို႔ ႐ုန္းကန္ ေနရတာ ျဖစ္ပါတယ္။